ပြည်နယ်နှင့်တိုင်းအလိုက် မိုးလေဝသခန့်မှန်းချက်၊ စိုက်/မွေးအကြံပြုချက်
- ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် မှ စက်တင်ဘာလ ၁၆ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် - ရန်ကုန်တိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် မိုး ဆက်လက် ရွာသွန်းနိုင်ပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းကျော်သာ ရှိသဖြင့် နေပွင့်နိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မန္တလေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅) ရာခိုင်နှုန်း မှ (၉၁) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၁၀ရက်နေ့တွင် မိုးရွာနိုင်ဖွယ်ရှိပြီး ကျန်ရက်များတွင် နေသာနိုင်ပါသည်။ ၁၆ ရက်နေ့တွင် တိမ်ထူထပ်နိုင်ဖွယ်ရှိပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - နေပြည်တော်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၁၀ရက်နေ့တွင် မိုးရွာနိုင်ဖွယ်ရှိပြီး ကျန်ရက်များတွင် နေသာနိုင်ပါသည်။ ၁၄၊ ၁၅၊ ၁၆ ရက်နေ့တို့တွင် တိမ်ထူထပ်နိုင်ဖွယ်ရှိပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - တောင်ကြီးအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၁) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် မိုး ဆက်လက် ရွာသွန်းနိုင်ပါသည်။ ၁၅ ရက်နေ့တွင် ၈၀ ရာခိုင်နှုန်းရှိပြီး ၁၆ နေ့တွင် ၇၁ ရာခိုင်နှုန်း ရှိပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၂၆°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မကွေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၉) ရာခိုင်နှုန်း မှ (၈၅) ရာခိုင်နှုန်း အထိရှိနိုင်ပါတယ်။ စက်တင်ဘာလ ၁၀ ရက်မှ ၁၅ ရက်နေ့အထိ မိုးရွာရန် ၇၀ ရာခိုင်နှုန်းအောက်မှာ ရှိပြီး ၁၆ ရက်နေ့တွင် ၈၅ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာနိုင်ဖွယ် ရှိပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ စက်တင်ဘာလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် မိုး ဆက်လက် ရွာသွန်းနိုင်ပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းကျော်သာ ရှိသဖြင့် နေပွင့်နိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေအနေဖြင့် အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ရေကြီးမှု အခြေအနေသတင်း - ယနေ့ စက်တင်ဘာ ၁၀ ရက်၊ မြန်မာစံတော်ချိန် နေ့ခင်း ၁၁:၃၀ ချိန် တိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း “မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန” မှ ထုတ်ပြန်ကြေငြာထားပါသည်။ - သို့ဖြစ်ပါ၍ မဒေါက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်ထားပါသည်။ - ပြည်သူအပေါင်း သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ကြစေရန် ထွက်တိုးမှ ပြည်လည်မျှဝေပေးလိုက်ပါသည်။ - (၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့၊ ၁၂:၃၀နာရီအချိန် ထုတ်ပြန်ချက်) - ကိုးကား။ Accweather ၊ မိုးဇလ - မြေပဲစိုက်တောင်သူများအတွက် မွှားပင့်ကူကာကွယ်နှိမ်နင်းနည်းအကြံပြုချက် - မွှားပင့်ကူနီသည် အရွက်အောက်မျက်နှာပြင်တွင်နေပြီး အပင်ရည်ကို စုပ်ယူဖျက်ဆီးတာကြောင့် အရွက်အပေါ်မျက်နှာပြင်တွင် အဝါရောင်ခပ်မှိုင်းမှိုင်း အပြောက်များတွေ့ရပြီး ဆိုးရွားစွာကျရောက်ပါက အရွက်များတွန့်ကုပ်ခြောက်သွေ့သွားသည်။
- မွှားပင့်ကူ၏ပါးစပ်အစိတ်အပိုင်းမှ ချည်မျှင်များထုတ်နိုင်ပြီး ကျရောက်မှုများပါက တစ်ပင်လုံးကို ချည်မျှင်ဖြင့်ရစ်ပတ်ကာ အပင်ပုခြင်း၊ ပုံသဏ္ဍာန်မမှန်ခြင်းကိုဖြစ်စေသည်။
- ကာကွယ်နှိမ်နင်းနည်းအနေဖြင့် စိုက်ခင်းအစိုဓာတ်မပြတ်အောင်ဂရုပြုပါ။
- ပတ်ဝန်းကျင် ပေါင်းမြက်များကိုသေချာရှင်းပေးပါ။
- နိုက်ထရိုဂျင်(N) အဓိကပါသောရွက်ဖျန်းအားဆေးများအလွန်အကျွံမသုံံးပါနဲ့။
- အသုံးပြုနိုင်သောဓာတုဆေးများ- Abamectin, Cyrantraniliprole, Spirotetramat, Spiromesifen
 - ငါးကန်ရေနောက်ကျိခြင်း ပြုပြင်နည်းအကြံပြုချက် - ယခုချိန် မိုးရာသီတွင် ကန်ရေများနောက်ကျိခြင်းကို ကြုံတွေ့ရတတ်ပါ သည်။ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ကန်ဘောင်မှရွံများ အရည်ပျော်ပြီး ကန်ရေနောက်ကျိတတ်ပါသည်။ ကန်အောက်ခြေနေထိုင်သောငါးများ များစွာထည့် သွင်းခြင်းကြောင့်၊ ငါးများလှုပ်ရှားမှုကြောင့်လည်း ကန်ရေနောက်ကျိတတ်ပါသည်။ - ကန်ရေ နောက်ကျိခြင်းကို အောက်ပါနည်းများဖြင့် ဖြေရှင်းနိုင်ပါကြောင်းအကြံပြုအပ် ပါသည်- - ငါးမွေးကန်တဧကလျှင် ထုံး (၃၁)ပိဿာထည့်ပေးရန်
- ငါးမွေးကန်တဧက လျှင် ဂျစ်ပ်ဆမ် (၆၂)ပိဿာထည့်ပေးရန်
- ငါးမွေးကန်တဧကလျှင် ကျောက်ချဉ် (၁၅)ပိဿာ ထည့်ပးနိုင်ပါသည်။
- ငါးမွေးကန်တဧကလျှင် ကောက်ရိုး (၆၂)ပိဿာကို (၁၀)ကျပ်သားခန့် အထုံးလေးများ ပြုလုပ်ပြီး ကန်ရေနေရာအနှံ့ ပစ်ချထားပေးပါ။ (၃)ရက်ခန့်အကြာတွင် အဆိုပါကောက်ရိုးထုံးလေးများကို ပြန်ဆယ်ယူပါ။
 - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
