မတ်ပဲအထွက်တိုးရန် သိထားရမည့် အချက်များ
- - မတ်ပဲကို များသောအားဖြင့် ဆောင်းတွင်းပိုင်းတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအချို့ဒေသများတွင် မိုးအခါတွင်လည်း စိုက်ပျိုးကြသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြသည်။ - - မြေ ချဉ်/ ငန်ဓာတ် (၆.၅ မှ ၇) အတွင်းရှိသော မြေများတွင် စိုက်ပျိုးနိုင်သည်။ - - အပင်ပေါက်ရာခိုင်နှုန်း (၈၅ မှ ၉၀) နှင့် အထက်ရှိသော မတ်ပဲမျိုးများကို အသုံးပြုစိုက်ပျိုးပါ။ - - အပင်ငယ်စဉ် မှိုရောဂါရောက်ဖျက်ဆီးလေ့ရှိသဖြင့် မစိုက်မီ မျိုးစေ့တစ်ဧကစာ (၈) ပြည် မှ (၁၀) ပြည် ကို မှိုသတ်ဆေးတစ်မျိုးမျိုး (၁၀) ဂရမ်ဖြင့် လူးနယ်၍ စိုက်ပျိုးပါ။ - - စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ပဲမြစ်ဖုမြေသြဇာ တစ်ထုပ်နှုန်းကို မျိုးစေ့နှင့် လူးနယ်၍ စိုက်ပျိုးပါ။ - - အမြင့်ဆုံးအထွက်ရရှိရန် တစ်ဧကလျှင် ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ (၂၈) ပေါင်၊ တီစူပါ - (ကြွက်ချေး) ဓာတ်မြေသြဇာ (၅၆) ပေါင်နှင့် ပိုတက်ရှ် (ဓာတ်ဆား) ဓာတ်မြေသြဇာ (၅၆) ပေါင် မြေခံတွင် ထည့်၍ စိုက်ပျိုးပါ။ - - မြန်မာပြည်အလယ်ပိုင်းဒေသများအတွက် မိုးနှောင်းရာသီတွင် အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလ ပထမပတ်၊ မြန်မာပြည်အောက်ပိုင်း ဒေသများအတွက် မိုးနှောင်းရာသီတွင် နိုဝင်ဘာလ ဒုတိယပတ်မှ နောက်ဆုံးအပတ်အတွင်း စိုက်ပျိုးသင့်ပါသည်။ - - မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးယင် ကာကွယ်နိုင်ရန်အတွက် တစ်ဧကလျှင် ကာတက်ဟိုက်ဒရိုကလိုရိုက် (သို့မဟုတ်) ဖစ်ပနိုနေး ( ၃ မှ ၆) ကီလိုဂရမ်ကို စိုက်ကြောင်းထဲတွင် ထည့်သွင်းစိုက်ပျိုးပါ။ - - ဖားဥမှိုရောဂါ ဆိုးရွားစွာကျရောက်တက်သော ဒေသများတွင် ရောဂါဒဏ်ခံနိုင်သော ရေဆင်းမတ်ပဲ- ၆ (ဆီပဲ) ကဲ့သို့သော မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ - - တစ်ဧကလျှင် အပင်ဦးရေ (၁၀၀၀၀၀) အပြည့်အဝရရှိစေရန် တန်းကြား (၁.၅) ပေ၊ ပင်ကြား (၄) လက်မထား စိုက်ပျိုးပါ။ - - အပင်ပေါက်ပြီး (၂) ပတ်သားမှစ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ လိုအပ်ပါက ပန်းမပွင့်မီ (၂၀) ရက်သားခန့်တွင် တစ်ကြိမ်၊ အတောင့်ဖွံ့ဖြိုးချိန်တွင် တစ်ကြိမ်ရေသွင်းပါ။ - - အပင်ငယ်စဉ်တွင် ပင်စည်ထိုးယင် ကျရောက်တက်ပြီး၊ အပင်များ ညှိုးခြောက်သေတက်သောကြောင့် အပင်ပေါက်စုံပြီး (၇ မှ ၁၀) ရက်သားခန့်တွင် စိမ့်ပျံ့အာနိသင်ရှိသော ပိုးသတ်ဆေးများအား သတ်မှတ်ထားသော နှုန်းထားအတိုင်းဖျန်းပါ။ - - သီးတောင့်အားလုံး၏ (၈၀ မှ ၉၀) ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင် ရိတ်သိမ်းပါ။ - မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော အထွက်ကောင်းသည့် မတ်ပဲမျိုးများ အကြောင်းကို အောက်ပါ link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ - Reference - ပဲမျိုးစုံသီးနှံသုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသည့် " ရေဆင်းမတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများနှင့် စိုက်ပျိုးနည်းစနစ်များ" ပညာပေးလမ်းကမ်းစာစောင်၊ - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
