ဆန်ဆေးရည်၊ ရေခဲတုံးလေးတွေက အသားအရည် တောက်ပအောင် ဘယ်လိုလုပ်ပေးတာလဲ။
- (၁) ဆန်ဆေးရည် ရေခဲတုံးက မျက်နှာအသားရေလှပလာဖို့အတွက် ကောင်းသလား မေးလာရင်တော့ - အတိအကျ ဟုတ်တာပေါ့လို့ဖြေရပါမယ်။ - ဆန်ဆေးရည်ရေခဲတုံးများသည် အသားအရေကို ကြည်လင်စေခြင်း၊ ရောင်ရမ်းခြင်းများကို လျော့ချ ပေးခြင်း၊ ချွေးပေါက်များကို ကျဉ်းစေပြီး အရေပြားတစ်ခုလုံး၏ အသွင်အပြင်ကို လည်းပိုမိုကောင်းမွန် စေပါတယ်။ ဆန်ဆေးရေတွင် ဗီတာမင်၊ သတ္တုဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါ၀င်ပြီး ရေခဲ၏ ချက်ချင်းအေးစေသော အာနိသင်ကြောင့် မျက်နှာနေလောင်ခြင်းနှင့် ရောင်ရမ်းခြင်းမှလည်းသက်သာ စေရန် ကူညီပေးပါတယ်။ - (၂) ဆန်ဆေးရည်ရေခဲတုံးကို အိမ်မှာ ပြင်ဆင်ပြုလုပ်ပြီး အသားအရေပြဿနာတွေ ပြေပျောက်စေဖို့ အတွက် သုံးကြည့်ရအောင်။ - အဆင့် ၁: ဆန်ကို ရေစင်အောင်ဆေးပြီး နောက်ထပ်ရေစစ်နဲ့ စစ်ထားတဲ့ရေနဲ့ ပြုတ်ပါ။ မိနစ် ၃၀ လောက်ရေစိမ်ပြီး အအေးခန်းထဲ မထည့်ခင် အခန်းအပူချိန်မှာ တစ်ရက်ထားလိုက်ပါ။ - အဆင့် ၂: အခန်းအပူချိန်မှာ တစ်ရက်ထားထားတဲ့ ဆန်ဆေးရည်ရေကို ရေခဲတုံးဗန်းထဲတွင်ထည့်ကာ အေးခဲပြီးနောက် သင် လိုအပ်သလို အသုံးပြုနိုင်ပါတယ်။ - သတိပြုရန်။ ။ ရေခဲတုံးဗန်းသည် သန့်ရှင်းရမည်ဖြစ်ပြီး သိမ်းဆည်းထားသောရေသည်လည်း လတ်ဆတ်သန့်ရှင်းသင့်သည်။ - (၃) ဆန်ရေခဲတုံးကို မျက်နှာပေါ် ဘယ်လိုလိမ်းရမလဲ။ - မနက်စောစောမှာ မျက်နှာကို ညင်သာစွာ သန့်စင်ပြီး ခြောက်အောင်သုတ်ပါ။ ဆန်ဆေးရည်ရေခဲတုံး တစ်တုံးကိုယူပြီး သင့်မျက်နှာပေါ်ရှိ သဘာဝအသားရည် အကူပစ္စည်းအဖြစ် အသုံးပြုပါ။ စက်ဝိုင်းပုံ လှုပ်ရှားမှုတွင်၊ အေးမြသောခံစားမှုကို ဖြည်းညှင်းစွာ ခံစားရပြီး အလွန်နူးညံ့မှု့ ကို ခံစားရစေသည်။ မျက်နှာရှိမမြင်နိုင်သောအမှုန်အမွှားများကို အနည်ထိုင်စေပြီး စုပ်ယူနိုင်စေသည့် အတွက် နံနက်တိုင်း ညတိုင်း အသုံးပြုပေးပါ။ ဆန်ဆေးရည်ရေခဲတုံးသည် ဆန်ရေ၏ အကျိုးကျေးဇူးအားလုံးကို ပေးစွမ်းရုံသာမက သင့်မျက်နှာကို သဘာဝအတိုင်း တောက်ပသည့်အသွင်အပြင်ကို ပေးစွမ်းနိုင်မည် ဖြစ်ပြီး တည်ငြိမ်သော ခံစားချက်ကိုလည်း ရရှိစေမည်ဖြစ်ပါသည်။ - (၄) ရှားစောင်းလက်ပတ်နှင့် နှင်းဆီရေ အနည်းငယ်ထည့်ပြီးပိုကောင်းတဲ့ ရလာဒ်ကြည့်ရအောင်။ - အကယ်၍ သင်က ပိုကောင်းတဲ့ ရေဓာတ်နှင့် အစိုဓာတ်ကို ရှာဖွေနေပါက၊ လတ်ဆတ်သော