cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း ဩဂုတ် ၁၃ ရက် မှ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါ၊ ထီးချိုင့်နှင့် မကွေးတိုင်းအနောက်ပိုင်း စေတုတ္တရာ မြို့နယ်/ခရိုင်များတွင် ၇ ရက် မိုးရေချိန် ၄ လက်မခန့် မှ ၅ လက်မခန့်နှင့်၊ မကွေးတိုင်း၏ ကျန်မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၁.၅ လက်မအထက် မှ ၃ လက်မအထက် အထိ ရွာသွန်းရရှိနိုင်ပြီး၊
  • ဩဂုတ်လ ၁၃ ရက် မနက်ပိုင်းမှ စတင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အမြင့်ပေ ၅၀၀၀ မှာ အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation - UACC)ဖြစ်ပေါ်လာကာ နေ့လည်ပိုင်းမှာ အားပိုကောင်းလာပြီးနောက် လေဖိအားနည်းရပ်ဝန်း(Low Pressure Area – LPA)ဖြစ်လာနိုင်ပါတယ်။ 

    တချိန်ထဲမှာ ပစိဖိတ်အနောက်မြောက်ပိုင်း အရှေ့ဖိလစ်ပိုင်ပင်လယ်မှာ ဖြစ်ပေေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း PODUL က ထိုင်ဝမ်ကျွန်းကိုဖြတ်ကျော်တိုက်ခတ်ပြီး ထိုင်ဝမ်ရေလက်ကြားမှတဆင့် တရုတ်ပြည်မအရှေ့တောင်ဘက်ကမ်းခြေကို ဆက်လက်ဖြတ်ကျော်ဝင်ရောက်ဘို့ တာစူနေချိန်ဖြစ်ပါတယ်။ 

    အရှေ့ဘက် တောင်တရုတ်ပင်လယ်အစပ်ကတိုင်ဖွန်းမုန်တိုင်းနဲ့ အနောက်ဘက် ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း၂ ခုမှာ တိုင်ဖွန်းမုန်တိုင်း PODUL ရဲ့ သက်ရောက်မှုက အနည်းငယ်မျှသာရှိနိုင်ပြီး၊ လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုက အနောက်တောင်မုတ်သုံလေကို အားပိုကောင်းလာစေမှာဖြစ်ပါတယ်။ 

    ယခု ၁ ပါတ်အတွင်း မကွေးတိုင်းရဲ့ မိုးရွာသွန်းမှုအခြေအနေက ပြီးသောရက်များထက် အနည်းငယ်ပိုလာနိုင်ပြီး၊ ဩဂုတ် ၁၃ ရက် မှ ၁၉ ရက်အထိ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန်(လက်မ)ကြိုတင်ခန့်မှန်းချက်များမှာ - 

    ·          မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါ၊ ထီးချိုင့်နှင့် မကွေးတိုင်းအနောက်ပိုင်း စေတုတ္တရာ မြို့နယ်/ခရိုင်များတွင် ၇ ရက် မိုးရေချိန် ၄ လက်မခန့် မှ ၅ လက်မခန့်နှင့်၊ 

    ·          မကွေးတိုင်း၏ ကျန်မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၁.၅ လက်မအထက် မှ ၃ လက်မအထက် အထိ ရွာသွန်းရရှိနိုင်ပြီး၊ 

    ·          ဩဂုတ် ၁၄ ရက် မှ ၁၇ ရက်အထိ ၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၅ လက်မ မှ ၁ လက်မခန့်(မိုးအသင့်အတင့်)ရွာသွန်းရရှိနိုင်ပါတယ်။ 

    ယခုတပါတ်အတွင်း တောင်ဘက်အရပ်မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ ၂၅ မိုင်ခန့်အထိရှိနိုင်(လေအနည်းငယ်ပြင်းနိုင်)ပါတယ်။ 

    မကွေးတိုင်းမှာ ၇ ရက် ၁ ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၉°C ရှိပြီး၊ မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့၊ ရေနံချောင်းမြို့၊ ချောက်မြို့နှင့် ဆိပ်ဖြူမြို့တွေမှာ လေတိုက်နှုန်းလျော့ကျချိန်အတွင်း ခံစားရတဲ့အပူချိန် ၄၁°C အထိရှိနိုင်ပါတယ်။ 

