ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီစျေးကွက် သုံးသပ်ချက်
ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၇၂၈/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၅၇၃/-ကျပ်၊ ဆိပ်ဖြူလတ်သန့် စျေးနှုန်းမှာ တစ်ပိဿာလျှင် ၁၃၀၀/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၈၄၈/-ကျပ်အထိ အသီးသီးဈေးပေါက်နေပါတယ်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ပထမပတ်နှင့် ဒုတိယပတ် နှိုင်းယှဉ်ခြင်း
၂၀၂၅ ခုနှစ်၊ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းကို ပထမပတ်နှင့် ဒုတိယပတ် အတွင်းနှိုင်းယှဉ်လေ့လာသော် စျေးအနည်းငယ် တက်ရိပ်ပြလာတာကို တွေ့ရပါတယ်။ ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၂၈/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၇၃/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၈/-ကျပ် နီးပါး တက်လာတာကို တွေ့ရပါတယ်။
၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း
၂၀၂၅ ခုနှစ် သြဂုတ်လ ဒုတိယပတ် အထိ ဆိပ်ဖြူရှယ်(သစ်) ၏ တစ်ပိဿာ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဇန်နဝါရီလတွင် ၂၈၇၂/-ကျပ်၊ ဖေဖော်ဝါရီတွင် ၂၈၀၅/-ကျပ်၊ မတ်လတွင် ၂၀၃၆/- ကျပ်၊ ဧပြီလတွင် ၁၈၀၀/ကျပ်၊ မေလတွင် ၁၆၈၁/-ကျပ်၊ ဇွန်လတွင် ၁၅၉၀/-ကျပ်၊ ဇူလိုင်လတွင် ၁၆၀၀/-ကျပ်နှင့် သြဂုတ်လ ဒုတိယပတ်တွင် ၁၇၂၈/-ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။
ဆိပ်ဖြူလတ်ကြီး၏ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဇန်နဝါရီလတွင် ၂၉၀၆/- ကျပ်၊ ဖေဖော်ဝါရီလ တွင် ၂၇၈၈/- ကျပ်၊ မတ်လတွင် ၂၀၆၆/-ကျပ်၊ ဧပြီလတွင် ၁၇၃၄/ကျပ်၊ မေလတွင် ၁၅၈၁/ကျပ်၊ ဇွန်လတွင် ၁၄၈၆/-ကျပ်၊ ဇူလိုင်လတွင် ၁၅၀၀/-ကျပ်နှင့် သြဂုတ်လ ဒုတိယပတ်တွင် ၁၅၇၃/-ကျပ် ဖြင့် သီးသီးဈေး စျေးပေါက်နေပါတယ်။
ဆိပ်ဖြူလတ်သန့် ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၆၇၂/- ကျပ်၊ ဖေဖော်ဝါရီလတွင် တစ်ပိဿာလျှင် ၂၇၀၂/- ကျပ်၊ မတ်လတွင် ၁၉၉၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၆၂၀/ကျပ်၊ မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၄၇၄/ကျပ်၊ ဇွန်လတွင် ၁၃၉၀/-ကျပ်၊ ဇူလိုင်လတွင် ၁၄၀၀/-ကျပ်နှင့် သြဂုတ်လ ဒုတိယပတ်တွင် ၁၃၀၀/-ကျပ် ဖြင့် သီးသီးဈေး စျေးပေါက်နေပါတယ်။
ဆိပ်ဖြူလတ်ချော ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလတွင် တစ်ပိဿာ လျှင် ၂၈၂၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၁၂/- ကျပ်၊ မတ်လတွင် ၁၄၃၉/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၁၃၄/ကျပ်၊ မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၉၇၄/ကျပ်၊ ဇွန်လတွင် ၉၁၉/-ကျပ်၊ ဇူလိုင်လတွင် ၈၁၃/-ကျပ်နှင့် သြဂုတ်လ ဒုတိယပတ်တွင် ၈၄၈/-ကျပ် ဖြင့် သီးသီးဈေး စျေးပေါက်နေပါတယ်။
ဈေးကွက် သုံးသပ် ခန့်မှန်းချက်
စားဖိုဆောင်သီးနှံ ကြက်သွန်နီ၏ တစ်ပိဿာစျေးနှုန်းများကို သုံးသပ်ကြည့်ပါက နှစ်အစကနေ စျေးက တဖြေးဖြေး ကျလာတာတွေ့ရပေမယ့် ယခု သြဂုတ်လ ဒုတိယပတ်အတွင်း စျေးအနည်းငယ် တက်ရိပ်ပြလာတာ တွေ့ရပါတယ်။ သို့ပေမယ့် ဆိပ်ဖြူလတ်သန့်ကတော့ စျေးငြိမ်နေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထွက် ကြက်သွန်များကို နယ်စပ်ကုန်သွယ်ရေး နှင့် ရေကြောင်းကုန်သွယ်ရေးတို့မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။ တောင်သူတွေသာ ကြက်သွန်ကိုထိန်းပြီး ရောင်းနိုင်ပါက ယခုစျေးတန်းအောက်ထပ်မကျနိုင်ကြောင်း ကုန်သည်တချို့ကလည်း သုံးသပ်ထားပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ထွက်တိုး
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price