cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပြည်နယ်နှင့်တိုင်းအလိုက် မိုးလေဝသခန့်မှန်းချက်၊ စိုက်/မွေးအကြံပြုချက်

. Weather News
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးအထက်ဘက် ရွှေညောင်နှင့် အင်းလေးကန်တောင်ဘက် မိုးဗြဲတွင် ရေကြီးခြင်းသတိပေးချက် အနီရောင်အဆင့်(HIGH)တွင် ရှိနေပြီး ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်၍ သတိပေးအဆင့် အမြင့်ဆုံးခရမ်းရောင်(EXTREME LEVEL)သို့ရောက်ရှိကာ ဩဂုတ်လ လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ EXTREME LEVEL တွင် ဆက်လက်ရှိနေနိုင်ကြောင်း တွေ့ရပါတယ်။
  • ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက် မှ သြဂုတ်လ ၁၉ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်

    ရန်ကုန်တိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၅) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၁၃ ရက်နေ့ မှ ၁၇ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်း ကျော် ရှိပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ၈၅ ရာခိုင်နှုန်း၊ ၁၉ ရက်နေ့တွင် ၇၅ ရာခိုင်နှုန်းဝန်းကျင် အသီးသီး ရှိပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။         

    မန္တလေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၂) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၁၃ ရက်နေ့တွင် မိုးရွာရန် ၉၂ ရာခိုင်နှုန်းရှိပြီး ကျန်ရက်များတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းအောက် ရှိသဖြင့် နေပြင်းနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။            

       နေပြည်တော်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂) ရာခိုင်နှုန်း မှ (၉၅) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၁၃၊ ၁၅ ရက်နေ့တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပြီး ၁၆ ရက်နေ့တွင် ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါသည်။ ၁၄၊ ၁၉ ရက်နေ့တွင် ၇၅ ရာခိုင်နှုန်းဝန်းကျင် ရှိပြီး ကျန်ရက်များတွင် ရွာနိုင်ချေနည်းပါသည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။            

       တောင်ကြီးအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၁၃၊ ၁၄၊ ၁၆ ရက်နေ့တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ၁၅၊ ၁၇ ရက်နေ့တို့တွင် ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပါတယ် ခင်ဗျာ။           

       မကွေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၇) ရာခိုင်နှုန်း အထိရှိနိုင်ပါတယ်။ သြဂုတ်လ ၁၆၊ ၁၇ ရက်နေ့တို့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းအထက်ရှိပြီး ကျန်ရက်များတွင် ၈၀ ရာခိုင်နှုန်းအောက်သာ ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။            

       ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၃) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ယခုတစ်ပတ်အတွင်း ပုသိမ်မြို့တွင် မိုးများနိုင်ပါသည်။ ပျမ်းမျှအပူချိန် အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။    

    #အင်းလေးဒေသရှိဒေသခံများ သတိပြုရှောင်ရှားနိုင်ရန် အသိပေးချက်

    Global Flood Awareness System နှင့် Global Flood Minitoring System တို့မှ ဩဂုတ် ၁၂ ရက်နေ့တွင် ရရှိသည့် အချက်အလက်ပုံအရ -

    ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးအထက်ဘက် ရွှေညောင်နှင့် အင်းလေးကန်တောင်ဘက် မိုးဗြဲတွင် ရေကြီးခြင်းသတိပေးချက် အနီရောင်အဆင့်(HIGH)တွင် ရှိနေပြီး ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်၍ သတိပေးအဆင့် အမြင့်ဆုံးခရမ်းရောင်(EXTREME LEVEL)သို့ရောက်ရှိကာ ဩဂုတ်လ လကုန်ပိုင်းမှ စက်တင်ဘာလဆန်းပိုင်းအထိ EXTREME LEVEL တွင် ဆက်လက်ရှိနေနိုင်ကြောင်း တွေ့ရပါတယ်။

    အင်းလေးဒေသရှိဒေသခံများ သတိပြုရှောင်ရှားနိုင်ရန်နှင့် ကယ်ဆယ်ရွှေ့ပြောင်းခြင်းဆောင်ရွက်နိုင်ကြရန် အသိပေးတင်ပြလိုက်ပါတယ်။

    (ဩဂုတ်လ ၁၃ ရက် - နေ့လည် ၁ နာရီ ၂၀ မိနစ်)

    ကိုးကား။ Accweather ၊ ဆရာဦးဝင်းနိုင်   

    မြေပဲစိုက်တောင်သူများထံသို့ သီးနှံကာကွယ်ရေးဆိုင်ရာအကြံပြုချက်

    • မြေပဲစိုက်တောင်သူများလက်ရှိကြုံတွေ့နေရသော သပ်ပုံအနာကွက်ရောဂါနှင့် ပင့်ကူအိမ်အနာကွက်ရောဂါနှင့်ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
    • ရောဂါနှစ်မျိုးလုံးသည် ပူနွေးစိုစွတ်သောရာသီဥတုအခြေအနေတွင် အဓိကကျရောက်ဖျက်ဆီးပါတယ်။
    • အရွက်ပေါ်တွင် ရောဂါလက္ခဏာစပြတတ်ပြီး ဆိုးရွားစွာကျရောက်ပါက အရွက်ကြွေခြင်း၊ အရွက်မှတစ်ဆင့် ရိုးတံနှင့်ပင်စည်ထိကူးစက်ပြန့်နှံ့သွားပြီး အပင်သေခြင်းကိုဖြစ်စေပါတယ်။
    • ဒါကြောင့် ကာကွယ်နှိမ်နင်းနည်းအနေနဲ့ ရောဂါကျအရွက်တွေကို တစ်ခါတည်းရှင်းလင်းဖယ်ရှားပေးပါ။
    • လက်ခံလွှဲပင်အဖြစ် ရောဂါဖြစ်စေသက်ရှိမှို ခိုအောင်းနေနိုင်တဲ့ စိုက်ခင်းပတ်ဝန်းကျင်က ပေါင်းမြက်တွေကိုရှင်းပေးပါ။
    • မှိုသတ်ဆေးအနေနဲ့ Propamocarb hydrochloride (သို့မဟုတ်) Azoxystrobin+ Difenoconazole ကိုရွေးချယ်နိုင်ပါတယ်။ 

    ငါးကန်အရည်အသွေး စစ်ဆေးရန် အကြံပြုချက်

    • ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာလှုပ်ရှားမှု ပုံမှန်ဖြစ်ပြီး အစာစား ကောင်းမွန်ပါသည်။
    • ငါးများအပေါ် ဖိစီးမှုနည်းကာ ရောဂါကျရောက်မှုနည်းပါးစေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက ငါးများ အစာစားနှုန်းကျဆင်းပြီး အားအင်ချိနဲ့လာပါသည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။
    • ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ပြီး ကန်ရေအပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။
    • ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊ ပျော်ဝင်အောက်စီဂျင်သည် ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။

    စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။  

    ----------------         

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12           

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို            

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.           

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437   


likes
7
comments
0
views
3377