cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

လေထဲရှိနိုက်ထရိုဂျင်ကိုဖမ်းယူပေးနိုင်သော ပဲမြစ်ဖုဇီဝမြေသြဇာအကြောင်းသိကောင်းစရာ

. Plant Nutrition
ပဲမြစ်ဖုမြေသြဇာတွင် ပါဝင်သောရိုင်ဇိုဘီယမ်ဘက်တီးရီးယားသည် လေထဲတွင်ရှိသော နိုက်ထရိုဂျင်ကိုဖမ်းယူ၍ မြေကြီးအတွက်လိုအပ်သောနိုက်ထရိုဂျင်ဓါတ်ကို ထောက်ပံ့ပေးနိုင်ပါသည်။
  • ပဲပင်စိုက်ပျိုးအပြီးတွင် စိုက်ပျိုးမည့်သီးနှံအတွက် နိုက်ထရိုဂျင်လိုအပ်မှုတစ်စိတ်တစ်ဒေသကို ဖြည့်ဆည်းပေးပါသည် (ဥပမာ - ပဲသီးနှံ နှင့် စပါးကိုသီးလှည့်စိုက်ခြင်း)။

    ပဲပင်အမျိုးအစားကိုလိုက်၍ ဖမ်းယူပေးနိုင်သော နိုက်ထရိုဂျင်ပမာဏများမှာ -

    ၁။ မြေပဲ (၆၅ - ၁၁၂) ပေါင်

    ၂။ ကုလားပဲ (၉၃) ပေါင်

    ၃။ ပဲစင်းငုံ (၁၅၂ - ၂၅၄) ပေါင်

    ၄။ မတ်ပဲ (၅၇ - ၃၁၀) ပေါင်

    ၅။ ပဲတီစိမ်း (၅၇ - ၃၁၀) ပေါင်

    ၆။ ပဲလွမ်း (၆၆ - ၃၂၁) ပေါင်

    ၇။ ပဲရာဇာ/ပဲနီလေး (၈၀ - ၁၀၃) ပေါင်

    ၈။ ညံပင် (၄၉၂) ပေါင် စသည်တို့ဖြစ်ပါသည်။

    ပဲမြစ်ဖုမြေသြဇာကိုအသုံးပြုနည်း

    မြေသြဇာတစ်ထုပ်ကို တစ်ဧကအသုံးပြုနိုင်သည်။ အသုံးပြုရန်အတွက် အရိပ်တစ်ခုခုအောက် တွင် ဇီဝမြေသြဇာတစ်ထုပ်ကို တစ်ဧကစာမျိုးစေ့များပေါ်သို့လောင်းချပြီး ရေစိုစွတ်ရုံထည့်ကာ မွှေပေးပါ။ ထိုသို့ပြုလုပ်ထားသောမျိုးစေ့များကို မစိုက်ပျိုးသေးဘူးဆိုပါက အရိပ်အောက်တွင်ထားပေး ရပါမည်။ မျိုးစေ့ကိုစိုက်ပျိုးပြီးပါကလည်း မြေကိုချက်ချင်းဖုံးအုပ်ပေးရပါမည်။

    ပဲမြစ်ဖုမြေသြဇာသုံးပါက ပုလဲဓါတ်မြေသြဇာကို လျှော့ချသုံးစွဲနိုင်သဖြင့် ကုန်ကျစရိတ်ကို သက်သာစေပါသည်။ တခြားမြေသြဇာများအဖြစ် ဖော့စဖိတ်မြေသြဇာနှင့် ပိုတက်မြေသြဇာများကို အသုံးပြုပေးနိုင်ပါသည်။ နွားချေး၊ မြေဆွေးစသည့်သဘာဝမြေသြဇာများကိုလဲ ထည့်သွင်းအသုံးပြုနိုင် ပါသည်။

    မြေသြဇာကိုထားသိုနည်း

    ၁။ အေး၍ခြောက်သွေ့သော၊ လေဝင်လေထွက်ကောင်းသောနေရာများတွင် သိုလှောင်ထားရမည်။

    ၂။ နေရောင်တိုက်ရိုက်ထိသောနေရာတွင်မထားသင့်ပါ။

    ၃။ အထုပ်များကိုလဲ မပေါက်ပြဲစေရန်ဂရုစိုက်ရပါမည်။သတိပြုလိုက်နာရမည့်အချက်များ

    ၁။ ပဲမျိုးအလိုက် သတ်မှတ်ထားသည့် ပဲမြစ်ဖုဇီဝမြေသြဇာကိုသာသုံးရမည်။

    ၂။ မျိုးစေ့ချပြီးလျှင် ချက်ချင်းမြေဖုံးပေးရမည်။

    ၃။ အပင်ခြေတွင် ရေမဝပ်စေရန်နှင့် ရေမငတ်စေရန် ဂရုစိုက်ရမည်။

    ၄။ မျိုးစေ့လူးနယ်ရာတွင် ရေအစား ထမင်းရည်အေး၊ သကာရည် တို့ကိုသုံးပါက ပိုမိုအကျိုးရှိပါသည်။

    Source : Department of Agricultural Research.

    စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။  

    ----------------         

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12           

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို            

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.           

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437   


  • article
likes
8
comments
0
views
2455