cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဂေါ်ရခါးသီးစိုက်ပျိုးမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

. Market News
ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကိုသားခွဲယူခြင်း (သို့မဟုတ်) အကိုင်းဖြတ်မျိုးပွား၍လည်း စိုက်ပျိုးနိုင်ပါသည်။
  • ဂေါ်ရခါးသီး၏ အင်္ဂလိပ်အမည်မှာ CHAYOTE ၊ ရုက္ခ‌ဗေဒအမည်မှာ Sedium edute နှင့် မျိုးရင်း အမည်မှာ CUCURBITACEAE ဖြစ်ပြီး မူရင်းဒေသမှာ အမေရိကန်နိုင်ငံ၊ မက္ကဆီကိုနိုင်ငံနှင့်် အလယ်ပိုင်း အမေရိကအပူပိုင်းဒေသများဖြစ်သည်။ မြန်မာနိုင်ငံတွင် ဂေါ်ရခါးသီးကို ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စားသုံးကြပါသည်။ အသီးအရွယ်အစား၊ အသီးပုံသဏ္ဌာန်နှင့် အစေ့တည်ရှိမှု ပုံသဏ္ဌာန် အမျိုးမျိုးရှိနိုင်ပါသည်။ ဂေါ်ရခါးမျိုးတွင် အသီးအရောင်အစိမ်းဖြူရောင်မျိုးနှင့် အသီးစိမ်းရောင်မျိုးဟူ၍ (၂)မျိုးရှိပါသည်။ ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကိုသားခွဲယူခြင်း (သို့မဟုတ်) အကိုင်းဖြတ်မျိုးပွား၍လည်း စိုက်ပျိုးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့်ပြင်ဦးလွင်မြို့နယ် များတွင် ပင်ကြား၊ တန်းကြားကို (၆x၆) ပေထား၍ တစ်နေရာလျှင် (၂-၃) လုံးထားကာ မြေပုံ၍ စိုက်ပျိုး ကြပါသည်။ စိုက်ပျိုးပြီး ရက်ပေါင်း ၁၈၀ မှ ၂၀၀ အတွင်း အသီးစတင်သီးပါသည်။ သီးထွက်နှုန်းမှာ ဂေါ်ရခါးတစ်ပင်မှ အသီး (၈၀၀)လုံးထိခူးဆွတ်ရနိုင်ပြီး ပျမ်းမျှတစ်ပင်လျှင်(၂၀၀-၃၀၀) လုံး ထိခူးဆွတ် နိုင်ပါသည်။ မျိုးအဖြစ်ထားရှိမည့်အသီးကို အသီးခံသော် ပန်းပွင့်ပြီးနောက် (၄၀-၅၀) ရက်သားတွင် ခူးဆွတ်ရပါသည်။ ခူးဆွတ်ထားပြီး အသီးများကို (၁၂)ဒီဂရီစင်တီဂရိတ်တွင် ကြာရှည်သိုလှောင်နိုင်ပြီး သိုလှောင်ရာတွင် သေတ္တာများ၊ တောင်းများတွင် ကောက်ရိုးခံပေးရပါသည်။ ဈေးကွက်အတွင်းတွင် ဂေါ်ရခါးသီးတစ်လုံးလျှင် လက်လီဈေးနှုန်း(၃၀၀-၄၀၀)ကျပ်၊ လက်ကားဈေးနှုန်း(၂၀၀-၂၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အသီးများကို ရန်ကုန်၊ မန္တလေး၊ စသည့်မြို့ကြီးများသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှသိရပါသည်။

    Source:ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း

    DOCA (မန္တလေး)

    စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။      

    ---------------             

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12               

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.               

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437   


  • article
likes
6
comments
1
views
1743