ပရိုတိန်းများသော ငါး၊ ပုစွန်၊ ဂဏန်းစာဖော်စပ်ခြင်း
ဥပမာ ပုစွန်၊ ဂဏန်း တို့သည် အသားဓာတ်များစွာပါသော အစာကို ကြိုက်နှစ်သက်ကြပါသည်။ ၄င်းသတ္တဝါတို့သည် အစာကို လက်ညှပ်ဖြင့် ဖဲ့ယူစားသောက်တတ်သဖြင့် ဖြည့်စွက်စာကျွေးရာတွင် အစာသည် မမာလွန်းသော မပျော့လွန်းသော အစာဖြစ်ရပါမည်။ (တနည်းအားဖြင့်) အဆိုပါအစာသည် ရေတွင် အနည်းဆုံးမိနစ်(၃၀) ခန့်မပျော်နိုင်သော အစာဖြစ်ရပါမည်။ ထိုအတူ အစာတွင် ပရိုတိန်းအနည်းဆုံး (၃၅)ရာခိုနှုန်းပါသော အစာဖြစ်ရပါမည်။
ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။ ယင်မဲသားလောင်းသည် ပရိုတိန်း၄၀ ရာခိုင်နှုန်းကျော်ပါဝင်သဖြင့် ယင်မဲသားလောင်းဖြင့် စပ်စာကို အသုံးပြုနိုင်ရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။
ကုန်ကြမ်းအဖြစ် (၁)ယင်မဲသားလောင်း (၂) ငါးမှုန့်/ငါးအသား (၃) ဖွဲနု (၄)ဆန်ကွဲတို့ကို အသုံးပြုရပါမည်။ အဆိုပါစပ်စာတွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်း ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ ဖော်စပ်စာတွင် ယင်မဲသားလောင်း နှင့် ငါးမှုန်ကို (၃း၁) အားဖြင့်လည်းကောင်း၊ ဖွဲနုနှင့် ဆန်မှုန့်ကို (၄း၁)ဖြင့်လည်းကောင်း အသုံးပြုရပါမည်။
ယင်မဲသားလောင်းတွင် အသားဓါတ်ပါဝင်မှု ၄၀ရာခိုင်နှုန်း
ငါးမှုန့်/ငါးအသားတွင် အသားဓါတ်ပါဝင်မှု ၅၀ရာခိုင်နှုန်း
ဖွဲနုတွင် အသားဓါတ်ပါဝင်နှုန်း ၁၀ရာခိုင်နှုန်း
ဆန်မှုန့်တွင် အသားဓါတ်ပါဝင်နှုန်း ၁၅ရာခိုင်နှုန်း
(၁)လေးထောင့်ကွက် တခုကိုရေးဆွဲပါ။ လေးထောင့်ကွက်အလယ်တွင် စပ်စာတွင်လိုအပ်သော ပရိုတိန်း ရာခိုင်နှုန်းကို ရေးပါ။
(၂)အသုံးပြုမည့်ကုန်ကြမ်းများကိုအောက်ပါအတိုင်း အုပ်စု(၂)စုခွဲပါ။ ပျှမ်းမျှ အသားဓါတ်ပါဝင်နှုန်းကို ရှာပါ
အသားဓါတ်အုပ်စု = ၃း၁
ယင်မဲ ၄၀ အမြှောက် ၃ ချိုး = ၁၂၀
ငါးမှုန့် ၅၀ အမြှောက် ၁ ချိုး = ၅၀
စုစုပေါင်း ၄ ချိုး = ၁၇၀
ပျမ်းမျှ အချိုးတခု၏တန်ဖိုး = ၁၇၀ အစား ၄ = ၄၂ .၅ ရာခိုင်နှုန်း
စွမ်းအင် အုပ်စုအတွက် ၄း ၁
ဖွဲနု ၁၀ အမြှောက် ၄ ချိုး = ၄၀
ဆန်မှုန့် ၁၅ အမြှောက် ၁ချိုး = ၁၅
