cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဩဂုတ် ၁၅ ရက် မှ ၂၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မန္တလေးတိုင်းတောင်ပိုင်းနှင့် အရှေ့ပိုင်းတောင်ကြောများပေါ်နှင့် တောင်များနှင့်နီးကပ်သည့်ဒေသများ ၇ ရက် မိုးရေချိန် ၃ လက်မခန့်ရွာသွန်းနိုင်ပြီး၊
  • ပင်လယ်ပြင်တွင်ဖြစ်ပေါ်လာနိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေများ 

    ဗီယက်နမ်နိုင်ငံအရှေ့တောင်ဘက် တောင်တရုတ်ပင်လယ်အတွင်း ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းမှစတင်၍ လေဖိအားနည်းရပ်ဝန်း ၁ ခုဖြစ်ပေါ်နိုင်ပြီးနောက်၊ မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်ပြီး၊ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှ အပူပိုင်းမုန်တိုင်းအဆင့်အထိရောက်ရှိလာနိုင်ပါတယ်။ 

    ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းအနီးမှ လေဖိအားနည်းရပ်ဝန်းသည် ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်သည်။ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းများသည် ဩဂုတ် ၁၉ ရက်နောက်ပိုင်းတွင် ပင်လယ်ပြင်မှကုန်းတွင်းသို့ ဝင်ရောက်အားပျော့သွားနိုင်ကြောင်း ကြိုတင်ခန့်မှန်းရေး MODEL များက ခန့်မှန်းထားပါတယ်။ 

    ဤအခြေအနေကြောင့် ဩဂုတ်လ ၁၅ ရက် မှ ၂၀ ရက်အထိ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအရှေ့ဘက်ခြမ်းမှ တောင်ကြောနှင့်နီးစပ်သောဒေသများတွင် ၄၈ နာရီအတွင်း မိုးရေချိန် ၂ လက်မ မှ ၃လက်မခန့်အထိ မိုးအသင့်အတင့်ရွာသွန်းနိုင်ပါမယ်။ 

    ၇ ရက်အတွင်း ရရှိနိုင်သည့် မိုးရေချိန်အခြေအနေ 

    ·          မန္တလေးတိုင်းတောင်ပိုင်းနှင့် အရှေ့ပိုင်းတောင်ကြောများပေါ်နှင့် တောင်များနှင့်နီးကပ်သည့်ဒေသများ ၇ ရက် မိုးရေချိန် ၃ လက်မခန့်ရွာသွန်းနိုင်ပြီး၊ 

    ·          မန္တလေးတိုင်းအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မ မှ ၂ လက်မခန့် ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·          နေ့စဉ် ၂၄ နာရီအတွင်းရရှိနိုင်သည့် ပျမ်းမျှမိုးရေချိန် ၀.၅ လက်မခန့်ရှိနိုင်ပြီး၊ 

    ·          ပြင်ဦးလွင်မြို့တွင် ဩဂုတ် ၁၇ ရက်နေ့၌ ၂၄ နာရီ မိုးရေချိန် ၁.၇ လက်မခန့် ရွာသွန်းရရရှိနိုင်ပါမယ်။ 

    ·          မန္တလေးတိုင်းတောင်ပိုင်း နေပြည်တော်ကောင်စီနယ်မြေတွင် ဩဂုတ်လ ၁၅ ရက်၌ ၂၄ နာရီအတွင်း မိုးရေချိန် ၀.၈ လက်မခန့် ရွာသွန်းရရှိနိုင်ပါမယ်။ 

    အပူချိန်၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    မန္တလေးတိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံး ညအပူချိန် ၂၅°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိ ရှိနိုင်ပါမယ်။ ဩဂုတ်လ ၁၅ ရက် မှ ၁၈ ရက်နေ့အထိ မန္တလေးတိုင်းဒေသအတော်များများမှာတိမ်ဖုံးအပ်မှု ၉၀% အထက်တွင် ရှိနေနိုင်ပြီး၊ ဩဂုတ်လ ၁၉ ရက်နောက်ပိုင်းရက်များမှာ တိမ်ဖုံးအုပ်မှု ၃၀% မှ ၆၀% ခန့်ရှိနိုင်ပြီး ဒေသအချို့မှာ နေပွင့်လာနိုင်ပါတယ်။ မန္တလေးတိုင်းအတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value 40 မှ 50 အများဆုံးရှိနိုင်တာကြောင့် အန္တရာယ်များသည့်အခြေအနေမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းသီးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းသီးစိုက်ပျိုးရာတွင် သီးလုံးဖောက်ပိုးကိုသတိထားကာကွယ်ပေးပါ။ ပိုးလောက်ကောင် တစ်ကောင်မှာ အသီး ၄ လုံးလောက်ထိ ဖောက်စားနိုင်သည့်အတွက် အထွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ 

    • သီးလုံးဖောက်ပိုးဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။ 
    • အခြားသော သီးနှံများနှင့် သီးလှည့် စိုက်ပျိုးပါ။ 
    • ပြောင်း ၊ ပဲလွန်း ၊ နံနံ စသော မျိုးရင်းမတူသီးနှံများနှင့် သီးညှပ်စိုက်ပျိုးပါ။ 
    • ပိုးစတင်ကျရောက်လာပါက ပရိုဖီနိုဖော့ ၊ ကာဗို ဆာဖန်၊အီမာမတင် ဘန်ဇိုအိတ် ၊ လမ်ဘဒါဆိုင်ဟေလိုသရင် အစရှိတဲ့ အဆိပ်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ၁၅ ရက်ခြား တစ်ခါ ဖျန်းပေးပါ။ 
    • ပန်း ၅၀ % ပွင့်ချိန်မှစ၍ ဆိုင်ပါမီသရင်း ပိုးသတ်ဆေးကို ကြိုတင်ကာကွယ်ရန်ပက်ဖျန်းပေးပါ။ 

    ငါး၊ ပုစွန်ကန်များ ရေကြည်နှုန်းတာတိုင်းခြင်း အကြံပြုချက် 

     မွေးကန်များ ရေကြည်နှုန်းတိုင်းတာရာတွင် secchi disk ကိရိယာကို ကန်အတွင်းသို့ ချလိုက်ပါ။ စက်ဝန်းပြားရှိ အဖြူ နှင့်အမဲရောင် ကို ရေးရေးလေးမြင်ရချိန်တွင် ၊ မိမိကိုင်ထားသော သစ်သားပြားမှ ကန်ရေမျက်နှာပြင်ထိနေသော နေရာအမှတ်အသားကိုကြည့်လိုက်ပါ။  

    အဆိုပါအမှတ်အသားသည် မိမိကန်၏ ရေ ကြည်နှုန်း အမှတ်ဖြစ်ပါသည်။  

    ရေကြည်နှုန်း ၁၀ လက်မ ထက်နည်းနေလျှင် အစာကျွေးခြင်းကို ရပ်တန့်ရမည်။  

    ပုံမှန်အစာကျွေးခြင်းကို (၁၀ - ၁၄ လက်မ) ရေကြည်နှုန်းဖြစ်လျှင် ပြုလုပ်နိုင်သည်။  

    ရေကြည်နှုန်း ၂၃လက်မ အထက်ဖြင့်တက်နေပါက အစာကျွေးနှုန်းကို နဂိုထက်ပို၍မြှင့်တင်ပေးရမည်။  

    စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------     

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12     

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.     

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
4
comments
0
views
4578