cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း စက်တင်ဘာလ ၃ ရက်မှ ၉ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မကွေးတိုင်းတောင်ပိုင်း အောင်လံ၊ ပွင့်ဖြူမြို့နယ်များတွင် ၇ ရက် မိုးရေချိန် ၁.၅ လက်မ မှ ၂ လက်မခန့်၊ မကွေးတိုင်းအနောက်-အနောက်မြောက်ပိုင်းမှ ဂန့်ဂေါ၊ ဆော၊ ထီးလင်းနှင့် ချင်းတောင်တန်းတောင်ခြေမှ မြို့နယ်များမှာ ၇ ရက် မိုးရေချိန် ၂ လက် မ မှ ၂.၅ လက်မ ခန့်ရွာသွန်းနိုင်ပါမယ်
  • ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ၁ ခု စတင်ဖြစ်ပေါ်လျှက်ရှိပြီး မြောက်-အနောက်မြောက်ဘက်၊ အိန္ဒိယကမ်းရိုးတန်းဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးကုန်းတွင်းသို့ဝင်ရောက်သွားနိုင်ပါမယ်၊ အားအကောင်းဆုံးအဆင့် Well-Marked LPA အဆင့်သို့သာရောက်နိုင်ကြောင်းခန့်မှန်းရပါတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးအနည်းငယ်ပိုလာနိုင်ပါတယ်။ 

    မကွေးတိုင်းတွင် ရွာသွန်းရရှိနိုင်မည့် မိုးအခြေအနေ 

    ·          မကွေးတိုင်းတခုလုံး မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင် ၇ ရက်အတွင်းပျမ်းမျှမိုးရေချိန် ၀.၅ လက်မမှ ၂.၅ လက်မခန့် ရွာသွန်းနိုင်ပြီး၊ 

    ·          အနောက်-အနောက်မြောက်ပိုင်း ချင်းတောင်တန်းတောင်ခြေနှင့်နီးသောဒေသများတွင် မကွေးတိုင်းအလယ်ပိုင်းမှ မကွေးမြို့၊ မင်းဘူးမြို့၊ ပခုက္ကူမြို့များနှင့်နှိုင်းယှဉ်ပါက ၇ ရက်မိုးရေချိန်အနည်းငယ်ပိုနိုင်ပါတယ်။ 

    ·          မကွေးတိုင်းမြောက်ပိုင်း - ပခုက္ကူ၊ ရေစကြို၊ မြိုင်စသည့်မြို့နယ်များမှာ ၇ ရက်မိုးရေချိန် ၀.၅ လက်မ မှ ၁ လက်မခန့်၊ 

    ·          မကွေးတိုင်းအလယ်ပိုင်း မကွေး၊ မင်းဘူး၊ နတ်မောက်နှင့်တောင်တွင်းကြီးမြို့နယ်များတွင် ၇ ရက်မိုးရေချိန် ၁ လက်မ မှ ၁.၅ လက်မခန့်၊ 

    ·          မကွေးတိုင်းတောင်ပိုင်း အောင်လံ၊ ပွင့်ဖြူမြို့နယ်များတွင် ၇ ရက် မိုးရေချိန် ၁.၅ လက်မ မှ ၂ လက်မခန့်၊ 

    ·          မကွေးတိုင်းအနောက်-အနောက်မြောက်ပိုင်းမှ ဂန့်ဂေါ၊ ဆော၊ ထီးလင်းနှင့် ချင်းတောင်တန်းတောင်ခြေမှ မြို့နယ်များမှာ ၇ ရက် မိုးရေချိန် ၂ လက် မ မှ ၂.၅ လက်မ ခန့်ရွာသွန်းနိုင်ပါမယ် 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          မကွေးတိုင်းတွင် အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ 

    ·          တောင်ဘက်နှင့်အရှေ့တောင်ဘက်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၄ မိုင်မှ တနာရီ ၂၀ မိုင်အထိရှိနိုင်ပါမယ်။ 

    ·          ခံစားရသောအပူချိန်(Apparent Temperature) ပခုက္ကူနဲ့ချောက်မြို့တွေမှာ ၄၀°C အထိရှိနိုင်ပါမယ်။ 

