cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဩဂုတ်လ ၆ ရက် မှ စက်တင်ဘာလ ၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ပဲခူးရိုးမတောင်ကြောနှင့်ဆက်စပ်လျှက်ရှိသည့် ပဲခူးတိုင်းအနောက်တောင်ဘက်ခြမ်းမှ ဒေသအချို့တွင် ၇ ရက် မိုးရေချိန် ၃ လက်မဝန်းကျင်ခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။
  • ပဲခူးတိုင်း ဩဂုတ်လ ၆ ရက် မှ စက်တင်ဘာလ ၁ ရက်အထိ မိုးလေဝသအခြေအနေ 

    မုန်တိုင်းအကြွင်းအကျန်ကြောင့် မိုးရွာသွန်းနိုင်သည့်အခြေအနေ 

    တောင်တရုတ်ပင်လယ်မှ ဗီယက်နမ်နိုင်ငံကမ်းရိုးတန်းကိုဖြတ်ကျော်ပြီးနောက် ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင်သည့် KAJIKI မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဝင်ရောက်ခဲ့သည့် တိုင်ဖွန်း YAGI အကြွင်းအကျန်များထက်များစွာလျော့နည်းနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်က မိုးအလွန်များပြီးရေကြီးခဲ့သည့် အခြေအနေအထိ ရောက်နိုင်မည် မဟုတ်ပါ။ 

    ဩဂုတ်လ ၂၅ ရက် ည ၉ နာရီမှ ၂၉ ရက် ည ၉ နာရီအထိ ၄ ရက်အတွင်း၊ ရွာသွန်းရရှိနိုင်မည့်မိုးရေချိန်အခြေအနေ 

    ·         မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း(အရှေ့) ဒေသတွေအပြင်၊ 

    ·မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်တဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မြောက်ပိုင်းက ကချင်ပြည်နယ်တွေမှာ မိုးအသင့်အတင့် မှ မိုးများနိုင် - ၄ ရက် မိုးရေချိန် ၁.၃ လက်မ မှ ၇.၆ လက်မအထိ ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·         မြန်မာနိုင်ငံရဲ့ ကျန်ပြည်နယ်တိုင်းဒေသများဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်တွေမှာ မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပြီး နေရာကွက်၍ ခေတ္တမျှမိုးသည်းထန်နိုင်ပါတယ်၊ မိုးရေချိန်များနိုင်မှာတော့ မဟုတ်ပါ။ 

    ပဲခူးတိုင်း - ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ၇ ရက်အတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေ 

    ·         ပဲခူးတိုင်းအရှေ့ပိုင်း၊ ကရင်ပြည်နယ် နယ်စပ်တောင်ကြောများနှင့် စစ်တောာင်းမြစ်ဝှမ်းတလျှောက်တွင် နေ့စဉ်မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မ အထက် ၂.၀ လက်မ အောက်)ရွာသွန်းနိုင်ပြီး၊ ၇ ရက်မိုးရေချိန် ၄ လက်မခန့်မှ ၇ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·         ပဲခူးတိုင်းအနောက်ပိုင်းဒေသများတွင် နေ့စဉ်မိုးရွာသွန်းမှုနည်းနေဦးမှာဖြစ်ပြီး ၇ ရက်မိုးရေချိန် အများဆုံး ၂ လက်မခန့်သာ ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·         ပဲခူးရိုးမတောင်ကြောနှင့်ဆက်စပ်လျှက်ရှိသည့် ပဲခူးတိုင်းအနောက်တောင်ဘက်ခြမ်းမှ ဒေသအချို့တွင် ၇ ရက် မိုးရေချိန် ၃ လက်မဝန်းကျင်ခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·         ယခုတပတ်အတွင်း ပဲခူးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ တောင်-အရှေ့တောင်ဘက်အရပ်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့် ရှိနိုင်ပါမယ်။ 

    ·         နံနက်ပိုင်း/ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၀% ဝန်းကျင်ရှိနိုင်ပြီး နေ့လည်-နေ့ခင်းအချိန်တွေမှာ ၆၀% မှ ၇၀% ရှိနေနိုင်ပါမယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value)အမြင့်ဆုံး ၃၀ အထိသာရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအခြေအနေတွက် စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်ထောင်ပဲ(ပဲတောင့်ရှည်)စိုက်တောင်သူများထံသို့..

