cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပြည်နယ်နှင့်တိုင်းအလိုက် မိုးလေဝသခန့်မှန်းချက်၊ စိုက်/မွေးအကြံပြုချက်

. Weather News
၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် မှ စက်တင်ဘာလ ၉ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်
  • ရန်ကုန်တိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၃၊ ၄၊ ၆၊ ၇ ရက်နေ့တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် မိုး ဆက်လက် ရွာသွန်းနိုင်ပါသည်။ ကျန်ရက်များတွင် ၇၀ ရာခိုင်နှုန်းခန့်သာ ရှိသဖြင့် နေပွင့်နိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။            

    မန္တလေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၈၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၃ရက်နေ့တွင် မိုးရွာနိုင်ဖွယ်ရှိပြီး ကျန်ရက်များတွင် နေသာနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။               

      နေပြည်တော်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁) ရာခိုင်နှုန်း မှ (၇၅) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၃ရက်မှ ၉ ရက်နေ့အထိ မိုးရွာရန် ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။               

      တောင်ကြီးအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈၀) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပြီး ၈၊ ၉ ရက်တို့တွင် ၈၀ ရာခိုင်နှုန်းဝန်းကျင် ရှိသဖြင့် ဒီတစ်ပတ်အတွင်း မိုး ဆက်လက်ရွာသွန်းနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်ပါတယ် ခင်ဗျာ။              

      မကွေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၉၇) ရာခိုင်နှုန်း အထိရှိနိုင်ပါတယ်။ စက်တင်ဘာလ ၃ရက်နေ့တွင် မိုးရွာနိုင်ဖွယ်ရှိပြီး ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာရှိသဖြင့် နေသာနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။               

      ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၃ရက်မှ ၇ ရက်နေ့အထိ မိုးဆက်လက်ရွာသွန်းနိုင်ပြီး ကျန် ၂ ရက်တွင် တိမ်ထူထပ်မှုသာ ရှိနိုင်သည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။    

    • တောင်ငူ - စစ်တောင်းမြစ်ရေကြီးနိုင်ခြင်း သတိပေး LEVEL MEDIUM (YELLOW)မှ စက်တင်ဘာ ၇ ရက်နှင့် ၁၃ ရက်တွင် LOW LEVEL(GREEN)သို့ပြန်ကျနိုင်ပြီး ၁၄ ရက်နေ့တွင် ပြန်လည်မြင့်တက်ကာ စက်တင်ဘာ ၁၇ ရက်အထိ MEDIUM LEVEL(YELLOW)တွင် ဆက်လက်ရှိနေနိုင်သည်။ 
    • ကရင်ပြည်နယ် - သံလွင်မြစ်ရေကြီးနိုင်ခြင်း သတိပေး LEVEL စက်တင်ဘာ ၃ ရက်နေ့တွင် HIGH LEVEL(RED)သို့ မြင့်တက်လာနိုင်ပြီး HIGH ALERT LEVEL တွင် စက်တင်ဘာ ၁၇ ရက်အထိ ဆက်လက်တည်ရှိနေနိုင်သည်။ 
    • စက်တင်ဘာ ၃ ရက် နံနက် ၁၁ နာရီ (Global Flood Awareness System - GloFAS) 

    ကိုးကား။ Accweather ၊ ဆရာဦးဝင်းနိုင်      

    မြေပဲစိုက်တောင်သူများအတွက် မွှားပင့်ကူကာကွယ်နှိမ်နင်းနည်းအကြံပြုချက် 

    • မွှားပင့်ကူနီသည် အရွက်အောက်မျက်နှာပြင်တွင်နေပြီး အပင်ရည်ကို စုပ်ယူဖျက်ဆီးတာကြောင့် အရွက်အပေါ်မျက်နှာပြင်တွင် အဝါရောင်ခပ်မှိုင်းမှိုင်း အပြောက်များတွေ့ရပြီး ဆိုးရွားစွာကျရောက်ပါက အရွက်များတွန့်ကုပ်ခြောက်သွေ့သွားသည်။ 
    • မွှားပင့်ကူ၏ပါးစပ်အစိတ်အပိုင်းမှ ချည်မျှင်များထုတ်နိုင်ပြီး ကျရောက်မှုများပါက တစ်ပင်လုံးကို ချည်မျှင်ဖြင့်ရစ်ပတ်ကာ အပင်ပုခြင်း၊ ပုံသဏ္ဍာန်မမှန်ခြင်းကိုဖြစ်စေသည်။ 
    • ကာကွယ်နှိမ်နင်းနည်းအနေဖြင့် စိုက်ခင်းအစိုဓာတ်မပြတ်အောင်ဂရုပြုပါ။ 
    • ပတ်ဝန်းကျင် ပေါင်းမြက်များကိုသေချာရှင်းပေးပါ။ 
    • နိုက်ထရိုဂျင်(N) အဓိကပါသောရွက်ဖျန်းအားဆေးများအလွန်အကျွံမသုံံးပါနဲ့။ 
    • အသုံးပြုနိုင်သောဓာတုဆေးများ- Abamectin, Cyrantraniliprole, Spirotetramat, Sulphur 

    ငါးအစာကျွေးခြင်းနည်းလမ်း 

    - မိမိထည့်သွင်းမွေးမြူထားသောငါးမျိုးစိတ်များနှင့် ငါးမွေးမြူသည့်နည်းစနစ်ပေါ်မူတည်ပြီး ငါးအ စာ ကျွေးခြင်း နည်းလမ်းအမျိုးမျိုးရှိပါသည်။ မိမိသတ်မှတ်ထားသည့် ပုံမှန်နေရာ (၄)နေရာ (သို့) (၆) နေရာ၌ အညီအမျှ ကျဲပက်၍အစာကျွေးခြင်း။ 

    - ကန်ဘောင်မှ (၆)ပေ (သို့) (၁၀)ပေခန့်ရှည်သော လူသွားလမ်း (သို့) တံတားပြုလုပ်၍ အစာကို ကျဲပက်ကျွေးခြင်း၊ ကန်အလယ်၌ စင်ပြုလုပ်၍ ပက်ကျွေးမွေးခြင်း၊ အစာဗန်းပြုလုပ်၍ ကျွေးခြင်း။ 

    - ကန်ထဲလှေစီးပြီး ကန်၏ တစ်ဘက်တစ်ချက်သို့ သွားရောက်၍ အစာပက်ကျွေးခြင်း။ 

    - ကြီးသောကန်အမျိုးအစားများအတွက် ကြိုး (၂) ချောင်း (သို့) (၃) ချောင်းအား ကန်၏ အရှည် အကျယ်အတိုင်း တားစေပြီး ၄င်းကြိုးလေးများအရှည်အတိုင်း လှေဖြင့်ဖြစ်စေ ဝါးဖောင်ဘောဖြင့် အစာကျွေးနိုင်ပါသည်။ 

    ---------------              

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12                

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.                

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


likes
8
comments
0
views
3452