cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဩဂုတ်လ ၁၂ ရက် မှ ဩဂုတ်လ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
တိုင်ဖွန်းမုန်တိုင်း PODUL(၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းဖြစ်နိုင်ကြောင်း JTWC မှ ထုတ်ပြန်ထားသည်)တို့ရဲ့ သက်ရောက်မှုတွေက ဩဂုတ် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက် နဲ့ ၁၇ ရက်နေ့တွေမှာ မြန်မာနိုင်ငံအနှံ့သို့ အနောက်တောင်ဘက်အရပ်နှင့် အရှေ့ဘက်အရပ်တွေက ဝင်ရောက်လာမည့် မိုးသည်းထန်တာနှင့် လေပြင်းတိုက်တာတွေ ဖြစ်လာနိုင်ပါမယ်။
  • ယခု တပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်မြောက်ပိုင်းက ထိုင်ဝမ်ကျွန်းကို ဦးတည်ရွေ့လျားနိုင်ခတ်နိုင်တဲ့ တိုင်ဖွန်းမုန်တိုင်း PODUL(၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းဖြစ်နိုင်ကြောင်း JTWC မှ ထုတ်ပြန်ထားသည်)တို့ရဲ့ သက်ရောက်မှုတွေက ဩဂုတ် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက် နဲ့ ၁၇ ရက်နေ့တွေမှာ မြန်မာနိုင်ငံအနှံ့သို့ အနောက်တောင်ဘက်အရပ်နှင့် အရှေ့ဘက်အရပ်တွေက ဝင်ရောက်လာမည့် မိုးသည်းထန်တာနှင့် လေပြင်းတိုက်တာတွေ ဖြစ်လာနိုင်ပါမယ်။ အရှေ့ဘက်အရပ်မှ မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်နိုင်မည့် အခြေအနေကို လတ်တလောကြိုတင်ခန့်မှန်းချက်များတွင် မတွေ့ရသေးပါ။ 

    MMWeather Knowledge Site တွင် တင်ပေးထားသော နေ့စဉ်မိုးလေဝသခန့်မှန်းချက်များကိုစောင့်ကြည့်စေချင်ပါတယ်။ 

    https://www.mmweather.org/divisional-cities-weather 

    ·          ပဲခူးရိုးမရဲ့ အနောက်တောင်ဘက်က မင်းလှ၊ လက်ပံတန်း၊ သာယာဝတီမြို့နယ်တွေနဲ့ ပဲခူးရိုးမအရှေ့ခြမ်း၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်မှာရှိတဲ့ ဆွာမြို့နယ်က စ ပြီး၊ စစ်တောင်းမြစ်ဝ(မုတ္တမကွေ့ရောက်သည်အထိမြို့နယ်/ခရိုင်များအားလုံး)နှင့် ပဲခူးမြစ်ဝှမ်းတလျှောက်က ဇောင်းတူ၊ ဘုရားကြီး၊ ပဲခူး၊ တာဝ၊ ကဝ၊ သက္ကလ၊ သနပ်ပင် စတဲ့ မြို့နယ်/ခရိုင်တွေ၊ ပဲခူးတိုင်းအနောက်ခြမ်းက ပန်းတောင်း၊ ရွှေတောင်၊ ပြည်၊ ဆင်တဲ့ စတဲ့ မြို့နယ်/ခရိုင်တွေမှာ ၇ ရက် ၁ ပါတ်အတွင်း မိုးရေချိန် ၅.၅ လက်မအထိ ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်းက ပုတီးကုန်း၊ ပေါင်းတည်၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို စ တဲ့ မြို့နယ်/ခရိုင်တွေမှာတော့ ၁ ပါတ်အတွင်းမိုးရေချိန် ၂ လက်မခွဲမှ ၃ လက်မခွဲအထိ ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းမှာမြစ်ရေအခြေအနေသတိပေးခြင်း(River Flood Alert)က စစ်တောင်းမြစ်တခုသာရှိပါတယ်။ စစ်တောင်းမြစ်ရဲ့ တောင်ငူမြို့အတွက် သတိပေးအဆင့် MEDIUM(အဝါရောင်အဆင့်)သည် ဩဂုတ်လ ၂၆ ရက်နေ့အထိ ဆက်ရှိနေမှာဖြစ်ကြောင်း Global Flood Awareness System)မှ ရရှိတာကို ထည့်သွင်းဖေါ်ပြပေးထားပါတယ်။ 

    ·          ယခုတပါတ်အတွင်း ပဲခူးတိုင်းရဲ့အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်အရပ်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၆ မိုင် ရှိနိုင်ပါတယ်။ 

    ·          တိုင်းတခုလုံးရဲ့ ပျမ်းမျှလေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% အတွင်းမှာ ရှိနိုင်ပြီး လေထုစိုထိုင်းဆမြင့်မားချိန် လေငြိမ်တဲ့အချိန်တွေမှာ ခံစားရတဲ့အပူချိန် Apparent Temperature က ၃၈°C အထိ ရှိနိုင်ပါတယ်။ 

    ·          ပဲခူးရိုးမတောင်ဘက်၊ ရန်ကုန်တိုင်းနဲ့ ထိစပ်တဲ့ဒေသတွေမှာ မွန်းလွဲညနေပိုင်းအချိန်များအတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI value) 45 အထိ ခေတ္တမျှရှိနိုင်တာကို ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။ တောင်ယာ မီးရှို့ခြင်းမှထွက်ပေါ်သည့် မီးခိုးများကြောင့် ဖြစ်နိုင်ပြီး အန္တရာယ်မြင့်မားသောအဆင့်မဟုတ်သည့်အတွက် စိုးရိမ်ရန်မလိုပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးကန်အရည်အသွေးစစ်ဆေးရန် အကြံပြုချက် 

    ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာလှုပ်ရှားမှု ပုံမှန်ဖြစ်ပြီး အစာစား ကောင်းမွန်ပါသည်။ ငါးများအပေါ် ဖိစီးမှုနည်းကာ ရောဂါကျရောက်မှုနည်းပါးစေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက ငါးများ အစာစားနှုန်းကျဆင်းပြီး အားအင်ချိနဲ့လာပါသည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။ ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ပြီး ကန်ရေအပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။ ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊ ပျော်ဝင်အောက်စီဂျင်သည် ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။ 

    ------------             

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12               

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.               

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437     


  • article
likes
5
comments
0
views
2849