cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဩဂုတ်လ ၂၅ ရက် မှ ဩဂုတ်လ ၃၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
နေ့စဉ် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး နေရာကွက်၍ ခေတ္တမျှမိုးသည်းထန်တာရှိနိုင်မယ်၊ မိုးရေချိန်များနိုင်မှာတော့ မဟုတ်ပါ။
  • ပင်လယ်ပြင်များမှထူးခြားသည့် မိုးလေဝသအခြေအနေ 

    ·          ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ဩရိဿပြည်နယ်ကမ်းရိုးတန်းအနီး ဩဂုတ်လ ၂၇ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း ၁ ခုဖြစ်ပေါ်လာနိုင်သော်လည်း ပိုမိုအင်အားကောင်းလာနိုင်ခြင်းမရှိပဲ ၂၄ နာရီအတွင်းကုန်းတဝက်ရေတဝက်လေဖိအားနည်းရပ်ဝန်းဖြစ်ပြီး အားပြန်ပျော့သွားနိုင်ပါတယ်။၊ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခြင်းကြောင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာသာ အနောက်တောင်မုတ်သုံလေအားအသင့်ရှိနေနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ အားနည်းနေနိုင်ပါတယ်။ 

    ·          တောင်တရုတ်ပင်လယ်မှ အချင်းမိုင် ၃၀၀ ကျော်အရွယ်အစားရှိသည့် CAT-3 အဆင့် တိုင်ဖွန်းမုန်တိုင်း KAJIKI က ၂၅ ရက် ညမှာ ဗီယက်နမ်ကမ်းခြေကို လုံးဝကျော်ဖြတ်ဝင်ရောက်သွားပြီးတဲ့နောက် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ အနောက်ဘက် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေအထိ လေပွေလှိုင်းအဖြစ် ဆက်လက်ရွေ့လျားနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမန္တလေးတိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေအထိ ဆက်လက်ရွေ့လျားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ 

    ·          လေပွေလှိုင်းနဲ့အတူပါလာမဲ့ မုန်တိုင်းအကြွင်းအကျန်မိုးတိမ်တွေက ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်းဒေသအချို့၊ မန္တလေးတိုင်းနဲ့ စစ်ကုင်းတိုင်း၊ ကချင်ပြည်နယ်တို့ထံရောက်ရှိ/မိုးများနိုင်ပြီး နိုင်ငံတောင်ပိုင်းက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသတွေမှာ မိုးအသင့်အတင့်သာရွာသွန်းနိုင်ပါတယ်။ 

    ယခု တပတ်အတွင်းရန်ကုန်တိုင်း မိုးရွာသွန်းနိုင်သည့်အခြေအနေ 

    ·          တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များသက်ရောက်မှုက ရန်ကုန်တိုင်းအထိရောက်လာနိုင်ခြင်းမရှိတာနဲ့ အနောက်တောင်မုတ်သုံလေအားလျော့နေနိုင်ခြင်းတို့ကြောင့် ရန်ကုန်တိုင်းမှာ နေ့စဉ်ပုံမှန်မုတ်သုံမိုးရွာသွန်းနိုင်ခြင်းသာရှိနိုင်ပါမယ်။ 

    ·          နေ့စဉ် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး နေရာကွက်၍ ခေတ္တမျှမိုးသည်းထန်တာရှိနိုင်မယ်၊ မိုးရေချိန်များနိုင်မှာတော့ မဟုတ်ပါ။ 

    ·          ရန်ကုန်တိုင်းတခုလုံးမှာ ယခု ၁ ပတ်အတွင်းအများဆုံးရရှိနိုင်သည့်မိုးရေချိန်ပမာဏ ၄ လက်မခန့် ရှိနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု တပတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C နှင့် ခံစားရသည့်အပူချိန် ၃၇°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၇၀% မှ ၉၀% ရှိနိုင်သည်၊ 

    ·          အနောက်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၈ မိုင်နှုန်းနှင့်  

    လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value)50 ရှိနိုင်ပါမည်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့... 

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် 

    • ရေထုတ်ရန်ခက်ခဲသောစပါးခင်းများ၊ အပူချိန် ၂၈-၃၂ ဒီဂရီနှင့် စိုထိုင်းဆ ၁၀၀% ရှိသောအခြေအနေတွင် အဓိကဖြစ်ပွားတတ်သည်။ 
    • ပင်ပွားစီးချိန်မှ အနှံထွက်ချိန်အတွင်းကျရောက်တတ်ပြီး ရောဂါလက္ခဏာအနေဖြင့် ရေမျက်နှာပြင်နှင့်ထိစပ်နေသော ရွက်ဖုံးနေရာတွင် မီးခိုးရောင်အလယ်ဗဟိုနှင့် အညိုရောင် အနားသတ်အကွက်များကို အဓိကတွေ့ရတတ်သည်။ 
    • စပါးရွက်ဖုံးခြောက်ကျရောက်ပါက နိုက်ထရိုဂျင်ပုလဲမြေဩဇာ အလွန်အကျွံမထည့်ပါနဲ့၊ အကြိမ်ရေခွဲထည့်ပေးပါ။ 
    • ပိုတက်ရှ် (K)မြေဩဇာ ကိုအဓိကထည့်ပေးပါ။ 
    • အပင်ဦးရေစိပ်စိပ်စိုက်ခြင်းရှောင်ပါ။ 
    • ပေါင်းမြက်၊ ပင်ကြွင်းပင်ကျန်သေချာရှင်းပါ။ 
    • အသုံးပြုနိုင်သော ဓာတုမှိုသတ်ဆေးများ - Chlorothalonil, Hexaconazole (ရောဂါစတင်ချိန်), Propiconazole, Validamycin  

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ်ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက အစာစားနှုန်းကျဆင်းပြီး ငါးများတွင် အင်အားချိနဲ့လာပါ သည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။ 

     ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ခြင်း၊ 

    ကန်ရေ၏အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။ 

    ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊ 

    ပျော်ဝင်အောက်စီဂျင်သည် ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ --------------              

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12                

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.                

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437     


  • article
likes
6
comments
0
views
2190