cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း စက်တင်ဘာလ ၁ ရက် မှ စက်တင်ဘာလ ၇ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရန်ကုန်တိုင်းမြောက်ပိုင်း ငမိုးရိပ်ရေလှောင်တမံတွင် စက်တင်ဘာလ ၄/၅/၆ ၃ ရက်တွင် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၆ လက်မ နှင့်အထက် ရွာသွန်းရရှိနိုင်ပါမယ်။
  • အရှေ့/အနောက်ပင်လယ်ပြင်များတွင် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ 

    ယခု ၁ ပါတ်အတွင်း - 

    ·          ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် အထက်အမြင့်လေပွေလှိုင်း(UACC)တကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုအားကောင်းလာကာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပါတယ်၊ မုန်တိုင်းအဆင့်အထိအားကောင်းလာနိုင်ခြင်းမရှိပါ။ 

    ·          တောင်တရုတ်ပင်လယ်တွင်လည်း အထက်အမြင့်လေပွေလှိုင်း ၁ ခုဖြစ်ပေါ်နိုင်ပြီး စက်တင်ဘာလ ၇ ရက်နေ့အထိ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ပိုမိုအားကောင်းလာနိုင်ဖွယ်မရှိပါ။ 

    ၇ ရက်အတွင်း နှင့် နေ့စဉ်ပျမ်းမျှရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          စက်တင်ဘာ ၁ ရက် မှ ၇ ရက်အထိ ၇ ရက်အတွင်း မိုးရေချိန်ရွာသွန်းရရှိနိုင်မည့်အခြေအနေသည် - ရန်ကုန်တိုင်းမြောက်ပိုင်း၊ အရှေ့ပိုင်းနှင့်တောင်ပိုင်း (ပင်လယ်ကမ်းရိုးတန်းအနီး)ဒေသများတွင် ၇ ရက် မိုးရေချိန် ၄ လက်မ မှ ၇ လက်မ ခန့်အထိ ရွာသွန်းရရှိနိုင်ပြီး၊ 

    ·          ရန်ကုန်တိုင်းမှကျန်ရှိသော မြို့နယ်များမှာ ယခု ၁ ပါတ်အတွင်း နေသာရက် ၃ ရက်ခန့်ရှိနိုင်ပြီး၊ မိုးအနည်းငယ်မှ အသင့်အတင့်ရွာသွန်းနိုင်ပါမယ်။ 

    ·          နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မ မှ ၁.၂ လက်မ(မိုးအနည်းငယ်မှ မိုးအသင့်အတင့်) ရွာသွန်းနိုင်ပါမယ် 

    ·          ရန်ကုန်တိုင်းတောင်ပိုင်း၊ ပင်လယ်ကမ်းရိုးတန်းကျေးရွာများဖြစ်သည့် - ငွေသောင်ယံနှင့် သာယာကုန်းကျေးရွာများတွင် အနောက်-အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့်အထိ ရှိနိုင်ပြီး၊ စက်တင်ဘာလ ၅ ရက်နေ့တွင် မိုးအများဆုံးရွာသွန်းနိုင်(၂၄ နာရီ ခန့်မှန်းမိုးရေချိန် ၁.၂၄ လက်မခန့်ရှိနိုင်)ပါမယ် 

    ·          ရန်ကုန်တိုင်းမြောက်ပိုင်း ငမိုးရိပ်ရေလှောင်တမံတွင် စက်တင်ဘာလ ၄/၅/၆ ၃ ရက်တွင် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၆ လက်မ နှင့်အထက် ရွာသွန်းရရှိနိုင်ပါမယ်။ 

    မုတ္တမကွေ့ပင်လယ်အခြေအနေများ 

    ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်းတောင်ဘက် ပင်လယ်ကမ်းရိုးတန်းအနီးပင်လယ်ပြင်တွင် လေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့်နှင့် လှိုင်းအမြင့် ၄ ပေ ခန့်ရှိနိုင်ပါတယ်၊ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ရန်ကုန်တိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C နှင့် ခံစားရသည့်အပူချိန် ၃၈°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၉၀% နှင့် ၁၀၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          ရန်ကုန်မြို့ပေါ်ရပ်ကွက်များတွင် တောင်ဘက်/အနောက်တောင်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၇ မိုင်နှုန်းခန့်ရှိနိုင်ပါမယ်။ 

    ·          ရန်ကုန်မြို့ပေါ်ရပ်ကွက်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) 25 ရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးဖြည့်စွက်စာ ကျွေးခြင်းဆိုင်ရာ အကြံပြုချက် 

    ဖြည့်စွက်စာကို စနစ်တကျကျွေးရာတွင် ကန်ရေ၏ အရည်အသွေးကို တိုင်းတာစစ်ဆေးရန် လိုအပ်ပါသည်။ ကန်ရေ အရည်အသွေး(စံ)မှီပါက ဖြည့်စွက်စာကို သတ်မှတ်နှုန်းထားအတိုင်း ကျွေးမွေးပါက ၊ ဖြည့်စွက်စာအနည်းငယ်သာသုံး စွဲရပါမည်။  

    ဖြည့်စွက်စာ ကုန်ကျစရိတ်သက်သာစေရန်အတွက် ကန်ရေဩဇာကို ကောင်းမွန်စွာဆောင်ရွက်ထားပြီး အောက်ပါအတိုင်း အာဟာရပြည့်ဝသော ဖြည့်စွက်စာကို တွက်ချက်ကျွေးမွေးရန် လိုအပ်ပါသည်။ ငါးသန် ပြုစုကန်များအတွက် ကန်အတွင်းရှိ ငါးအလေးချိန်စုစုပေါင်း၏ ( 8% မှ 6%) ကို တနေ့လျှင် (၃)ကြိမ်မှ (၄)ကြိမ် အထိကျွေးပေးပါ။ အသားတိုးကန်များအတွက် မိမိမွေးမြူထားသော ငါးသည် ၂၀ကျပ်သားအထက်ရှိပါက ကန်အတွင်းရှိ ငါးအလေးချိန်စုစုပေါင်း၏ (4% မှ 3%) ဖြင့်တွက်ချက်ကျွေးပါက ဖြည့်စွက်စာဖိုးကုန်ကျစရိတ် သက်သာလာပြီး ငါးထုတ်လုပ်မှုလည်းပုံမှန်မြင့်တက်လာပါမည်။  

    ------- 

    မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12                

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.                

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
6
comments
0
views
2261