cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း စက်တင်ဘာလ ၈ ရက် မှ စက်တင်ဘာလ ၁၄ ရက်အထိ မိုးလေဝသအခြေအနေ

. Fish Quiz
ရန်ကုန်မြောက်ပိုင်းခရိုင် - သောကြာ-စနေနေ့တွင် မိုးအဆက်မပြတ် ထစ်ချုန်းရွာနိုင်သည်။ ရန်ကုန်တောင်ပိုင်းခရိုင် - မိုးအသင့်အတင့်ရွာပြီး၊ ယခုသီတင်းပတ်အလယ်တွင် ပိုမိုသည်းထန်နိုင်မည်။ ရန်ကုန်အရှေ့ပိုင်းခရိုင် - အထူးသဖြင့် နေ့လည်ပိုင်းနှင့် ညနေပိုင်းများတွင် မိုးအနည်းငယ်(မိုးဖွဲဖွဲ)ရွာနိုင်သည်။ ရန်ကုန်အနောက်ပိုင်းခရိုင် - မိုးပြတ်တောင်းရွာပြီး၊ သီတင်းပါတ်အကုန်ရက်များ(စနေ+တနင်္ဂနွေရက်များ)တွင် မိုးသည်းထန်နိုင်သည်။
  • အရှေ့/အနောက်ပင်လယ်ပြင်များတွင် ယခု ၁ ပါတ်အတွင်းဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ 

    ယခု ၁ ပါတ်အတွင်း - 

    ·          စက်တင်ဘာလ ၈ ရက် မြန်မာစံတော်ချိန်နေ့လည်ပိုင်းမှာ တောင်တရုတ်ပင်လယ်မှ မုန်တိုင်း TAPAH က တရုတ်ပြည်မ၊ Guangzhou ပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေပြီး အိန္ဒိယ-ပါကစ္စတန်နယ်စပ်မှ ကုန်းတွင်းမုန်တိုင်း(အမည်မရှိ)သည် အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့အနီးမှတဆင့် အာရေဗျပင်လယ်၊ ပင်လယ်ရေပြင်သို့ ဆင်းသက်ရွေ့လျားနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ 

    ·          မုန်တိုင်း TAPAH သည် တိုင်ဖွန်းမုန်တိုင်းအဆင့်(လေတိုက်နှုန်း 64 knots အထက်)သို့မရောက်နိုင်တော့ပဲ “အားကောင်းသောအပူပိုင်းမုန်တိုင်း”အဆင့်ဖြင့်သာ ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း JTWC, JMA နှင့် HKO အစရှိသည့် မိုးလေဝသ/ရာသီဥတုနှင့် မုန်တိုင်းလေ့လာစောင့်ကြည့်ရေးဌာနများမှ ထုတ်ပြန်သည့်ကြေညာချက်များအရ သိရပါတယ်။ 

    ·          တောင်တရုတ်ပင်လယ်မှ မုန်တိုင်း TAPAH အကြွင်းအကျန်များကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းမှ ကုန်းတွင်းမုန်တိုင်းအရှိန်ဖြင့် အားကောင်းလာမည့်အနောက်တောင်မုတ်သုံလေကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၉ ရက် မှ ၁၁ ရက်အတွင်း နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကာ ပြည်နယ်တိုင်းဒေသအချို့တွင် နေရာကွက်၍ မိုးသည်းထန်နိုင်ပါတယ်။ 

    ·          အပူပိုင်းမုန်တိုင်း TS TAPAH ၏ မုန်တိုင်းအကြွင်းအကျန်များသက်ရောက်မှုကြောင့် စက်တင်ဘာလ ၉ ရက် မှ ၁၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်သည့်ဒေသများ 

    o    မြန်မာနိုင်ငံ မြောက်/အရှေ့မြောက်ဒေသ၊ တရုတ် ယူနန်ပြည်နယ်၊ လာအိုနိုင်ငံတို့နှင့်နယ်နိမိတ်ထိစပ်ရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့တွင် ၃ ရက်အတွင်း မိုးရေချိန် ၃ လက်မ မှ ၅ လက်မအထိ၊ 

    o    ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ရိုးမတောင်တန်း၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် ၃ ရက်အတွင်း မိုးရေချိန် ၂.၃ လက်မ မှ ၃.၅ လက်အထိ၊ 

    o    အပူပိုင်းမိုးနည်းရေရှားဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ၃ ရက်အတွင်း မိုးရေချိန် ၁.၆ လက်မ မှ ၂.၇၅ လက်မအထိ ရွာသွန်းရရှိနိုင်သည်။ 

    ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          တောင်ပိုင်းခရိုင်/မြို့နယ်များတွင် စက်တင်ဘာလ ၈/၉/၁၀ / ၁၂/၁၄ ရက်များတွင် နေသာချိန်နည်းပြီး မုတ်သုံမိုးအနည်းငယ်မှအသင့်အတင့် ထစ်ချုန်း၍ရွာသွန်းနိုင်ပါမယ်၊ အဲ့ဒီရက်တွေမှာ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မခန့် ရရှိနိုင်ပါတယ်။ 

    ·          အနောက်ပိုင်းခရိုင်/မြို့နယ်များတွင် စက်တင်ဘာလ ၈/၉/၁၀/၁၁ ရက်နှင့် ၁၄ ရက်တို့မှာ နေသာချိန်နည်းပြီး မိုးအနည်းငယ်မှအသင့်အတင့် ထစ်ချုန်း၍ရွာသွန်းနိုင်ပါမယ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ မိုးအများဆုံး(၂၄ နာရီ မိုးရေချိန် ၀.၈ လက်မခန့်)ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          မြောက်ပိုင်းခရိုင်နှင့်မြို့နယ်များတွင် ၈/၁၀/၁၁/၁၂ နှင့် ၁၄ ရက်များမှာ နေသာချိန်နည်းပြီး မိုးအနည်းငယ်မှအသင့်အတင့် ထစ်ချုန်း၍ရွာနိုင်ပါမယ်၊ ၁၃ ရက်နေ့မှာ နေသာချိန်များပြီး မိုးရွာနိုင်မည့်အခြေအနေမရှိသလောက်ဖြစ်ပါမယ်။ ၁၁ ရက်နေ့မှာ မိုးရေချိန်အများဆုံး(၂၄ နာရီအတွင်း ၀.၆ လက်မခန့်)ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·         အရှေ့ပိုင်းခရိုင်/မြို့နယ်များတွင် စက်တင်ဘာ ၁၃ ရက်နေ့တွင် မိုးရွာသွန်းနိုင်မှာမဟုတ်ပဲ၊ ၈/၉/၁၀/၁၁/၁၂/၁၄ ရက်တွေမှာ မိုးအနည်းငယ်မှအသင့်အတင့် ထစ်ချုန်း၍ရွာနိုင်ပါတယ်၊ စက်တင်ဘာ ၈ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ မိုးအများဆုံး(၂၄ နာရီ မိုးရေချိန် ၀.၆ လက်မ မှ ၀.၇ လက်မအထိ)ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·         ရန်ကုန်တိုင်းအတွင်းက ခရိုင်/မြို့နယ်များအားလုံးမှာ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့ မိုးရေချိန် ၃ လက်မ ဝန်းကျင်ခန့် ရှိနိုင်ပါတယ်။ 

    မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေအကျဉ်းချုပ် 

    ·          ရန်ကုန်မြောက်ပိုင်းခရိုင် - သောကြာ-စနေနေ့တွင် မိုးအဆက်မပြတ် ထစ်ချုန်းရွာနိုင်သည်။ 

    ·          ရန်ကုန်တောင်ပိုင်းခရိုင် - မိုးအသင့်အတင့်ရွာပြီး၊ ယခုသီတင်းပတ်အလယ်တွင် ပိုမိုသည်းထန်နိုင်မည်။ 

    ·          ရန်ကုန်အရှေ့ပိုင်းခရိုင် - အထူးသဖြင့် နေ့လည်ပိုင်းနှင့် ညနေပိုင်းများတွင် မိုးအနည်းငယ်(မိုးဖွဲဖွဲ)ရွာနိုင်သည်။ 

