မကွေးတိုင်း ဩဂုတ် ၁၃ ရက် မှ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ
- ဩဂုတ်လ ၁၃ ရက် မနက်ပိုင်းမှ စတင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အမြင့်ပေ ၅၀၀၀ မှာ အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation - UACC)ဖြစ်ပေါ်လာကာ နေ့လည်ပိုင်းမှာ အားပိုကောင်းလာပြီးနောက် လေဖိအားနည်းရပ်ဝန်း(Low Pressure Area – LPA)ဖြစ်လာနိုင်ပါတယ်။ - တချိန်ထဲမှာ ပစိဖိတ်အနောက်မြောက်ပိုင်း အရှေ့ဖိလစ်ပိုင်ပင်လယ်မှာ ဖြစ်ပေေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း PODUL က ထိုင်ဝမ်ကျွန်းကိုဖြတ်ကျော်တိုက်ခတ်ပြီး ထိုင်ဝမ်ရေလက်ကြားမှတဆင့် တရုတ်ပြည်မအရှေ့တောင်ဘက်ကမ်းခြေကို ဆက်လက်ဖြတ်ကျော်ဝင်ရောက်ဘို့ တာစူနေချိန်ဖြစ်ပါတယ်။ - အရှေ့ဘက် တောင်တရုတ်ပင်လယ်အစပ်ကတိုင်ဖွန်းမုန်တိုင်းနဲ့ အနောက်ဘက် ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း၂ ခုမှာ တိုင်ဖွန်းမုန်တိုင်း PODUL ရဲ့ သက်ရောက်မှုက အနည်းငယ်မျှသာရှိနိုင်ပြီး၊ လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုက အနောက်တောင်မုတ်သုံလေကို အားပိုကောင်းလာစေမှာဖြစ်ပါတယ်။ - ယခု ၁ ပါတ်အတွင်း မကွေးတိုင်းရဲ့ မိုးရွာသွန်းမှုအခြေအနေက ပြီးသောရက်များထက် အနည်းငယ်ပိုလာနိုင်ပြီး၊ ဩဂုတ် ၁၃ ရက် မှ ၁၉ ရက်အထိ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန်(လက်မ)ကြိုတင်ခန့်မှန်းချက်များမှာ - - · မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါ၊ ထီးချိုင့်နှင့် မကွေးတိုင်းအနောက်ပိုင်း စေတုတ္တရာ မြို့နယ်/ခရိုင်များတွင် ၇ ရက် မိုးရေချိန် ၄ လက်မခန့် မှ ၅ လက်မခန့်နှင့်၊ - · မကွေးတိုင်း၏ ကျန်မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၁.၅ လက်မအထက် မှ ၃ လက်မအထက် အထိ ရွာသွန်းရရှိနိုင်ပြီး၊ - · ဩဂုတ် ၁၄ ရက် မှ ၁၇ ရက်အထိ ၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၅ လက်မ မှ ၁ လက်မခန့်(မိုးအသင့်အတင့်)ရွာသွန်းရရှိနိုင်ပါတယ်။ - ယခုတပါတ်အတွင်း တောင်ဘက်အရပ်မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ ၂၅ မိုင်ခန့်အထိရှိနိုင်(လေအနည်းငယ်ပြင်းနိုင်)ပါတယ်။ - မကွေးတိုင်းမှာ ၇ ရက် ၁ ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၉°C ရှိပြီး၊ မကွေးမြို့၊ မင်းဘူးမြို့၊ စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့၊ ရေနံချောင်းမြို့၊ ချောက်မြို့နှင့် ဆိပ်ဖြူမြို့တွေမှာ လေတိုက်နှုန်းလျော့ကျချိန်အတွင်း ခံစားရတဲ့အပူချိန် ၄၁°C အထိရှိနိုင်ပါတယ်။ - လေထိုစိုထိုင်းဆ ၆၀% မှ ၈၀% အထိရှိနိုင်ပြီး လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value)က ၂၅ ခန့်ရှိနိုင်ပါတယ်၊ အန္တရာယ်မရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးသားပေါက်များကို ပတ်ဝန်းကျင်နှင့်ကျင့်သားရအောင် ပြုစုခြင်း - ငါးသန်များကိုမရောင်းမှီ ၂ရက် ၃ရက်အကြာတွင် ၂ကြိမ်မှ ၃ကြိမ်အထိ အောက်ပါအတိုင်း ပြုလုပ်ပေးခြင်းဖြင့် ပတ်ဝန်းကျင်နှင့်နေသားကျခြင်း (သို့မဟုတ်)ကျင့်သားရပါမည်။ နေ့စဉ်ငါးသားပေါက်များကို ပိုက်ဆွဲပြီး ငါးများစုမိသောအခါ မိနစ် ၂၀-၃၀ ခန့် ရေဖျန်းပြီး ပြန်လွှတ်ပေးရမည်။ ၄င်းအတိုင်း နေ့စဉ် တကြိမ်စီနှင့် ၂ရက် ၃ရက်လုပ်ပေးရပါမည်။ ပဲဖတ်နှမ်းဖတ်ကျွေးရာတွင် တဧကလျှင် ၁၂ပိဿာခန့် ကျွေးရပါမည်။ ငါးသန်များ ရောင်ချလိုပါက မရောင်းချမှီ (၂၄)နာရီကြိုတင်ပြီး အစာဖြတ်ထားရပါမည်။ - ငါးသားပေါက်ရောင်းချမည်ဆိုပါက၊ ငါးသားပေါက်များ ရွှံ့မပေစေရန် ငါးဖမ်းပိုက်သည် ပါးလွှာသော သီးသန့်ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးရပါမည်။ ဖမ်းဆီးပြီးနောက် ကန်ထဲတွင် သီးသန့်ထားသော ပိုက်ကာထား သည့် နေရာတွင် (၄-၅)နာရီကြာ အသားကျစေရန်ထားရှိရပါမည်။ ထိုအချိန်တွင် ငါးများမစင်စွန့်ခြင်းကြောင့် ငါးများ၏ အစာအိမ်တွင် အစာမရှိနိုင်ပါ၊ အဆိုပါအခြေအနေတွင် ငါးများသယ်ယူရာတွင် အခက်အခဲမရှိ နိုင်ကြောင်းတွေ့ရှိရပါသည်။ - ငါးသားပေါက်များ ခရီးဝေးသယ်ယူရမည်ဆိုပါက ငါးမဖမ်းမှီ ပထမနေ့တွင် ကန်အတွင်းသို့ တဧက လျှင် ထုံး(၁၀)ပိဿာ ထည့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
