မန္တလေးဈေးကွက်ရှိ နှမ်းစျေးကွက် သုံးသပ်ချက်
- ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ ဖြစ်ပေါ်ခဲ့သော နှမ်းစျေးနှုန်းများမှာ - နှမ်းဖြူသစ် (၁.၂.၃)(သစ်)စျေးနှုန်းမှာ ၄၅ ပိဿာလျှင် ၃၄၅၀၀၀/-ကျပ်၊ နှမ်းဖြူ (ဂျပန်)(သစ်) ဈေးနှုန်းမှာ ၄၅ပိဿာလျှင် ၃၃၅၀၀၀ မှ ၃၅၀၀၀၀ /-ကျပ်၊ နှမ်းနက် (စမုံ) (သစ်) စျေးနှုန်းမှာ ၄၅ ပိဿာလျှင် ၇၃၀၀၀၀ မှ ၇၅၀၀၀၀ /-ကျပ်၊ နှမ်းညို(သစ်)မှာ ၂၇၀၀၀၀ မှ ၂၈၅၀၀၀ /-ကျပ် အသီးသီး စျေးပေါက်လျက်ရှိပါတယ်။ - သြဂုတ်လ ပထမပတ် နှမ်းပျမ်းမျှစျေးနှုန်း - မန္တလေးဈေးကွက်ရှိ သြဂုတ်လ ပထမပတ် နှမ်း ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် နှမ်းဖြူသစ် (၁.၂.၃)(သစ်)စျေး နှုန်းမှာ ၄၅ပိဿာလျှင် ၂၈၅၅၀၀ /-ကျပ်၊ နှမ်းဖြူ (ဂျပန်)(သစ်) ပျမ်းမျှဈေးနှုန်းမှာ ၄၅ ပိဿာ လျှင် ၃၆၅၀၀၀ /-ကျပ်၊ နှမ်းနက် (စမုံ) (သစ်) စျေးနှုန်းမှာ ၄၅ ပိဿာလျှင် ၇၆၉၀၀၀ /-ကျပ်၊ နှမ်းညို(သစ်)စျေး နှုန်းမှာ ၄၅ ပိဿာလျှင် ၂၇၈၄၀၀ /-ကျပ်အထိ အသီးသီးဈေးပေါက်နေပါတယ်။ - သြဂုတ်လ ဒုတိယပတ် နှမ်းပျမ်းမျှစျေးနှုန်း - မန္တလေးဈေးကွက်ရှိ သြဂုတ်လ ဒုတိယပတ် နှမ်း ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် နှမ်းဖြူသစ် (၁.၂.၃)(သစ်)စျေး နှုန်းမှာ ၄၅ပိဿာလျှင် ၂၈၄၅၀၀ /-ကျပ်၊ နှမ်းဖြူ (ဂျပန်)(သစ်) ပျမ်းမျှဈေးနှုန်းမှာ ၄၅ ပိဿာ လျှင် ၃၅၂၅၀၀၀ /-ကျပ်၊ နှမ်းနက် (စမုံ) (သစ်) စျေးနှုန်းမှာ ၄၅ ပိဿာလျှင် ၇၃၄၀၀၀ /-ကျပ်၊ နှမ်းညို(သစ်)စျေး နှုန်းမှာ ၄၅ ပိဿာလျှင် ၂၆၆၀၀၀ /-ကျပ်အထိ အသီးသီးဈေးပေါက်နေပါတယ်။ - သြဂုတ်လ တတိယပတ် နှမ်းပျမ်းမျှစျေးနှုန်း - မန္တလေးဈေးကွက်ရှိ သြဂုတ်လ တတိယပတ် နှမ်း ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် နှမ်းဖြူသစ် (၁.၂.၃)(သစ်)စျေး နှုန်းမှာ ၄၅ပိဿာလျှင် ၂၉၇၅၀၀ /-ကျပ်၊ နှမ်းဖြူ (ဂျပန်)(သစ်) ပျမ်းမျှဈေးနှုန်းမှာ ၄၅ ပိဿာ လျှင် ၃၄၁၅၀၀ /-ကျပ်၊ နှမ်းနက် (စမုံ) (သစ်) စျေးနှုန်းမှာ ၄၅ ပိဿာလျှင် ၇၂၇၀၀၀ /-ကျပ်၊ နှမ်းညို(သစ်)စျေး နှုန်းမှာ ၄၅ ပိဿာလျှင် ၂၆၅၆၂၅ /-ကျပ်အထိ အသီးသီးဈေးပေါက်နေပါတယ်။ - ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်နှင့် တတိယပတ် နှိုင်းယှဉ်ခြင်း - ၂၀၂၅ ခုနှစ်၊ နှမ်း ပျမ်းမျှဈေးနှုန်းကို ဒုတိယပတ်နှင့် တတိယပတ်အတွင်း နှိုင်းယှဉ်လေ့လာသော် နှမ်းဖြူသစ် (၁.၂.၃)(သစ်)တစ်မျိုးဘဲ တက်ရိပ်ပြလာတာကို တွေ့ရပါတယ်။ နှမ်းဖြူသစ် (၁.၂.၃)(သစ်)စျေး နှုန်းမှာ ၄၅ ပိဿာလျှင် ၁၃၀၀၀/-ကျပ် စျေးတက်လာပါတယ်။ နှမ်းဖြူ (ဂျပန်)(သစ်) ပျမ်းမျှဈေးနှုန်းမှာ ၄၅ပိဿာ လျှင် ၁၁၀၀၀/-ကျပ်၊ နှမ်းနက် (စမုံ) (သစ်) စျေး နှုန်းမှာ ၄၅ ပိဿာလျှင် ၇၀၀၀/-ကျပ်၊ နှမ်းညို(သစ်)မှာ ၄၀၀/-ကျပ် ဝန်းကျင် စျေးကျလာတာကို တွေ့ရပါတယ်။ - ဈေးကွက် သုံးသပ် ခန့်မှန်းချက် - နှမ်းမျိုးစုံဈေးကွက် စျေးကျဆင်းနေရာမှ စျေးအနည်းငယ်လှုပ်ကာ အဝယ်သွက်နေကြောင်း နှမ်းကုန်သည်များထံမှ သိရသည်။ နှမ်းနက်(စမုံ)များမှာ ပို့ကုန်သမားအဝယ်နှင့် ဈေးကျဆင်းချိန် ဖြစ်သောကြောင့် လှောင် လက်သမားများ အဝယ်ပြန် သွက်လာရာ ၄၅ ပိဿာဝင်တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀၀၀အထိ ယခုတစ်ပတ်အတွင်း ရှိလာခဲ့ပါသည်။ ဈေးကျဆင်းမှုရပ်ပြီး အနည်းငယ် ဈေးမြင့်တက်လာသော်လည်း ယခင်ပုံမှန်ဈေးတန်း သို့ မရောက်ရှိ သေးကြောင်း လေ့လာမိသည်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ - ရေးသားသူ - နွယ်အေး - Data Source: AMIA - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
