ရန်ကုန်တိုင်း စက်တင်ဘာလ ၁၅ ရက် မှ စက်တင်ဘာလ ၂၁ ရက်အထိ မိုးလေဝသအခြေအနေ
- အရှေ့/အနောက်ပင်လယ်ပြင်များတွင် ယခု ၁ ပါတ်အတွင်းဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ - · ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၅၀၀၀ နှင့် အထက်မှ လေပွေလှိုင်းဖြစ်ပေါ်နိုင်သည်မှအပ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်ရန် မရှိပါ။ - ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် - · ရန်ကုန်တိုင်း စက်တင်ဘာ ၁၅ ရက် မှ ၂၁ ရက် အထိ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေ ၃ လက်မခန့်ရှိနိုင်သည်။ - · မြို့နယ်အားလုံးတွင် နေ့စဉ် ၂၄ နာရီအတွင်း ပျမ်းမျှမိုးရေချိန် ၀.၅ လက်မအောက်ရွာနိုင်ပြီး၊ - · ယနေ့မှစ၍ နောက်လာမည့် ၁၀ ရက် နောက်ပိုင်းမှ မိုးပြန်များလာနိုင်ပါဦးမည်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၈°C အထိရှိနိုင်ပါမယ်။ - · ယခု ၁ ပတ်အတွင်း တောင်/အနောက်တောင်နှင့်အရှေ့တောင်အရပ်မှ လေတိုက်နှုန်း တနာရီ ၁၅ ခန့်အထိ ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၂.၅ ပေ ခန့်ရှိနိုင်ပါတယ်။ - · ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၈၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်နှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၁၀၀% ရှိနိုင်ပါတယ်။ - ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “100” ရှိနိုင်ပြီး အဆုတ်ကျန်းမာရေးမကောင်းသူများအတွက် အန္တရာယ်ရှိနိုင်သောအဆင့်ဖြစ်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့.... - ရိတ်သိမ်းချိန်တွင် သတိပြုရမည့်အချက်များကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- စပါးရိတ်သိမ်းချိန်တွင် မိုးရွာနိုင်ချေ ရှိ၊မရှိသေချာစစ်ဆေးပါ။
- အနှံစေ့များအစိုဓာတ် ၂၀-၂၅ ရာခိုင်နှုန်းရှိချိန် (သို့မဟုတ်) အနှံအစေ့ပမာဏ ၈၀-၈၅ ရာခိုင်နှုန်းကောက်ရိုးရောင်ပြောင်းချိန်နှင့် အနှံအောက်ပိုင်းရှိ အစေ့များမာချိန်တွင် ရိတ်သိမ်းပါ။
- ဆန်ကွဲများစွာမရစေရန် အစေ့ခြွေခြင်းနှင့် အခြောက်ခံခြင်းတို့ကို စပါးရိတ်သိမ်းပြီးပြီးချင်း တစ်ပြိုင်တည်းဆောင်ရွက်ပါ။
- အခြောက်ခံရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းထိရောက်အောင် အခြောက်ခံပါ။
- အခြောက်ခံရတာတွင် လေ၏အပူချိန်သည် ( ၄၃ ဒီဂရီစင်တီဂရိတ်) ထက်မပိုပါစေနဲ့။
- စပါးကိုလွန်ကဲစွာအခြောက်ခံမိပါက အစိုပြန်ခြင်းများဖြစ်ပေါ်နိုင်ပြီး တစ်ဆက်တည်းမှာပဲ ဆန်သားတွင် အက်ကြောင်းထင်ခြင်း၊ အကျိုးအကြေများခြင်းများဖြစ်နိုင်ပါတယ်။
 - ပရိုတိန်းများသော ငါး၊ ပုစွန်၊ ဂဏန်းစာဖော်စပ်ခြင်း - ပုစွန်၊ ဂဏန်း တို့သည် အသားဓာတ်များစွာပါသော အစာကို ကြိုက်နှစ်သက်ကြပါသည်။ အစာကို လက်ညှပ်ဖြင့် ဖဲ့ယူစားသောက်တတ်သဖြင့် ဖြည့်စွက်စာကျွေးရာတွင် အစာသည် မမာလွန်းသော မပျော့လွန်းသော အစာဖြစ်ရပါမည်။ (တနည်းအားဖြင့်) အဆိုပါအစာသည် ရေတွင် အနည်းဆုံးမိနစ်(၃၀) ခန့်မပျော်နိုင်သော အစာဖြစ်ရပါမည်။ - ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။ ယင်မဲသားလောင်းသည် ပရိုတိန်း၄၀ ရာခိုင်နှုန်းကျော်ပါဝင်သဖြင့် ယင်မဲသားလောင်းဖြင့် စပ်စာကို အသုံးပြုနိုင်ရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။ - ကုန်ကြမ်းအဖြစ် (၁)ယင်မဲသားလောင်း (၂) ငါးမှုန့်/ငါးအသား (၃) ဖွဲနု (၄)ဆန်ကွဲတို့ကို အသုံးပြုရပါမည်။ အဆိုပါစပ်စာတွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်း ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ ဖော်စပ်စာတွင် ယင်မဲသားလောင်း နှင့် ငါးမှုန်ကို (၃း၁) အားဖြင့်လည်းကောင်း၊ ဖွဲနုနှင့် ဆန်မှုန့်ကို (၄း၁)ဖြင့်လည်းကောင်း အသုံးပြုရပါမည်။ အစာစပ်နည်းအပြည့်အစုံလေ့လာရန် - https://htwettoe.com/post/58358 - -------- - မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
