cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စမုံနက်နှင့်နှမ်းညို စျေးနှုန်းပြန်တက်လာတာတွေ့ရ

. Market Analysis
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းစမုံနက်စျေးနှုန်းက ၄၅ ပိဿာ တစ်အိတ်ကို ၇၁၀၀၀၀ ကျပ်မှ ၇၅၀၀၀၀ ကျပ်ရှိပြီး နှမ်းညိုက ၂၇၂၀၀၀ မှ ၂၈၅၀၀၀ကျပ် ရှိပါတယ်။
  • အရင်တစ်ပတ်က ကျရိပ်ပြခဲ့တဲ့ နှမ်းစမုံနက်နဲ့နှမ်းညိုက ယခုရက်ပိုင်းပြည်တွင်း နှမ်းမျိုးစုံစျေးကွက်မှာ စျေးနှုန်းပြန်တက်လာတာတွေ့ရ ပါတယ်။ နှမ်းဖြူက စျေးငြိမ်နေပါတယ်။

    ပြည်ပဝယ်လက်ကုန်သည်တွေနဲ့ သိုလှောင်မယ့်သူတွေဝယ်ယူမှုရှိတဲ့အပြင် ရွှေစျေးနဲ့ဒေါ်လာစျေးပြန်မြင့်တက်လာတာကြောင့် နှမ်းစျေးနှုန်း ပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ နှမ်းစမုံနက်ကို တရုတ်ကအဓိကဝယ်ယူတာ ဖြစ်ပါတယ်။ တရုတ်ကဝယ်လိုအားကောင်းရင် စျေးတက်ပါတယ်။ နှမ်းညိုကတော့ ဆီကြိတ်လုပ်ငန်းနဲ့ပြည်တွင်းစားသုံးမှုအပေါ်မူတည်ပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းစမုံနက်စျေးနှုန်းက ၄၅ ပိဿာ တစ်အိတ်ကို ၇၁၀၀၀၀ ကျပ်မှ ၇၅၀၀၀၀ ကျပ်ရှိပြီး နှမ်းညိုက ၂၇၂၀၀၀ မှ ၂၈၅၀၀၀ကျပ် ရှိပါတယ်။ နှမ်းဖြူဗမာက ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်နဲ့ နှမ်းဖြူဂျပန်က ၂၉၅၀၀၀ မှ ၃၀၀၀၀၀ ကျပ်နဲ့ငြိမ်နေ ပါတယ်။

    AMIA

    ---------------             

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12               

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.               

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
1
views
3085