cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း စက်တင်ဘာလ ၉ ရက် မှ စက်တင်ဘာလ ၁၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ပဲခူးတိုင်းတောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် 90-115 mm = ၃.၅ လက်မ မှ ၄.၅ လက်မခန့်ရွာသွန်းရရှိနိုင်ပါမယ်။ မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း၊ ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။ နေ့ပွင့်ချိန်မှာ ပြန်ကျွေးနိုင်ပါသည်။
  • ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများ 

    တိုင်ဖွန်းမုန်တိုင်း TAPAH အကြွင်းအကျန်များသည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း(ရှမ်းပြည်နယ်မြောက်ပိုင်း/အရှေ့ပိုင်းနှင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ)သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မိုးအသင့်အတင့်ရွာနိုင်၊ နေရာကွက်၍မိုးများနိုင်ပါမယ်။ 

    အနောက်တောင်မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပြီး - 

    ·          မြန်မာနိုင်ငံတောင်ပိုင်း(ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း)တို့တွင် မုတ်သုံမိုးအနည်းငယ်မှအသင့်အတင့်ရွာသွန်းနိုင်ပြီး၊ 

    ·          အလယ်ပိုင်းမိုးနည်းရေရှားဒေသများဖြစ်သည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မန္တလေးတိုင်း တို့တွင် မိုးအနည်းငယ်ရွာနိုင်ကြောင်း NWP ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။ 

    ·          တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း အထက်လေပွေလှိုင်း - UACC ၁ ကြိမ်/၂ ကြိမ်ခန့် ဖြစ်ပေါ်နိုင်သည်မှအပ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းစသည်တို့ ဖြစ်ပေါ်မည့်အခြေအနေမတွေ့ရပါ။   

    ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ပဲခူးတိုင်းတောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် 90-115 mm = ၃.၅ လက်မ မှ ၄.၅ လက်မခန့်ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·          ပဲခူးမြို့နှင့်အနီးပတ်ဝန်းကျင် မြို့နယ်များ စက်တင်ဘာ ၉/၁၀ ၂ ရက်ဆက်၍ မိုးအသင့်အတင့်မှ မိုးများနိုင်သည်။ 

    ·          တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည် 50-70mm – ၂.၀ လက်မ မှ ၂.၈ လက်မ 

    ·          ဖြူး၊ ကျောက်တံခါး၊ ရွှေကျင် 40-60mm – ၁.၆ လက်မ မှ ၂.၄ လက်မ 

    ·          ဝေါ၊ သနပ်ပင်၊ ကဝ 55-80mm - ၂.၂ လက်မ မှ ၃.၈ လက်မ 

    ·          လက်ပံတန်း၊ မင်းလှ၊ နတ္တလင်း၊ သုံးဆယ် - 75-95 mm - ၃.၀ လက်မ မှ ၃.၈ လက်မ 

    ·          ထန်းတပင်၊ ပြည်၊ ပန်းတောင်း၊ ကြို့ပင်ကောက် - 90-115 mm - ၃.၅ လက်မ မှ ၄.၅ လက်မ 

    ·          ပဲခူးတိုင်းအတွင်း စက်တင်ဘာလ ၁၀/၁၁/၁၄ ရက်နေ့များသည် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးပိုနိုင်မည့် ရက်များဖြစ်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          စက်တင်ဘာလ ၁၂ ရက်နောက်ပိုင်း အမြင့်ဆုံးနေ့အပူချိန် ၃၂°C၊ အနိမ့်ဆုံး ညအပူချိန် ၂၄°C နှင့် လေထုစိုထိုင်းဆမြင့်မားချိန် ပဲခူးတိုင်းတောင်ဘက်၊ ညောင်လေးပင်မြို့နယ်အောက်ဘက်ဒေသများ၊ ပဲခူးတိုင်းအနောက်တောင်ဘက် လက်ပံတန်းမြို့နှင့်အောက်ဘက်ဒေသများမှာ ခံစားရသည့်အပူချိန်(Feels Like Temperature) ၃၉°C မှ ၄၀°C အထိရှိနေနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအတွင်း အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်အထိ ရှိနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းတောင်ဘက် စစ်တောင်းမြစ်ဝနှင့် မုတ္တမကွေ့ပင်လယ်ပြင်တွင် ပုံမှန်အချိန်၌ လှိုင်းအမြင့် ၂ ပေခန့်ရှိနိုင်ပြီး၊ ဒီရေတက်ချိန်တွင် ၄ ပေ ခန့်ရှိနိုင်ပါတယ်။ 

    ယခုတပတ်အတွင်း ပဲခူးတိုင်းရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value = 40 ရှိနိုင်ပြီး အန္တရာယ်မရှိနိုင်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER 

    ငါး/ပုစွန် ကန်များအတွက် အကြံပြုချက် 

     မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း၊ ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။ နေ့ပွင့်ချိန်မှာ ပြန်ကျွေးနိုင်ပါသည်။  

    မိုးရွာပြီး နောက်တစ်နေ့တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကို ပြန်လည် တိုင်းတာပြီး ကျဆင်းနေပါက တစ်ဧက လျှင် ထုံး (၁၅)ပိဿာ ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ 

     ကန်ရေဩဇာဓါတ်လည်း ကျဆင်းပျောက်ဆုံးခြင်းများလည်း ကြုံတွေ့ရပါမည်။ ထို့ကြောင့် မိုးရွာသွန်း ပြီးနောက် ရေကြည်နှုန်း (၁၈)လက်မကျော်နေပါက ပုလဲနှင့်တီစူပါ မြေဩဇာများပြန်လည်ထည့်သွင်းပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ 

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
9
comments
1
views
3781