cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း စက်တင်ဘာလ ၁၂ ရက် မှ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မန္တလေးတိုင်းမြောက်ပိုင်း(မန္တလေးမြို့နှင့်အထက်ဘက်)၊ နေပြည်တော်အပါအဝင် မန္တလေးတိုင်းတောင်ပိုင်းဒေသတွေမှာ ၇ ရက်အတွင်းမိုးရေချိန် ၂ လက်မ မှ ၅ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပြီး၊ မန္တလေးတိုင်းအလယ်ပိုင်းနှင့် မကွေးတိုင်းထိစပ်ဒေသများမှာ ၇ ရက်အတွင်းမိုးရေချိန် ၀.၅ လက်မမှ ၂ လက်မ ခန့်အထိ ရွာသွန်းရရှိနိုင်(မိုးနည်းနေနိုင်)ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·          စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဖြစ်ပေါ်နိုင်သည့် အမြင့်ပေ ၅၀၀၀ အထက်မှလေပွေလှိုင်းသည် ဖြစ်ပေါ်ပြီး၂၄ နာရီအတွင်း စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကုန်းတွင်းသို့ဝင်ရောက်သွားနိုင်ပါတယ်။ 

    ·          စက်တင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီမှ ၁၄ ရက် နေ့လည် ၁၂ နာရီ - ၂၄ နာရီအတွင်း - မြန်မာနိုင်ငံအထက်ပိုင်းဒေသများ - ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ရှမ်းပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ နေရာကွက်၍မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသများတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်သာ ရွာနိုင်ပါမယ်။ 

    စက်တင်ဘာလ ၁၂ ရက် မှ ၁၈ ရက်အထိ ၇ ရက်အတွင်း မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          မန္တလေးတိုင်းမြောက်ပိုင်း(မန္တလေးမြို့နှင့်အထက်ဘက်)၊ နေပြည်တော်အပါအဝင် မန္တလေးတိုင်းတောင်ပိုင်းဒေသတွေမှာ ၇ ရက်အတွင်းမိုးရေချိန် ၂ လက်မ မှ ၅ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပြီး၊ 

    ·          မန္တလေးတိုင်းအလယ်ပိုင်းနှင့် မကွေးတိုင်းထိစပ်ဒေသများမှာ ၇ ရက်အတွင်းမိုးရေချိန် ၀.၅ လက်မမှ ၂ လက်မ ခန့်အထိ ရွာသွန်းရရှိနိုင်(မိုးနည်းနေနိုင်)ပါမယ်။ 

    ·          ယခု ၁ ပတ်အတွင်းမှာ မန္တလေးတိုင်းရဲ့နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မအောက်သာရွာသွန်းနိုင် - မိုးနည်းနေနိုင်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၂°C မှ ၃၅°C အထိရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၁°C(ပြင်ဦးလွင်) မှ ၂၇°C(ပုဂံ-ညောင်ဦး) အတွင်းမှာ ရှိနိုင်ပါတယ်။ 

    ·          တောင်ဘက်အရပ်မှ အမြင့် ဆုံးလေတိုက်နှုန်း တနာရီ ၁၈ မိုင်ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆ ၆၀% မှ ၉၀% အတွင်းရှိနေနိုင်ပါမယ်။ လေထုစိုထိုင်းဆမြင့်မားနေချိန်မှာ ခံစားရတဲ့အပူချိန် (Feels like temperature)၃၉°C ရှိနိုင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value က ၃၀ ဝန်းကျင်မှာရှိနေနိုင်တာကြောင့် အန္တရာယ်မရှိပါ၊ 

    ·          မန္တလေးတိုင်းအလယ်ပိုင်းဒေသတွေရဲ့ နေ့လည်နေ့ခင်းအချိန်တွေမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (UV-INDEX) က ၁၂ အထိရှိနိုင်တာကြောင့် မိုးအုံ့ခြင်းမရှိတဲ့ နေသာချိန်တွေမှာသတိထားရပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    https://disasterinfo.mmweather.org/ 

    ငါးကန်ရေနောက်ကျိခြင်း ပြုပြင်နည်းအကြံပြုချက်  

    ယခုချိန် မိုးရာသီတွင် ကန်ရေများနောက်ကျိခြင်းကို ကြုံတွေ့ရတတ်ပါ သည်။ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ကန်ဘောင်မှရွံများ အရည်ပျော်ပြီး ကန်ရေနောက်ကျိတတ်ပါသည်။ ကန်အောက်ခြေနေထိုင်သောငါးများ များစွာထည့် သွင်းခြင်းကြောင့်၊ ငါးများလှုပ်ရှားမှုကြောင့်လည်း ကန်ရေနောက်ကျိတတ်ပါသည်။  

    ကန်ရေ နောက်ကျိခြင်းကို အောက်ပါနည်းများဖြင့် ဖြေရှင်းနိုင်ပါကြောင်းအကြံပြုအပ် ပါသည်-  

    • ငါးမွေးကန်တဧကလျှင် ထုံး (၃၁)ပိဿာထည့်ပေးရန်  
    • ငါးမွေးကန်တဧက လျှင် ဂျစ်ပ်ဆမ် (၆၂)ပိဿာထည့်ပေးရန်  
    • ငါးမွေးကန်တဧကလျှင် ကျောက်ချဉ် (၁၅)ပိဿာ ထည့်ပးနိုင်ပါသည်။  
    • ငါးမွေးကန်တဧကလျှင် ကောက်ရိုး (၆၂)ပိဿာကို (၁၀)ကျပ်သားခန့် အထုံးလေးများ ပြုလုပ်ပြီး ကန်ရေနေရာအနှံ့ ပစ်ချထားပေးပါ။ (၃)ရက်ခန့်အကြာတွင် အဆိုပါကောက်ရိုးထုံးလေးများကို ပြန်ဆယ်ယူပါ။  

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ 

    -------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
8
comments
0
views
3550