ပြည်နယ်နှင့်တိုင်းအလိုက် မိုးလေဝသခန့်မှန်းချက်၊ စိုက်/မွေးအကြံပြုချက်
- ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက် မှ သြဂုတ်လ ၂၆ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် - ရန်ကုန်တိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၂၀ ရက်နေ့ မှ ၂၄ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်း ဝန်းကျင်ရှိသဖြင့် မိုး ဆက်လက် ရွာသွန်းနိုင်ပါသည်။ သြဂုတ်လ ၂၅၊ ၂၆ ရက်နေ့တို့တွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မန္တလေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၄) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၂၀၊ ၂၂၊ ၂၃ ရက်နေ့တို့တွင် မိုးရွာရန် ၉၁%၊ ၈၀%၊ ၉၉% ရာခိုင်နှုန်းတို့ အသီးအသီးရှိပြီး ကျန်ရက်များတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းအောက် ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - နေပြည်တော်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၉) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး ကျန် ၂ ရက်တွင် ၇၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါသည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။ - တောင်ကြီးအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၂၀၊ ၂၄၊ ၂၅ ရက်နေ့တို့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းကျော်ရှိပြီး ကျန်ရက်များတွင် ၇၀ ရာခိုင်နှုန်းဝန်းကျင် ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မကွေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂) ရာခိုင်နှုန်း မှ (၉၅) ရာခိုင်နှုန်း အထိရှိနိုင်ပါတယ်။ သြဂုတ်လ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး ကျန် ၂ ရက်တွင် ၇၅ ရာခိုင်နှုန်းဝန်းကျင် ရှိပါသည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၉) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိပါသည်။ သို့သော် ၂၃ ရက်နေ့တွင် ၈၂ ရာခိုင်နှုန်းရှိပြီး ကျန် ၂ ရက်တွင် ၇၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါသည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - #နောက်လာမည့် ၇ ရက်အတွင်း တောင်တရုတ်ပင်လယ်တွင် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်လာနိုင်" - ===== - ဩဂုတ်လ ၁၉ ရက် မှ နောက်လာမည့် ၁ ပါတ်အတွင်း - - တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး အားပိုကောင်းလာကာ အနည်းဆုံး အပူပိုင်းမုန်တိုင်းအဆင့်(Tropical Storm - TS)အထိရောက်လာနိုင်ပါတယ်။ - တောင်တရုတ်ပင်လယ်က မုန်တိုင်းဖြစ်လာတိုင်း ဘင်္ဂလားပင်လယ်အော်ဘက်မှာ A-B-C ဆက်စပ်မှုအရ လေဖိအားနည်းရပ်ဝန်းတခုက ဖြစ်လာနိုင်ပါတယ်။ - မုန်တိုင်းဖြစ်လာနိုင်တဲ့ ကြိုတင်ခန့်မှန်းချက်များကို ECMWF နဲ့ ICON MODEL တွေရဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်။ - အောက်တိုဘာလ ၁၀ ရက် မိုးနှောင်းကာလကုန်ဆုံးသည်အထိ မုတ်သုံဆုတ်ခွာမှုမပြီးမချင်း မိုးက ဆက်နေမှာပါ၊ မိုးနည်းတာနဲ့ မိုးများတာသာ ကွာခြားမှုရှိပါမယ်။ - ရရှိပြီးကြိုတင်ခန့်မှန်းချက်တွေအရတော့ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ဘက်မှာ မိုးများနိုင်ပြီး၊ အလယ်ပိုင်း မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသတွေမှာလဲ မိုအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ လက် မှ ၁.၅ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။ - ကြိုတင်ခန့်မှန်းချက်များဖြစ်တာကြောင့် ပြောင်းလဲဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေများကို နေ့စဉ် တင်ပေးနေပါမယ်။ - (ဩဂုတ်လ ၁၉ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်ချိန် သုံးသပ်ချက်) - ကိုးကား။ Accweather ၊ ဆရာဦးဝင်းနိုင် - မြေပဲစိုက်တောင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - မြေပဲစွယ်ချချိန်တွင် အဓိကပြုလုပ်သင့်သောသီးနှံကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်
- မြေပဲစွယ်မချခင်မှာ တန်းကြားအတွင်း ပေါင်းမြက်များရှင်းဖို့လိုပြီး၊ မြေပဲစွယ်ဆင်းချိန်မှာ မြေတွင်းအစိုဓာတ် အလုံအလောက်ရှိဖို့လိုပါတယ်။
- မြေပဲစွယ်မဆင်းခင် တစ်ပတ်အလိုမှာ တန်းကြားတွင်း ပေါင်းမြက်လိုက်ရင်း ပင်ခြေကို ဘောင်တင်ပေးကာ ဂျစ်ပ်ဆန်ကျောက်မှုန့်(Gypsum)ကို ဘောင်ထဲသို့ တစ်ပါတည်းပါသွားအောင် ထည့်ပေးပါ။
- မြေပဲတောင့် စတင်နိုးကြားပြီး အတောင့်အဆင့်ဆင့် ကြီးထွားဖွံ့ဖြိုးလာဖို့အတွက်
 - ကယ်လ်ဆီယမ် (Ca)+ ဖော့စ်ဖရပ်စ်(P)+ ပိုတက်စီယမ် (K) အဓိကပါတဲ့ ရွက်ဖျန်းအားဆေးမျိုးကို အဓိကလိုက်ပေးပါ။ - ငါးမွေးမြူရေး အကြံပြုချက် - ငါးမွေးတောင်သူများအနေဖြင့် ကန်အတွင်း ငါးသားပေါက်များမထည့်မှီ ကန်အတွင်းရှိ သားစားငါး နှင့် ငါးရိုင်းများကို ဖယ်ရှားပေးရန် အထူးလိုအပ်ပါသည်။ သို့မှသာ မွေးမြူထားသော ငါးများ ရှင်သန်နှုန်းကောင်းပြီး အစာဝလင်စွာ စားနိုင်ပါမည်။ - - ငါးမွေးမြူရေးကန် တစ်ဧက မွေးမြူလိုပါက ရေစစ်ကန်ကို တစ်ဧက၏ သုံးပုံတစ်ပုံထားရှိပြီး အဆိုပါရေစစ်ကန်မှ အပေါ်ယံရေကို ရေစစ်ဖြင့် တဖြည်းဖြည်းခြင်း မွေးမြူမည့်ကန်သို့ ပြောင်းထည့်ပေးပါ။ - - ရေစစ်ကန်ဆောင်ရွက်ရန်အတွက် မြေနေရာ မရှိခြင်း နှင့် ကန်တူးရန်ကုန်ကျစရိတ်များ မတတ်နိုင်ပါက မိုက်ခရွန် (၅၀) သို့မဟုတ် (၁၀၀) ရှိသော ရေစစ်ကို အသုံးပြုပေးပါ။ - - ထို့အပြင် ကန်အတွင်း ပိုက်စိတ်ဖြင့် အကြိမ်ကြိမ် အဖန်ဖန်ဖမ်းဆီးခြင်း လုပ်ဆောင်နိုင်ပါသည်။ - - ကန်အတွင်းသို့ လက်ဖက်စေ့ကြိတ်ဖတ် (သို့မဟုတ်) ဟုမ်းမြစ်တို့ကို သုံးခြင်းဖြင့်လည်း ဖယ်ရှားနိုင်ပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ရိုတီနှုန်း ငါးသတ်ဆေးကို အသုံးပြုနိုင်ပါသည်။ - - စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
