ပြည်နယ်နှင့်တိုင်းအလိုက် မိုးလေဝသခန့်မှန်းချက်၊ စိုက်/မွေးအကြံပြုချက်
- ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက် မှ စက်တင်ဘာလ ၂ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် - ရန်ကုန်တိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၉) ရာခိုင်နှုန်း မှ (၉၇) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၂၇ ရက်နေ့ မှ ၂၉ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် မိုး ဆက်လက် ရွာသွန်းနိုင်ပါသည်။ သြဂုတ်လ ၃၀ ရက်နေ့တွင် ၈၃ ရာခိုင်နှုန်းရှိသဖြင့် မိုးအားလျော့နည်းနိုင်ပြီး ၃၁ ရက်နေ့တွင် နေသာနိုင်ပါသည်။ စက်တင်ဘာ ၁၊ ၂ ရက်နေ့တို့တွင် မိုးပြန်လည် ရွာသွန်းနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မန္တလေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၄) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၂၇၊ ၂၈ ရက်နေ့တို့တွင် မိုးရွာရန် ၉၁%၊ ၉၄% ရာခိုင်နှုန်းတို့ အသီးအသီးရှိပြီး ကျန်ရက်များတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းအောက် ရှိနိုင်ပါသည်။ စက်တင်ဘာ ၂ ရက်နေ့တွင် ၇၅ ရာခိုင်နှုန်းရှိပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၆°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။ - နေပြည်တော်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၃၀ ရက်နေ့အထိ မိုး ဆက်လက်ရွာသွန်းနိုင်ပါသည်။ ကျန်ရက်များတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းအောက် ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - တောင်ကြီးအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၃၀ ရက်နေ့အထိ မိုး ဆက်လက်ရွာသွန်းနိုင်ပါသည်။ ကျန်ရက်များတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းအောက် ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၂၆°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မကွေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၈၅) ရာခိုင်နှုန်း အထိရှိနိုင်ပါတယ်။ သြဂုတ်လ ၂၈၊ ၂၉၊ ၃၀ရက်တို့တွင် မိုးရွာရန် ၈၀ %၊ ၇၅ %၊ ၈၅ % အသီးသီးရှိသဖြင့် မိုးအနည်းငယ် ရွာသွန်းနိုင်ပါသည်။ ကျန်ရက်များတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းအောက် ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၂၇၊ ၂၉၊ ၃၀ရက်တို့တွင် မိုးရွာရန် ၉၉ % ၊ ၉၄ % ၊ ၉၄ % အသီးသီးရှိသဖြင့် မိုးသည်းထန်နိုင်ပါသည်။ ကျန်ရက်များတွင် မိုးရွာရန် ၇၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ဩဂုတ်လ ၂၇ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များ ရွေ့လျားဝင်ရောက်လာတာကြောင့် .. ရှမ်း အရှေ့/ရှမ်းတောင်နဲ့ မန္တလေးတိုင်း-ရှမ်းပြည်နယ်အစပ်က ဒေသတွေ မိုးများနိုင်တဲ့ အခြေအနေအသေးစိတ်ကြိုတင်ခန့်မှန်းချက်ဖြစ်ပါတယ်။
- တောင်ကြီး-ကလော-အောင်ပန်း တောက်လျှောက်မိုးများနိုင်ပါတယ်။ အင်းလေးရေတက်လာနိုင်ပါတယ်။ မန္တလေးတိုင်းထဲက - ရမည်းသင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ သာစည်၊ ဟံဇား၊ ဝမ်းတွင်း၊ သဲတော ဒေသတွေ မိုးများနိုင်ပါတယ်။
- ၂၉ ရက်နေ့ကျော်ရင် မိုးပြန်လျော့နည်းသွားပြီး အရှေ့ဘက်က လေဖိအားနည်းရပ်ဝန်းအသစ် ၁ ခု ကြောင့် စက်တင်ဘာ လဆန်းပိုင်း ၁ ရက် မှ ၅ ရက်လောက်အထိ မိုးတကြိမ်ပြန်များနိုင်ပါဦးမယ်။ - ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ နေပြည်တော်နဲ့ မန္တလေးတိုင်းတွေမှာ မိုးများပါဦးမယ်။ အခုရရှိပြီးခန့်မှန်းချက်အရ စိုးရိမ်စရာအကောင်းဆုံး မိုးအလွန်များနိုင်တဲ့ -
- **တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်** ဒေသတွေအတွက် အရင်သတိပေးထားရပါမယ်။
 - (ဩဂုတ်လ ၂၇ ရက်၊ နေ့လည် ၁၂ နာရီ ချိန် သုံးသပ်ချက်) - ကိုးကား။ Accweather ၊ ဆရာဦးဝင်းနိုင် - ငရုတ်စိုက်တောင်သူများထံသို့ စာကိုစပိုးရားရွက်ပြောက်ရောဂါကာကွယ်နည်းအကြံပြုချက်.. - ရောဂါလက္ခဏာအနေဖြင့် အရွက်အပေါ်မျက်နှာပြင်တွင် မီးခိုးရောင်နှင့် အညိုရောင်အနားသတ်တွင် အမဲရောင်လက်ဗွေရစ်များပါသော အကွက်များတွေ့ရတတ်ပြီးအကွက်များကျယ်ပြန့်ချိတ်ဆက်သွားသောအချိန်တွင် အရွက်များ ညှိုးခြောက်ကြွေကျတတ်သည်။
- မျိုးစေ့နှင့်ရောဂါကျပင်ကြွင်းပင်ကျန်များမှ တစ်ဆင့်ကူးစက်နိုင်ပြီး အရွက်များထိစပ်ခြင်း၊ အပင်မှအုပ်မိုး၍ရေဖျန်းခြင်းနှင့် လေအားဖြင့်လည်းကူးစက်နိုင်သည်။
 - ကာကွယ်နှိမ်နင်းနည်းအနေဖြင့် - ရောဂါကင်းစင်ကြောင်းထောက်ခံချက်ပါသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ
- စိုက်ခင်းကိုလေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပါ
- အာဟာရကို မျှတစွာထည့်သွင်းပါ
- ရောဂါကျပင်ကြွင်းပင်ကျန်များနှင့် ပေါင်းမြက်များကိုရှင်းလင်းပါ
- အသုံးပြုနိုင်သောဓာတုဆေးများ- Chlorothalonil, Cymoxanil+Mancozeb, Difenoconazole, Azoxystrobin
 - ငါးမွေးမြူရေး အကြံပြုချက် - မိုးရွာရန် ရွာနှုန်းမြင့်နေပါသဖြင့် ငါးကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်ပါသည်။ ငါးကန် ရေအရောင်ပြောင်းလဲမှုများ ဖြစ်တတ်ပါသည်။ ဤအခြေအနေများတွင် ငါးများသည် ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်းကျဆင်းလာနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငါးများသည် သွေးအေးသတ္တဝါများ ဖြစ်တာနှင့်အညီ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မခံနိုင်ကြပေ။ ထို့ကြောင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် ၃၀ ရာခိုင်နှုန်း လျော့ကျွေးရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။ တကယ်၍ နေပြန်ပူလာချိန်တွင် ရေကန်သည် အစိမ်းရောင် မသမ်းပါက ရေသြဇာပြန်ကျွေးပေးရပါမည်။ - ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
