ရန်ကုန်တိုင်း စက်တင်ဘာလ ၁ ရက် မှ စက်တင်ဘာလ ၇ ရက်အထိ မိုးလေဝသအခြေအနေ
အရှေ့/အနောက်ပင်လယ်ပြင်များတွင် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ
ယခု ၁ ပါတ်အတွင်း -
· ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် အထက်အမြင့်လေပွေလှိုင်း(UACC)တကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုအားကောင်းလာကာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပါတယ်၊ မုန်တိုင်းအဆင့်အထိအားကောင်းလာနိုင်ခြင်းမရှိပါ။
· တောင်တရုတ်ပင်လယ်တွင်လည်း အထက်အမြင့်လေပွေလှိုင်း ၁ ခုဖြစ်ပေါ်နိုင်ပြီး စက်တင်ဘာလ ၇ ရက်နေ့အထိ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ပိုမိုအားကောင်းလာနိုင်ဖွယ်မရှိပါ။
၇ ရက်အတွင်း နှင့် နေ့စဉ်ပျမ်းမျှရွာသွန်းရရှိနိုင်သည့် မိုးရေချိန်
· စက်တင်ဘာ ၁ ရက် မှ ၇ ရက်အထိ ၇ ရက်အတွင်း မိုးရေချိန်ရွာသွန်းရရှိနိုင်မည့်အခြေအနေသည် - ရန်ကုန်တိုင်းမြောက်ပိုင်း၊ အရှေ့ပိုင်းနှင့်တောင်ပိုင်း (ပင်လယ်ကမ်းရိုးတန်းအနီး)ဒေသများတွင် ၇ ရက် မိုးရေချိန် ၄ လက်မ မှ ၇ လက်မ ခန့်အထိ ရွာသွန်းရရှိနိုင်ပြီး၊
· ရန်ကုန်တိုင်းမှကျန်ရှိသော မြို့နယ်များမှာ ယခု ၁ ပါတ်အတွင်း နေသာရက် ၃ ရက်ခန့်ရှိနိုင်ပြီး၊ မိုးအနည်းငယ်မှ အသင့်အတင့်ရွာသွန်းနိုင်ပါမယ်။
· နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မ မှ ၁.၂ လက်မ(မိုးအနည်းငယ်မှ မိုးအသင့်အတင့်) ရွာသွန်းနိုင်ပါမယ်
· ရန်ကုန်တိုင်းတောင်ပိုင်း၊ ပင်လယ်ကမ်းရိုးတန်းကျေးရွာများဖြစ်သည့် - ငွေသောင်ယံနှင့် သာယာကုန်းကျေးရွာများတွင် အနောက်-အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့်အထိ ရှိနိုင်ပြီး၊ စက်တင်ဘာလ ၅ ရက်နေ့တွင် မိုးအများဆုံးရွာသွန်းနိုင်(၂၄ နာရီ ခန့်မှန်းမိုးရေချိန် ၁.၂၄ လက်မခန့်ရှိနိုင်)ပါမယ်
· ရန်ကုန်တိုင်းမြောက်ပိုင်း ငမိုးရိပ်ရေလှောင်တမံတွင် စက်တင်ဘာလ ၄/၅/၆ ၃ ရက်တွင် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၆ လက်မ နှင့်အထက် ရွာသွန်းရရှိနိုင်ပါမယ်။
မုတ္တမကွေ့ပင်လယ်အခြေအနေများ
ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်းတောင်ဘက် ပင်လယ်ကမ်းရိုးတန်းအနီးပင်လယ်ပြင်တွင် လေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့်နှင့် လှိုင်းအမြင့် ၄ ပေ ခန့်ရှိနိုင်ပါတယ်၊
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ရန်ကုန်တိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C နှင့် ခံစားရသည့်အပူချိန် ၃၈°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၉၀% နှင့် ၁၀၀% အတွင်းရှိနိုင်ပါမယ်။
· ရန်ကုန်မြို့ပေါ်ရပ်ကွက်များတွင် တောင်ဘက်/အနောက်တောင်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၇ မိုင်နှုန်းခန့်ရှိနိုင်ပါမယ်။
· ရန်ကုန်မြို့ပေါ်ရပ်ကွက်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) 25 ရှိနိုင်ပါမယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့....
