cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း ဩဂုတ်လ ၂၀ ရက်မှ ဩဂုတ်လ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မကွေးတိုင်းမြောက်ပိုင်း ထီးလင်း၊ ဂန့်ဂေါ၊ ပခုက္ကူ၊ မကွေးတိုင်းတောင်ပိုင်းနှင့်အလယ်ပိုင်းမှ မကွေး၊ မင်းဘူး၊ စကု၊ အောင်လံ၊ တောင်တွင်းကြီး၊ စေတုတ္တရာ၊ ငဖဲ၊ ကျောက်ထု စသည့်မြို့နယ်/ခရိုင်များတွင် ၇ ရက်မိုးရေချိန် ၁.၅ လက်မ မှ ၃ လက်မ ခန့် ရွာသွန်းရရှိနိုင်ပြီး၊ မကွေးတိုင်းဒေသတွင်းမှ ကျန်ရှိသည့်မြို့နယ်/ခရိုင်များတွင် ၇ ရက် မိုးရေချိန် ၁ လက်အောက်သာ ရွာသွန်းရရှိနိုင်ပါသည်။
  • ဩဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ ဖိလစ်ပိုင်နိုင်ငံအနောက်ဘက်၊ တောင်တရုတ်ပင်လယ်အတွင်းတွင် လေဖိအားနည်းတခု စတင်ဖြစ်ပေါ်ပြီးအနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များတွင် တွေ့နေရပါတယ်။ 

    ဩဂုတ်လ ၂၀ ရက် မှ ၂၆ ရက်အထိ(၇ ရက်အတွင်း)ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    မကွေးတိုင်းမြောက်ပိုင်း ထီးလင်း၊ ဂန့်ဂေါ၊ ပခုက္ကူ၊ မကွေးတိုင်းတောင်ပိုင်းနှင့်အလယ်ပိုင်းမှ မကွေး၊ မင်းဘူး၊ စကု၊ အောင်လံ၊ တောင်တွင်းကြီး၊ စေတုတ္တရာ၊ ငဖဲ၊ ကျောက်ထု စသည့်မြို့နယ်/ခရိုင်များတွင် ၇ ရက်မိုးရေချိန် ၁.၅ လက်မ မှ ၃ လက်မ ခန့် ရွာသွန်းရရှိနိုင်ပြီး၊ မကွေးတိုင်းဒေသတွင်းမှ ကျန်ရှိသည့်မြို့နယ်/ခရိုင်များတွင် ၇ ရက် မိုးရေချိန် ၁ လက်အောက်သာ ရွာသွန်းရရှိနိုင်ပါသည်။ 

    မကွေးတိုင်းအတွင်း နေ့စဉ်ပျမ်းမျှမိုးရေချိန်ရရှိနိုင်သည့်အခြေအနေမှာ ၂၄ နာရီအတွင်း ၀.၂ လက်မ မှ ၀.၅ လက်မခန့်ရှိနိုင်ပြီး မိုးရွာရန်ရာခိုင်နှုန်း အမြင့်ဆုံး ၉၀% ရှိနိုင်ပါတယ်။ 

    အပူချိန်၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း အမြင့်ဆုံးနေအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆ ၇၅% မှ ၉၀% အတွင်း နေရာဒေသအလိုက် ပြောင်းလဲမှုရှိနိုင်ပါမယ်။ လေထုစိုထိုင်းမြင့်မားချိန် ခံစားရတဲ့အပူချိန်က ၃၈°C အထိရှိနိုင်ပါတယ်။ လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value က 25 သာရှိမှာမို့ အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးသားပေါက် (ငါးမှုံ) သန့်စင်မှု နည်းစဉ်အဆင့်ဆင့်  

    - ငါးသားပေါက် (ငါးမှုံ) များအား ထည့်သွင်းမွေးမြူခြင်းမပြုမီ (၂၀ ဂရမ်/လက်တစ်ဆုပ် စာ ဆားကို ၁၀ လီတာ ရှိသော ရေဖြင့် ရောဖျော်ထားသော) ဆားရည် အပြည့်ဖြည့်ထား သော လက်ဆွဲပုံးတစ်လုံးအတွင်း၌ တစ်မိနစ် (သို့) ငါးခံနိုင်ရည်ရှိသလောက် ခေတ္တထည့် ထားပြီးမှ ငါးကန်ထဲသို့ ထည့်ပေးရမည်။ သို့မဟုတ် (၁၀ လီတာ ရှိသော ရေတွင် ပိုတက် ဆီယမ် ပါမင်းဂနိတ် ၅ ဂရမ် သို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနှင့် ရောဖျော်ထားသော) ပျော်ရည်အပြည့်ပါသော ပုံးတစ်လုံးအတွင်း၌ ခေတ္တ ကူးခတ်သန့်စင်စေပြီးမှ ငါးကန်ထဲ သို့ ထည့်ပေးရမည်။    

    - ရေစစ်ဇကာပိုက်အထူတစ်ခုကို ပုံးထဲ ထည့်ထားခြင်းဖြင့် ငါးမှုံများ ကို ထိုပိုက်အတွင်း ကူးခတ်စေပြီး၊ ထိုပိုက်ဖြင့်ပင် ပြန်ဆယ်ယူရွှေ့ပြောင်းပေးခြင်းပြုလုပ် ရမည်။ ဤလုပ်ငန်းစဉ်ကို ငါးမှုံများအား ကန်တွင်းသို့ မပြောင်းရွှေ့မီ ပြုလုပ်လျှင် ပိုကောင်းသည်။   

    - အထက်တွင် ဖော်ပြခဲ့သော ပျော်ရည်ထဲသို့ ငါးမှုံ ကောင်ရေ ၃၀၀ မှ ၅၀၀ အထိအား ၅ ကြိမ်နီးပါး ထည့်သွင်းကူးခတ်သန့်စင်စေနိုင်သည်။  

    စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။     

    ----------------            

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12              

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို               

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.              

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437   


  • article
likes
3
comments
0
views
2844