ရှားစောင်းလက်ပတ်ဂျယ်နှင့် နှင်းဆီရေ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ဆန်ဆေးရည် အရောအနှောထဲသို့ ထည့်ပါ။ ဆန်ရေနဲ့ အနည်ကျရောစေပြီးနောက် အအေးခန်းထဲ အေးခဲထားပါ။ ဆန်ရေ၏ စိုစွတ်မှုနှင့် တောက်ပမှု၊ ရှားစောင်းလက်ပတ်ဂျယ်လ်၏ ရေဓာတ်နှင့် နှင်းဆီရေ၏ ငြိမ်သက်သော ခံစားမှုတို့ကို ခံစားရမည်ဖြစ် ပါသည်။ ရလာဒ်များကို သက်သေပြရန် စွဲစွဲမြဲမြဲ အချိန်တခုထိ အသုံးပြုသူဖြစ်ပါစေ။ - (၅) ဆန်ဆေးရည်ရေခဲတုံး ခြောက်သွေ့တဲ့ အရေပြားပြဿနာတွေကိုလည်း ပြုပြင်ပေးပါသလား။ - ဟုတ်ပါတယ်၊ ဆန်ရေနဲ့ ရေခဲပေါင်းစပ်မှုက အစိုဓာတ်ကို ဖြည့်ပေးပြီး အရေပြားရဲ့ အတားအဆီး ပြုနိုင်တဲ့လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေခြင်းအားဖြင့် ခြောက်သွေ့တဲ့အသားအရေ ကို ကြည်လင် ချောမွေ့စေပါတယ်။ အရေးအကြောင်းများကို ထိန်းညှိခြင်းမှစပြီး သင့်အသားအရေကို နူးညံ့ချောမွေ့ စေခြင်းအထိ၊ ဆန်ဆေးရည်ရေခဲတုံးသည် အကောင်းဆုံး အိမ်တွင်းဆေးတစ်လက်ဖြစ်သည်။ သင့် မျက်နှာ pH ပမာဏကို ထိန်းညှိပေးခြင်းဖြင့် အဆီပိုများကို လျှော့ချပေးပြီး ချွေးပေါက်များကို ကျဉ်းစေပါသည်။ အဆီအိတ် မှ အဆီ ကို စုပ်ယူခြင်းဖြင့် တစ်နေ့တာလုံး စေးကပ်မှုကို သက်သာစေပြီး ပိုမို လန်းဆန်းတက်ကြွ တဲ့အသွင် ကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ - (၆) ကြည်လင်ပြီး ဖန်သားလေးနဲ့တူတဲ့ အသားအရေရဖို့ ဘယ်လိုကူညီပေးမလဲ။ - ဆန်ရေသည် ဝက်ခြံ၊ နေလောင်ဒဏ်၊ မိတ်ကပ်၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ နှင့် အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားများကြောင့် ဖြစ်တတ်သော အမည်းစက်များနှင့် အရောင် ခြယ်မှုများကို သက်သာစေသည်။ ညိုမဲခြင်းကို လျှော့ချခြင်းမှစ ညီညာသောအသားအရည်ကို ပေး စွမ်းနိုင်ခြင်းအထိ အသားအရေ ညိုမဲခြင်းကိုလည်း ပျောက်ကင်းစေပါသည်။ ဆန်ရေခဲတုံးများသည် အရောင်ခြယ်မှုကို တိတ်တဆိတ် လျော့နည်းစေပြီး နေရောင်ခြည်ဒဏ်မှ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးသည်။ ကြည်လင်တဲ့အသားအရည်အတွက် တကယ်ကိုပြည့်စုံတဲ့ သဘာဝလက်ဆောင် တစ်ခု ပါ။ - အပိုင်း-၂ ကိုလည်း ဆက်ဖတ်ပေးပါဦး.. - ဘာသာပြန်- မေ့ရင်သွေး - Source- Rice water has other skin benefits too-How to make rice water ice cubes for glass skin glow - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
