cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ဩဂုတ်လ ၁၄ ရက် မှ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းလာနိုင်ပြီ ကမ်းရိုးတန်းဒေသများမှာ မိုးပိုလာနိုင်ပါမယ်။
  • ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားပိုကောင်းလာပြီး Well-Marked လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်သော်လည်း၊ ကုန်းတဝက်ရေတဝက်အနေအထားဖြင့် အန်ဒရာပရာဒက်ရှ်နှင့် ဩရိဿပြည်နယ်ကမ်းရိုးတန်းအနီးတွင် ဆက်လက်တည်ရှိနေနိုင်ပါတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းလာနိုင်ပြီ ကမ်းရိုးတန်းဒေသများမှာ မိုးပိုလာနိုင်ပါမယ်။ 

    ၇ ရက်အတွင်း ရရှိနိုင်သည့်မိုးရေချိန်ပမာဏ 

    ·          ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မ မှ ၉ လက်မ နီးပါးအထိ ရွာသွန်းရရှိနိုင်ပြီး၊ 

    ·          ဟင်္သာတမှ ဝါးခယ်မ၊ ညောင်တုန်းနှင့် ပုသိမ်တို့ကြားရှိ ဧရာဝတီတိုင်းအလယ်ပိုင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၄လက်မအထက်ရွာသွန်းနိုင်သည်၊ 

    ·          ကျုံမငေး၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ဖျာပုံဒေးဒရဲနှင့် ဧရာဝတီတိုင်အထက်ပိုင်းအင်္ဂပူ၊ မြန်အောင်၊ ကြံခင်းဒေသများတွင် ၇ ရက် မိုးရေချိန် ၃ လက်မ မှ ၄ လက်မကျော်ရွာသွန်းရရှိနိုင်သည်။ 

    ·          ဧရာဝတီတိုင်းအတွင်း ပျမ်းမျှခြင်းအားဖြင့် ၂၄ နာရီအတွင်း မိုးရေချိန် ၀.၈ လက်မ မှ ၁.၂ လက်မအတွင်း နေ့စဉ်ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်ပါမယ်။ 

    ·          ၂၀ ရက်နေ့နောက်ပိုင်းမှာ ကမ်းရိုးတန်းအနီးဒေသတွေမှာ နေ့စဉ်မိုးပိုများလာနိုင်၊ ၂၄ နာရီအတွင်းမိုးရေချိန်ခန့်မှန်း ၂.၅ လက်မအထက်အထိမိုးရွာသွန်းနိုင်/မိုးသည်းထန်နေနိုင်ပါမယ်။ 

     လေတိုက်နှုန်းနှင့် ပင်လယ်ပြင်အခြေအနေ 

    ·          ဧရာဝတီတိုင်းကုန်းတွင်းဒေသတွေမှာ တောင်ဘက်၊ အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့မှ လေတိုက်နှုန်း တနာရီ၁၀ မိုင်နှုန်းမှ ၂၅ မိုင်နှုန်းအထိ တိုက်နိုင်ပြီး 

    ·          ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂.၆ ပေမှ ၃.၃ ပေအထိရှိနိုင်ပါတယ်။ 

    ·          ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့် ၄ ပေ မှ ၆ ပေခန့်ရှိပြီး အနောက်ဘက်ကမ်းရိုးတန်းအနီးတွင် လှိုင်းပိုမြင့်နိုင်ပြီး ပင်လယ်ပြင်လေတိုက်နှုန်း တနာရီ မိုင် ၃၀ ခန့်အထိ ရှိနိုင်ပါမယ်။   

    အပူချိန်၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခုရက်သတ္တပါတ် ၁ ပါတ်မှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% အထိရှိနိုင်ပြီး လေထုစိုထိုင်းဆသည် မိုးရွာသွန်းသည့်အခြေအနေပေါ်မူတည်၍ ပြောင်းလဲ နေနိုင်ပါမယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်း - AQI Value ၂၀ မှ ၃၀ ဝန်းကျင်သာရှိနိုင်ပြီး အန္တရာယ်မရှိသောအခြေအနေဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့ 

    ဖြုတ်ပိုးကာကွယ်နှိမ်နင်းနည်းအကြံပြုချက် ... 

    • လက်ရှိ စပါးခင်းများ”ဖြုတ်”ကျနေသည်ကိုတွေ့ရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • ဖြုတ်က အပူချိန် ၃၄-၃၆ ဒီဂရီ၊ ပူအိုက်စိုစွတ်တဲ့အခြေအနေ၊ စိုက်ခင်းထဲစိုထိုင်းဆ( ၉၀-၁၀၀% ) ၊ စပါးခင်းထဲရေအမြဲရှိတဲ့အခြေအနေနဲ့ ယူရီးယားပုလဲမြေဩဇာ အလွန်အကျွံထည့်ထားတဲ့ စိုက်ခင်းအခြေအနေတွေမှာ အဓိကကျရောက်ပါတယ်။ 
    • စိုစွတ်မှုများတဲ့အခြေအနေကိုကြိုက်နှစ်သက်တာကြောင့် ဖြုတ်ကျပြီဆိုတာနဲ့ ရေထုတ်ပေးဖို့လိုပါတယ်။ 
    • ပုလဲနိုက်ထရိုဂျင်မြေဩဇာ (N) ကိုအလွန်အကျွံမထည့်ပါနဲ့။ 
    • ပိုတက်ရှ်(K)မြေဩဇာကို အဓိကထည့်ပေးပါ။ 
    • လေကြောင်းခွဲပေးပါ။ 
    • ဓာတုဆေးအနေနဲ့ Buprofezin+Acetamiprid, Pymetrozine+ Nintepyram, Fenobucarb+ Cyantraniliprole, Pymetrozine+ Dinotefuran အဆင်ပြေရာကို ရေထုတ်ပြီးမှဖျန်းပေးပါ။  

    ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် 

    မိုးရွာသွန်းမှုများသော ကာလဖြစ်သောကြောင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန် အကြံပြုအပ်ပါသည်။ ငါးမွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ‌ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားသင့်ပါသည်။ ကန်ဘောင်ပေါ်မှ ‌ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ‌ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကို ကြိုတင်ကာကွယ်နိုင်ပါသည်။  

    ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် (သို့မဟုတ်) အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ 

    -----------              

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12                

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.                

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437      


  • article
likes
10
comments
1
views
3669