cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပေါ်ဆန်းမွှေးဆန် ဈေးကျ၍ ဧည့်မထဆန်၊ ဆန်ကွဲနှင့်ဖွဲနု ဈေးများမြင့်တက်

. Market Analysis
ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
  • ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၁.၈.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၅၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၂၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၁၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၈.၈.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၆၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၉၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၀၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၅၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၆၀၀ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

    ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ကျပ် ဈေးကျ၍ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၈၀၀၀ကျပ်နှင့် ဆန်ကွဲB(2,3,4)တစ်အိတ် ၅၀၀ဝကျပ်၊ ဖွဲနု တစ်အိတ် ၁၅၀၀ကျပ်တို့ဖြင့် ဈေးများမြင့်တက်ခဲ့ပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဆန်ကွဲB(1,2)၊ ဆန်ကွဲB(2,3,4) နှင့်ဖွဲနုဈေးတို့မြင့်တက်သွားခြင်းမှာ စပါးဈေးကျဆင်း၍ ဆန်ကြိတ်ခွဲမှုလျော့သွားကာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများသော ကြောင့်ဖြစ်ပြီး ပေါ်ဆန်းမွှေးဆန်ဈေးကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်းခြင်း ကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရပါသည်။

    ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

    မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

    စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။  

    ----------------         

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12           

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို            

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.           

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437   


  • article
likes
7
comments
0
views
2559