စုစုပေါင်း ၅ ချိုး = ၅၅
ပျမ်းမျှ တစ်ခု၏တန်ဖိုး = ၅၅ အစား ၅ = ၁၁ ရာခိုင်နှုန်း
(၃)လေးထောင့်ကွက်ဘယ်ဘက်အပေါ်ဘက်နှင့်အောက်ဖက်တို့တွင် ဖော်စပ်အစာ၏ အသားဓါတ်တန်ဖိုး ပျမ်းမျှ နှင့် စွမ်းအင်ဓါ်တန်ဖိုးပျမ်းမျှ တို့ကိုရေးပါ။
(၄) အထက်ပါ လေးထောင့်ကွက်မှ အလယ်တွင်ရှိသော တန်ဖိုးကို ကန့်လန့်ဖြတ်ခြားနားပါ (အပေါင်းအနှုတ် ထည့်သွင်း မစဉ်းစားပါနှင့်)
လက်ဝဲဘက်ခြားနားခြင်း (၃၁.၅) ၊ လက်ယာဘက်ပေါင်းခြင်း (၃၁.၅)
(၅) လေးထောင့်ကွက် ရှိ ခြားနားခြင်း နှင့် ပေါင်းခြင်း သည် ကုန်ကြမ်းအုပ်စုဝင်နှစ်မျိုး၏ ဘုံကိန်းဖြစ်ပါ သည်။ အဆိုပါဘုံကိန်းကို အခြေခံပြီး စပ်စာတွင် ထည့်သွင်းရမည့် အသားဓါတ် နှင့်စွမ်းအင်ဓါတ် ရာခိုင်နှုန်း ကိုအောက်ပါအတိုင်း တွက်ချက်နိုင်သည်။
အသားဓါတ်ပါဝင်ရမည့်အချိုး ၂၄ ကို ၃၁.၅ ဖြင့် စားပြီး ၁၀၀ ဖြင့်မြှောက်ပါက ၇၆.၁၉ ရာခိုင်နှုန်း
စွမ်းအင်ဓါတ်ပါဝင်ရမည့် အချိုး ၇.၅ ကို ၃၁.၅ ဖြင့်စားပြီး ၁၀၀ ဖြင့်မြှောက်ပါက ၂၃.၈၀၉ ရာခိုင်နှုန်း ရရှိပါမည်။
အသားဓါတ်တွင် အချိုး ၄ ချိုးယူထားသဖြင့် အချိုးတခုတွင်ပါဝင်သောရာခိုင်နှုန်း = ၇၆.၁၉ အစား ၄ =၁၉.၀၄
ယင်းမဲသားလောင်း ကိုအချိုး ၃ဆ ထည့်ထားသဖြင့် ယင်းမဲသားလောင်းအတွက် =၁၉.၀၄ အမြှောက် ၃
=၅၇.၁၂
ငါးမှုန့်/ငါးအသားကို အချိုး ၁ဆထည့်ထားသဖြင့် = ၁၉.၀၄အမြှောက် ၁ =၁၉.၀၄
စွမ်းအင်ဓါတ်တွင် အချိုး ၅ချိုးထားရှိသဖြင့် အချိုးတခုတွင်ပါဝင်သောရာခိုင်နှုန်း =၂၃.၈၀၉ အစား ၅ =၄.၇၆
ဖွဲနုပါဝင်သောအချိုး ၄ဆ ထည့်သွင်းထားသောကြောင့် ဖွဲနုအတွက် = ၄.၇၅အမြှောက် ၄ =၁၉.၀၄
ဆန်ကွဲ/ဆန်မှုန့်ပါဝင်သောအချိုး ၁ဆထည့်သွင်းထားသဖြင့် ၄.၇၅ အမြှောက် ၁ = ၄.၇၅
ထို့ကြောင့် စပ်စာတပိဿာအတွက် အောက်ပါအတိုင်း ပါဝင်ဆောင်ရွက်ရပါမည်-
(၁)ယင်မဲ သားလောင်း ၅၇.၁၂ ကျပ်သား
(၂)ငါးမှုန့်/ငါးအသား ၁၉.၀၄ ကျပ်သား
(၃) ဖွဲနု ၁၉.၀၄ ကျပ်သား
(၄)ဆန်မှုန့် /ဆန်ကွဲ ၄.၇၅ ကျပ်သား
စုစုပေါင်း ၉၉.၉၅
ဦးစန်းအောင်
ထွက်တိုး
---------
မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။





ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း