    ·          နံနက်ပိုင်းနှင့် မွန်းလွဲ/ညနေပိုင်းအချိန်များမှာ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% ရှိနိုင်ပြီး နေ့လည်ပိုင်းအချိန်တွေမှာ ၆၀% ရှိနိုင်ပါမယ် 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) 40 ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level သို့ မရောက်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မကွေးတိုင်းဒေသကြီးအတွင်း မတ်ပဲစိုက်ပျိုးမည့်တောင်သူများအတွက် 

    မတ်ပဲအထွက်တိုးစေရန် စိုက်ပျိုးနည်းအကြံပေးချက် 

    • မြေပြင်ချိန်တွင် တစ်ဧကလျှင် မြေခံအနေဖြင့် ၁၅ ပတ်လည် (၁) အိတ် နှင့် ဂျစ်ပ်ဆမ် (၁) အိတ်နှုန်း ထည့်ပေးပါ။ 
    • မတ်ပဲစိုက်ပြီး (၁၀-၁၅) ရက်သားမှစ၍ သီးပွင့်ချိန်အထိ အနည်းလိုအာဟာရများ ပါဝင်သောရွက်ဖျန်းအားဆေးကို ၁၀ ရက်ခြား တစ်ကြိမ် ပက်ဖျန်းပေးပါ။ 
    • မတ်ပဲ ပန်းစတင်ပွင့်ချိန်မှစ၍ အမိုင်နိုအက်ဆစ်နှင့် နိုက်ထရိုဂျင်+ဖော့စဖောရပ် အချိုးကျ ပါဝင်သော ရွက်ဖျန်းအားဆေးကို ပက်ဖျန်းပေးပါ။ 
    • အပင်တစ်လသားအတွင် ပေါင်းမြက်ကင်းစင်ရန် အထူးဂရုစိုက်ပါ။ 
    • အပင်ငယ်စဥ်ကျရောက်တတ်သော ရောဂါများ ကာကွယ်နိုင်စေရန် မျိုးစေ့လူးနယ်ဆေးသုံး၍ စိုက်ပျိုးပေးပါ။ 
    • အပင်ငယ်စဉ်မှစ၍ ပျ၊ လှေး၊ ပင်စည်ထိုးယင်များကို ကာကွယ်ပေးပါ။ အဝါရောင်မိုစေ့ရောဂါ မဖြစ်ရန် ဗိုင်းရက် သယ်ဆောင်သော ယင်ဖြူများကို ကြိုတင်ကာကွယ်ပါ။ 

    ငါးအစာကျွေးခြင်းနည်းလမ်း 

    - မိမိထည့်သွင်းမွေးမြူထားသောငါးမျိုးစိတ်များနှင့် ငါးမွေးမြူသည့်နည်းစနစ်ပေါ်မူတည်ပြီး ငါးအ စာ ကျွေးခြင်း နည်းလမ်းအမျိုးမျိုးရှိပါသည်။ မိမိသတ်မှတ်ထားသည့် ပုံမှန်နေရာ (၄)နေရာ (သို့) (၆) နေရာ၌ အညီအမျှ ကျဲပက်၍အစာကျွေးခြင်း။ 

    - ကန်ဘောင်မှ (၆)ပေ (သို့) (၁၀)ပေခန့်ရှည်သော လူသွားလမ်း (သို့) တံတားပြုလုပ်၍ အစာကို ကျဲပက်ကျွေးခြင်း၊ ကန်အလယ်၌ စင်ပြုလုပ်၍ ပက်ကျွေးမွေးခြင်း၊ အစာဗန်းပြုလုပ်၍ ကျွေးခြင်း။ 

    - ကန်ထဲလှေစီးပြီး ကန်၏ တစ်ဘက်တစ်ချက်သို့ သွားရောက်၍ အစာပက်ကျွေးခြင်း။ 

    - ကြီးသောကန်အမျိုးအစားများအတွက် ကြိုး (၂) ချောင်း (သို့) (၃) ချောင်းအား ကန်၏ အရှည် အကျယ်အတိုင်း တားစေပြီး ၄င်းကြိုးလေးများအရှည်အတိုင်း လှေဖြင့်ဖြစ်စေ ဝါးဖောင်ဘောဖြင့် အစာကျွေးနိုင်ပါသည်။ 

    ---------------              

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12                

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.                

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
2823