- ရိတ်သိမ်းချိန်တွင် သတိပြုရမည့်အချက်များကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- စပါးရိတ်သိမ်းချိန်တွင် မိုးရွာနိုင်ချေ ရှိ၊မရှိသေချာစစ်ဆေးပါ။
- အနှံစေ့များအစိုဓာတ် ၂၀-၂၅ ရာခိုင်နှုန်းရှိချိန် (သို့မဟုတ်) အနှံအစေ့ပမာဏ ၈၀-၈၅ ရာခိုင်နှုန်းကောက်ရိုးရောင်ပြောင်းချိန်နှင့် အနှံအောက်ပိုင်းရှိ အစေ့များမာချိန်တွင် ရိတ်သိမ်းပါ။
- ဆန်ကွဲများစွာမရစေရန် အစေ့ခြွေခြင်းနှင့် အခြောက်ခံခြင်းတို့ကို စပါးရိတ်သိမ်းပြီးပြီးချင်း တစ်ပြိုင်တည်းဆောင်ရွက်ပါ။
- အခြောက်ခံရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းထိရောက်အောင် အခြောက်ခံပါ။
- အခြောက်ခံရတာတွင် လေ၏အပူချိန်သည် (၄၃ ဒီဂရီစင်တီဂရိတ်) ထက်မပိုပါစေနဲ့။
- စပါးကိုလွန်ကဲစွာအခြောက်ခံမိပါက အစိုပြန်ခြင်းများဖြစ်ပေါ်နိုင်ပြီး တစ်ဆက်တည်းမှာပဲ ဆန်သားတွင် အက်ကြောင်းထင်ခြင်း၊ အကျိုးအကြေများခြင်းများဖြစ်နိုင်ပါတယ်။
ငါးဖြည့်စွက်စာ ကျွေးခြင်းဆိုင်ရာ အကြံပြုချက်
ဖြည့်စွက်စာကို စနစ်တကျကျွေးရာတွင် ကန်ရေ၏ အရည်အသွေးကို တိုင်းတာစစ်ဆေးရန် လိုအပ်ပါသည်။ ကန်ရေ အရည်အသွေး(စံ)မှီပါက ဖြည့်စွက်စာကို သတ်မှတ်နှုန်းထားအတိုင်း ကျွေးမွေးပါက ၊ ဖြည့်စွက်စာအနည်းငယ်သာသုံး စွဲရပါမည်။
ဖြည့်စွက်စာ ကုန်ကျစရိတ်သက်သာစေရန်အတွက် ကန်ရေဩဇာကို ကောင်းမွန်စွာဆောင်ရွက်ထားပြီး အောက်ပါအတိုင်း အာဟာရပြည့်ဝသော ဖြည့်စွက်စာကို တွက်ချက်ကျွေးမွေးရန် လိုအပ်ပါသည်။ ငါးသန် ပြုစုကန်များအတွက် ကန်အတွင်းရှိ ငါးအလေးချိန်စုစုပေါင်း၏ ( 8% မှ 6%) ကို တနေ့လျှင် (၃)ကြိမ်မှ (၄)ကြိမ် အထိကျွေးပေးပါ။ အသားတိုးကန်များအတွက် မိမိမွေးမြူထားသော ငါးသည် ၂၀ကျပ်သားအထက်ရှိပါက ကန်အတွင်းရှိ ငါးအလေးချိန်စုစုပေါင်း၏ (4% မှ 3%) ဖြင့်တွက်ချက်ကျွေးပါက ဖြည့်စွက်စာဖိုးကုန်ကျစရိတ် သက်သာလာပြီး ငါးထုတ်လုပ်မှုလည်းပုံမှန်မြင့်တက်လာပါမည်။
-------
မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price