    ·          ရန်ကုန်အနောက်ပိုင်းခရိုင် - မိုးပြတ်တောင်းရွာပြီး၊ သီတင်းပါတ်အကုန်ရက်များ(စနေ+တနင်္ဂနွေရက်များ)တွင် မိုးသည်းထန်နိုင်သည်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ စက်တင်ဘာ ၁၄ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၉°C အထိရှိနိုင်ပါမယ်။ 

    ·          ယခု ၁ ပတ်အတွင်း တောင်/အနောက်တောင်နှင့်အရှေ့တောင်အရပ်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ မိုင် ၂၀ ခန့်အထိ ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၃ ပေ ခန့်ရှိနိုင်ပါတယ်။ 

    ·         ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၇၀% မှ ၈၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်နှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၁၀၀% ရှိနိုင်ပါတယ်။ 

    ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၏ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI value) “35” ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်မည့်အခြေအနေမဟုတ်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    https://disasterinfo.mmweather.org/ 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများထံသို့ ..... 

    နှံစုပ်ဂျပိုးကာကွယ်နှိမ်နင်းနည်း အကြံပြုချက် 

    • နှံစုပ်ဂျပိုးကာကွယ်လိုသော တောင်သူများအနေဖြင့် စပါးဖုံးတုံးလုံးတုံးအဆင့်တွင် ပုလဲသီးသန့်မြေဩဇာထည့်သွင်းခြင်းကို မပြုလုပ်သင့်ပါ။ 
    • စပါးစိုက်ခင်း ကန်သင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကိုလည်းရှင်းပေးပါ။ 
    • နှံစုပ်ဂျပိုးအတွက် ကြိုတင်ကာကွယ်လိုပါက အလံရွက်ထွက်ချိန် (သို့မဟုတ်) အပိုပင်ပွားသတ်ချိန်တွင် Profenofos, Acetamiprid, Indoxacarb အဆင်ပြေရာကို မနက်ခင်းပိုင်းတွင် ရွေးချယ်ဖျန်းနိုင်ပါတယ်။  

    ယင်မဲသားလောင်းများကို အသုံးပြုပြီး ငါးစာပြုလုပ်ခြင်း 

    ယခုအချိန်တွင် ဖွဲနုဈေးသည်မြင့်တက်လာသလို ပဲဖတ် နှင့် ငါးပေါင်းမှုန့်သည် ပိုမိုဈေးကြီးနေကြပါ သည်။ ပဲဖတ် နှင် ငါးပေါင်းမှုန့်အစား ယင်မဲသားလောင်းများကို အစာထိုးပြီး စပ်စာအဖြစ်ဆောင်ရွက်ပါက ၊ စပ်စာတွင် ပရိုတိန်း ၂၀-၂၅ ရာခိုင်နှုန်း ရရှိလာပါမည်။ ယင်မဲ မွေးမြူရေး လုပ်ငန်းသည် စွန့်ပစ်စာများကျွေးပြီး မွေးမြူခြင်းကြောင့် ကုန်ကျစရိတ်သက်သာပါမည်။ 

    ယင်မဲသားလောင်းများသည် ပရိုတိန်း ၄၀ မှ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်းနှင့်ယင်မဲအခြောက်တွင် ပရိုတိန်း ၅၀ မှ ၆၀ ရာခိုင်နှုန်း ပါဝင်ကြောင်းတွေ့ရှိရပါသည်။  

    ပရိုတိန်း (၂၀) ရာခိုင်နှုန်းပြည့်ရန် ဖွဲနု ၆၆.၆၆ ဆ နှင့် ယင်မဲ ၃၃.၃၃ ရောစပ် ရပါမည်။ စပ်စာ တပိဿာအတွက် ဖွဲနု (၆၆.၆၆)ကျပ်သားနှင့် ယင်မဲသားလောင်း (၃၃.၃၃)ကျပ်သားရောစပ်ပေးပါ။ 

    -----

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
  • article
  • article
likes
7
comments
0
views
4531