    လေထိုစိုထိုင်းဆ ၆၀% မှ ၈၀% အထိရှိနိုင်ပြီး လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value)က ၂၅ ခန့်ရှိနိုင်ပါတယ်၊ အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးရာတွင် မြေပဲရွက်ပြောက်ရောဂါမှာ မြေပဲစိုက်ပြီး ၁ လသား မှစတင်ကာ မြေပြင်အနီးရှိအရွက်များတွင် ဦးစွာကျရောက်တတ်ပြီး ရောဂါလက္ခဏာမှာ စက်ဝိုင်းပုံ အညိုရောင်အစက်အပြောက်မှစတင်ကာ နောက်ပိုင်းတွင် စုဝေးလာပြီး အရွက်များ အရွယ်မတိုင်ခင် ကြွေကျသွားတတ်ပါသည်။ လေဆောင်ရောဂါ ဖြစ်သော်လည်း မိုးရေစက်များမှတဆင့် ကူးစက် တတ်၍ အထူးသတိပြုကာကွယ်ရမည်။ 

    ကာကွယ်နှိမ်နင်း နည်းလမ်းများမှာ- 

    • အခြားသီးနှံများဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။ 
    • ခံနိုင်ရည်ရှိသောမျိုးများရွေးချယ်စိုက်ပျိုးပါ။ 
    • ဓာတုဆေးအနေဖြင့် ထိသေနှင့် ပင်လုံးပြန့်အာနိသင်ရှိသော Propiconazole, Azoxystrobin, Chlorothalonil , Hexaconazole, Cymoxanil များကို အသုံးပြုပေးပါ။ 

    ငါးသားပေါက်များကို ပတ်ဝန်းကျင်နှင့်ကျင့်သားရအောင် ပြုစုခြင်း  

    ငါးသန်များကိုမရောင်းမှီ ၂ရက် ၃ရက်အကြာတွင် ၂ကြိမ်မှ ၃ကြိမ်အထိ အောက်ပါအတိုင်း ပြုလုပ်ပေးခြင်းဖြင့် ပတ်ဝန်းကျင်နှင့်နေသားကျခြင်း (သို့မဟုတ်)ကျင့်သားရပါမည်။ နေ့စဉ်ငါးသားပေါက်များကို ပိုက်ဆွဲပြီး ငါးများစုမိသောအခါ မိနစ် ၂၀-၃၀ ခန့် ရေဖျန်းပြီး ပြန်လွှတ်ပေးရမည်။ ၄င်းအတိုင်း နေ့စဉ် တကြိမ်စီနှင့် ၂ရက် ၃ရက်လုပ်ပေးရပါမည်။ ပဲဖတ်နှမ်းဖတ်ကျွေးရာတွင် တဧကလျှင် ၁၂ပိဿာခန့် ကျွေးရပါမည်။ ငါးသန်များ ရောင်ချလိုပါက မရောင်းချမှီ (၂၄)နာရီကြိုတင်ပြီး အစာဖြတ်ထားရပါမည်။   

              ငါးသားပေါက်ရောင်းချမည်ဆိုပါက၊ ငါးသားပေါက်များ ရွှံ့မပေစေရန် ငါးဖမ်းပိုက်သည် ပါးလွှာသော သီးသန့်ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးရပါမည်။ ဖမ်းဆီးပြီးနောက် ကန်ထဲတွင် သီးသန့်ထားသော ပိုက်ကာထား သည့် နေရာတွင် (၄-၅)နာရီကြာ အသားကျစေရန်ထားရှိရပါမည်။ ထိုအချိန်တွင် ငါးများမစင်စွန့်ခြင်းကြောင့် ငါးများ၏ အစာအိမ်တွင် အစာမရှိနိုင်ပါ၊ အဆိုပါအခြေအနေတွင် ငါးများသယ်ယူရာတွင် အခက်အခဲမရှိ နိုင်ကြောင်းတွေ့ရှိရပါသည်။   

               ငါးသားပေါက်များ ခရီးဝေးသယ်ယူရမည်ဆိုပါက ငါးမဖမ်းမှီ ပထမနေ့တွင် ကန်အတွင်းသို့ တဧက လျှင် ထုံး(၁၀)ပိဿာ ထည့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။   

    -------------             

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12               

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.               

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437     


  • article
likes
3
comments
0
views
4012