ပဲခူးတိုင်း စက်တင်ဘာလ ၁၆ ရက် မှ စက်တင်ဘာလ ၂၂ ရက်အထိ မိုးလေဝသအခြေအနေ
- ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများ - · ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၊ တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်တောင်မုတ်သုံလေအား အသင့်အတင့်မှအားကောင်းနေနိုင်ပြီး ယခု ၁ ပါတ်အတွင်း အထက်လေပွေလှိုင်းဖြစ်ပေါ်နိုင်ခြင်းသာရှိနိုင်/လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ခြင်းမရှိကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ - · တောင်တရုတ်ပင်လယ်မှာ INVEST-98W/INVEST-99W တို့ဖြစ်ပေါ်နေပြီး - · ယခုဖြစ်ပေါ်နေသည့် 98W နှင့် 99W တို့နောက်တွင် ထပ်မံဖြစ်ပေါ်လာနိုင်မည့် INVEST-90W သည် စက်တင်ဘာလ ၂၂ ရက်နောက်ပိုင်း၊ တောင်တရုတ်ပင်လယ်တွင်းဝင်ရောက်လာပြီးနောက် အားကောင်းသောတိုင်ဖွန်းမုန်တိုင်းအဆင့်အထိ ရောက်လာနိုင်ကြောင်း ECMWF Model ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် - · စက်တင်ဘာလ ၁၆ ရက် မှ ၂၂ ရက် အထိ ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းတလျှောက်နှင့် ကရင်ပြည်နယ်နယ်စပ်အနီးတွင် ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မအထက် ၅ လက်မကျော်သွန်းရရှိနိုင်ပြီး၊ - · ပဲခူးတိုင်းအနောက်ဘက်ခြမ်း၊ တောင်ဘက်ပဲခူးမြို့အနီးဝန်းကျင်တွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ မှ ၃ လက်မခန့်ရွာသွန်းရရှိနိုင်ပါတယ်။ - · ရွှေကျင်/မဒေါက် ရွှေကျင်ဆည်ရေဝင်ဧရိယာတွင် ၁၈/၁၉/၂၀ ၃ ရက် - နေ့စဉ် ၂၄ နာရီအတွင်း မိုးရေချိန် ၀.၆ လက်မအထက် ၁.၃ လက်မအထိ ရွာသွန်းရရှိနိုင်ပါမယ်။ - · ပဲခူးတိုင်းအနောက်ခြမ်းဒေသများတွင် နေ့စဉ် ၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ လက်မအောက်သာရွာသွန်းနိုင်/မိုးနည်းနေနိုင်ပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · ပဲခူးတိုင်းတခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၈°C အထိရှိနိုင်ပါမယ်။ - · လေထုစိုထိုင်းဆအခြေအနေ နေ့လည်ဘက်မှာ ၆၀% အထိ ကျဆင်းနိုင်ပြီး နံနက်ခင်းနဲ့ ညနေ/ညအချိန်တွေမှာ ၁၀၀% ရှိနိုင်ပါမယ်။ - · လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ ၃၀ ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ - · ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၂ပေခွဲခန့်ရှိနိုင်ပြီး၊ - · ကုန်းတွင်းမှာ လေတိုက်နှုန်း တနာရီ ၁၀ မိုင်ခန့်နှင့်၊ မုတ္တမကွေ့အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်ရှိနိုင်ပါမယ်။ - Win Naing - Administration Team, - MMWEATHER, - ပရိုတိန်းများသော ငါး၊ ပုစွန်၊ ဂဏန်းစာဖော်စပ်ခြင်း - ပုစွန်၊ ဂဏန်း တို့သည် အသားဓာတ်များစွာပါသော အစာကို ကြိုက်နှစ်သက်ကြပါသည်။ အစာကို လက်ညှပ်ဖြင့် ဖဲ့ယူစားသောက်တတ်သဖြင့် ဖြည့်စွက်စာကျွေးရာတွင် အစာသည် မမာလွန်းသော မပျော့လွန်းသော အစာဖြစ်ရပါမည်။ (တနည်းအားဖြင့်) အဆိုပါအစာသည် ရေတွင် အနည်းဆုံးမိနစ်(၃၀) ခန့်မပျော်နိုင်သော အစာဖြစ်ရပါမည်။ - ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။ ယင်မဲသားလောင်းသည် ပရိုတိန်း၄၀ ရာခိုင်နှုန်းကျော်ပါဝင်သဖြင့် ယင်မဲသားလောင်းဖြင့် စပ်စာကို အသုံးပြုနိုင်ရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။ - ကုန်ကြမ်းအဖြစ် (၁)ယင်မဲသားလောင်း (၂) ငါးမှုန့်/ငါးအသား (၃) ဖွဲနု (၄)ဆန်ကွဲတို့ကို အသုံးပြုရပါမည်။ အဆိုပါစပ်စာတွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်း ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ ဖော်စပ်စာတွင် ယင်မဲသားလောင်း နှင့် ငါးမှုန်ကို (၃း၁) အားဖြင့်လည်းကောင်း၊ ဖွဲနုနှင့် ဆန်မှုန့်ကို (၄း၁)ဖြင့်လည်းကောင်း အသုံးပြုရပါမည်။ အစာစပ်နည်းအပြည့်အစုံလေ့လာရန် - https://htwettoe.com/post/58358 - -------- - မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
