cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဩဂုတ်လ ၁၉ ရက် မှ ဩဂုတ်လ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ပဲခူးတိုင်းအရှေ့ဘက်ခြမ်းမှ စစ်တောင်းမြစ်ဝှမ်းဒေသ(ရွှေကျင်-မဒေါက်ဒေသ)နှင့် ကရင်ပြည်နယ် ဘားအံမြို့နှင့် သံလွင်မြစ်ဝှမ်းတလျှောက် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ ပြန်လည်ရောက်ရှိလာနိုင်သည့်အခြေအနေအတွက် စိုးရိမ်နေရဆဲဖြစ်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်နှင့်တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းများ(ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းက Well-Marked LPA ဖြစ်ခဲ့ပြီး၊ တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်းက အားကောင်းသောလေဖိအားနည်းရပ်ဝန်း - Tropical DEPRESSION)အဆင့်များအထိရောက်ရှိခဲ့ကာ၊ မုန်တိုင်းအဆင့်သို့ မရောက်ခဲ့ပေ။ မြန်မာနိုင်ငံတွင် ကြိုတင်ခန့်မှန်းခဲ့သည်လောက် မိုးများနိုင်မည့်အခြေအနေမရှိတော့တာကြောင့်၊ ရေကြီးနေသည့်ဒေသများအတွက် သက်သာရာရသွားပါတယ်။ သို့ရာတွင် - ပဲခူးတိုင်းအရှေ့ဘက်ခြမ်းမှ စစ်တောင်းမြစ်ဝှမ်းဒေသ(ရွှေကျင်-မဒေါက်ဒေသ)နှင့် ကရင်ပြည်နယ် ဘားအံမြို့နှင့် သံလွင်မြစ်ဝှမ်းတလျှောက် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ ပြန်လည်ရောက်ရှိလာနိုင်သည့်အခြေအနေအတွက် စိုးရိမ်နေရဆဲဖြစ်ပါတယ်။ 

    ပဲခူးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေကြိုတင်ခန့်မှန်း 

    ·         ပဲခူးတိုင်း၏မြို့တော် ပဲခူးမြို့မှာ - ဩဂုတ်လ ၁၈-၁၉ ရက်များတွင် ၂၄ နာရီအတွင်းမိုးရေချိန် ၁.၅ လက်မအထက်၊ ၂ လက်မနီပါးခန့်အထိ မိုးရွာနိုင်ပြီး၊ ဩဂုတ်လ လကုန်ရက်အထိ မိုးအားလျော့နည်းနိုင်ပါမယ်။ (၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ လက်မခန့်သာရွာသွန်းနိုင်) 

    ·         ပဲခူးတိုင်းအနောက်ခြမ်းက ပြည်မြို့မှာတော့ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မခန့် မိုးရွာနိုင်ပြီး ဩဂုတ်လကုန်၊ မိုးလယ်ကာလကုန်သည်အထိ ၂၄ နာရီ မိုးရေချိန် ၁ လက်မကျော်အောင် ရွာနိုင်မည့်အခြေအနေမတွေ့ရပါ။ 

    ·         ပဲခူးတိုင်းအရှေ့ခြမ်းမှာ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန်ပမာဏသည် ပဲခူးတိုင်းအနောက်ခြမ်းထက်ပိုမိုနေဆဲဖြစ်ပြီး၊ ၇ ရက်အတွင်း မိုးရေချိန် ၆ လက်မအထက် ၇ လက်မနီးပါးအထိ ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·         ပဲခူးတိုင်းအရှေ့ခြမ်းမှာ နေ့စဉ်ပျမ်းမျှမိုးရွာသွန်းမှုအသင့်အတင့်(၁.၂ လက်မအထက်)ဆက်လက်ရွာနေနိုင်ပြီး၊ ပဲခူးတိုင်အနောက်ခြမ်း ဧရာဝတီမြစ်အလယ်ပိုင်းနှင့် တောင်ပိုင်းတွေမှာ မိုးအနည်းငယ်(၀.၅ လက်မခန့်မှ ၁ လက်မအောက်)ဆက်လက်ရွာသွန်းရရှိနေနိုင်ပါမယ်။ 

    အပူချိန်၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ဩဂုတ်လ ၁၉ ရက်နေ့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C ရှိနိုင်ပြီး၊ ဩဂုတ် ၂၅ ရက်နေ့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C အထိကျဆင်းနိုင်ကာ အနိမ့်ဆုံးညအပူချိန်တွေက ၂၅°C မှာ ရှိနေနိုင်ပါတယ်။ ပဲခူးတိုင်းရဲ့ နေ့စဉ်အမြင့်ဆုံးလေတိုက်နှုန်း အရှေ့တောင်ဘက်နှင့်တောင်ဘက်အရပ်များမှ တနာရီ မိုင် ၂၀ ကျော်ခန့်ရှိနိုင်ပြီး၊ နေ့စဉ်ပျမ်းမျှလေထုစိုထိုင်းဆ ၇၀% မှ ၉၀% ရှိနေပါမယ်။ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value – 40)ရှိနိုင်ပါမယ်။ 

    ပဲခူးတိုင်းတောင်ဘက်က မုတ္တမကွေ့ကမ်းနီးပင်လယ်ပြင်မှာ တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၂၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၂ ပေ မှ ၃ ပေခန့်အထိ ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးမွေးမြူရေး အကြံပြုချက် 

    ငါးမွေးတောင်သူများအနေဖြင့် ကန်အတွင်း ငါးသားပေါက်များမထည့်မှီ ကန်အတွင်းရှိ သားစားငါး နှင့် ငါးရိုင်းများကို ဖယ်ရှားပေးရန် အထူးလိုအပ်ပါသည်။ သို့မှသာ မွေးမြူထားသော ငါးများ ရှင်သန်နှုန်းကောင်းပြီး အစာဝလင်စွာ စားနိုင်ပါမည်။  

    - ငါးမွေးမြူရေးကန် တစ်ဧက မွေးမြူလိုပါက ရေစစ်ကန်ကို တစ်ဧက၏ သုံးပုံတစ်ပုံထားရှိပြီး အဆိုပါရေစစ်ကန်မှ အပေါ်ယံရေကို ရေစစ်ဖြင့် တဖြည်းဖြည်းခြင်း မွေးမြူမည့်ကန်သို့ ပြောင်းထည့်ပေးပါ။ 

    - ရေစစ်ကန်ဆောင်ရွက်ရန်အတွက် မြေနေရာ မရှိခြင်း နှင့် ကန်တူးရန်ကုန်ကျစရိတ်များ မတတ်နိုင်ပါက မိုက်ခရွန် (၅၀) သို့မဟုတ် (၁၀၀) ရှိသော ရေစစ်ကို အသုံးပြုပေးပါ။ 

    - ထို့အပြင် ကန်အတွင်း ပိုက်စိတ်ဖြင့် အကြိမ်ကြိမ် အဖန်ဖန်ဖမ်းဆီးခြင်း လုပ်ဆောင်နိုင်ပါသည်။ 

    - ကန်အတွင်းသို့ လက်ဖက်စေ့ကြိတ်ဖတ် (သို့မဟုတ်) ဟုမ်းမြစ်တို့ကို သုံးခြင်းဖြင့်လည်း ဖယ်ရှားနိုင်ပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ရိုတီနှုန်း ငါးသတ်ဆေးကို အသုံးပြုနိုင်ပါသည်။ 

    - စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။     

    ---------------            

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12              

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို               

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.              

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437    


  • article
likes
4
comments
1
views
2369