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    • လတ်တလော တိုင်ထောင်ပဲတွင် ကျရောက်သော ပွင့်ထွေး၊ လှေး နှင့်ပတ်သတ်ပြီး မေးမြန်းလာမှုများရှိသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြု ဆွေးနွေးပေးလိုက်ပါတယ်။
    • ဖျက်ပိုးနှစ်မျိုးလုံးကျရောက်နေသောစိုက်ခင်းများအနေဖြင့် နိုက်ထရိုဂျင်အချိုး အဓိကပါဝင်သောရွက်ဖျန်းအားဆေး၊ မြေဩဇာများ အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ပါ။
    • ပဲပွင့်ထွေးအတွက်ရွေးချယ်နိုင်သောဓာတုဆေးများ Chlorantraniliprole + Spinosad အတွဲ (သို့မဟုတ်) Flubendiamide+ Emamectin benzoate
    • သီးတောင့်ထဲ ဝင်စားနေတဲ့အဆင့်ကိုတွေ့ပါက Indoxacarb + Thiodicarb ကို မနက်ခင်းပိုင်းမှာဖျန်းနိုင်ပါတယ်။
    • လှေးကျနေသောစိုက်ခင်းများအနေဖြင့် Spinosad, Spirotetramat, Fipronil, Acetamiprid, Thiamethoxam, Abamectin အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။
    • စိုက်ခင်းအစိုဓာတ်ချိန်ညှိပေးပါ။
    • အပင်ခြေ၊ စိုက်ခင်းပတ်ဝန်းကျင်ပေါင်းမြက်များကိုလည်း ရှင်းလင်းပေးပါ။

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် 

    မိုးရွာသွန်းမှုများခြင်းကြောင့် ကန်ဘောင်မှမြေကြီးများ ပျော်ဝင်စီးဆင်းခြင်းကြောင့် ရေနောက်ကျိခြင်း၊ ငါးဖမ်းရန်ပိုက်ဆွဲခြင်းကြောင့်လည်းကောင်း ကန်ရေနောက်ကျိနိုင်ပါသည်။  ကန်ရေ နောက်ကျိခြင်းသည် ငါးများ၏ ပါးဟက်တွင် ရွှံ့အနယ်များ ပိတ်ဆို့ခြင်းကြောင့် ငါးများအသက်ရှူခြင်းနှင့် အောက် စီဂျင်ရရှိမှု ခက်ခဲပါသည်။ ကန်ရေနောက်ကျိနေခြင်းကြောင့် နေရောင်ခြည်သည် ကန်အောက်ခြေအထိ မဖောက် ထွင်းနိုင်သောကြောင့် သဘာဝအစာ (ရေဩဇာတက်ခြင်း)ပေါက်ဖွားမှုလည်း ကျဆင်းလာပါသည်။ 

    အဆိုပါကန်ရေနောက်ကျိပါက အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်- 

     တစ်ဧကလျှင် ထုံးမှုန့် ပိဿာ (၆၀-၉၀) အထိ (သို့မဟုတ်) ကောက်ရိုးပိဿာ (၆၀-၉၀)အထိထည့်သွင်း ပေးပါ။ ကောက်ရိုးကို အသုံးပြုပါက ၂ရက် ၃ရက်ကြာလျှင် ကောက်ရိုးများကိုပြန်လည်ဆယ်ထားပေးပါ 

     တစ်ဧကလျှင် ကျောက်ချဉ် (၁၅) ပိဿာထည့်ပေးခြင်းဖြင့်လည်း ကန်ရေကို ကြည်လင်စေပါသည်။ 

    ✦✦✦✦✦✦✦✦ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
1
comments
0
views
3511