ရှမ်းပြည်နယ် စက်တင်ဘာလ ၂၀ ရက် မှ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ
- ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ - ဖိလစ်ပိုင်ပင်လယ်မှ စတင်ပြီး အနောက်ဘက်-တောင်တရုတ်ပင်လယ်သို့ ရွေ့လျားဝင်ရောက်လာမည့် တိုင်ဖွန်းမုန်တိုင်း RAGASA (24W) - · ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း RAGASA (24W)သည် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ထိုင်ဝမ်ကျွန်းနှင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှ ဖြတ်သန်း၍ တောင်တရုတ်ပင်လယ်ထဲကို စက်တင်ဘာ ၂၂ ရက် နေ့လည်ပိုင်းမှာ စတင်ဝင်ရောက်လာနိုင်ပါမယ်။ - · တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်ချိန်မှာ CAT-3 တိုင်ဖွန်းမုန်တိုင်းအဆင့်ကို အားကောင်းလာပြီး အဲ့ဒီည တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိတဲ့အချိန်မှာ ပိုမိုကျယ်ဝန်းတဲ့ရေပြင်ကြောင့် အားပိုကောင်းလာပြီး CAT-4 အဆင့် အားအလွန်ကောင်းသောတိုင်ဖွန်းမုန်တိုင်း VIOLENT TYPHOON ဖြစ်လာနိုင်ပါမယ်။ - · JTWC ခန့်မှန်းချက်အရ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး စက်တင်ဘာ ၂၄ ရက် မြန်မာအချိန် နေ့လည်ပိုင်းမှာ တရုတ်ပြည်ကမ်းခြေကို ဟောင်ကောင်ရဲ့ အနောက်ဘက်မှ CAT-3 တိုင်ဖွန်းမုန်တိုင်းအဆင့်(လေတိုက်နှုန်း တနာရီ ၁၁၅ မိုင်နှုန်းဖြင့်)ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ - · ဥရောပ ECMWF Model ခန့်မှန်းချက်မှာတော့ ဟောင်ကောင်အနောက်ဘက် တရုတ်ပြည်ကမ်းခြေအတိုင်း အနောက်ဘက်ကို ရွေ့လျားပြီး၊ ဟိုင်နန်ကျွန်းကိုဦးစွာဖြတ်ကျော်ဝင်ရောက်ပြီးမှ တုံကင်ပင်လယ်ကွေ့မှတဆင့် ဗီယက်နမ်ကမ်းခြေကို စက်တင်ဘာ ၂၅ ရက်နေ့ည၊ ၂၆ ရက်နေ့အစောပိုင်းမှာ မြေပုံညွှန်းမှတ် 20.293, 106.556 မှ ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ - · မုန်တိုင်းရဲ့ လက်ရှိအရွယ်အစား အချင်းမိုင် ၂၅၃ မိုင်ခန့်(220 nautical miles)ရှိနေပြီး၊ တောင်တရုတ်ပင်လယ်ထဲကို ဝင်လာပြီးတဲ့အခါ အရွယ်အစား(အချင်းမိုင်)ပိုမိုကြီးမားလာနိုင်ပါမယ်။ - · ကပ္ပလီပင်လယ်မြောက်ပိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရီုးတန်းအနီး 3.1 km(အမြင့်ပေ ၁၀၀၀၀ ကျော်)မှာ လေပွေလှိုင်း(UACC)တခု စက်တင်ဘာလ ၁၈ ရက်နေ့မှာ စတင်ဖြစ်ပေါ်နေပြီး၊ မြောက်အနောက်မြောက်ဘက်မှတဆင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ဆက်လက်ရွေ့လျားသွားနိုင်ကြောင်း၊ စက်တင်ဘာလ ၂၅-၂၆ ရက်နေ့တွေမှာ အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ရောက်လာနိုင်ကြောင်း ECMWF, GFS နဲ့ ICON model များရဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။ - ရှမ်းပြည်နယ်အတွင်းမိုးရွာသွန်းနိုင်မည့်အခြေအနေ - · ရှမ်းပြည်နယ်မြောက်ပိုင်း(လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်နှင့် ကျောက်မဲ မြို့နယ်တွေ)မှာ မုန်တိုင်းအကြွင်းအကျန်ကြောင့်သက်ရောက်မှုနည်းပါးနိုင်ပြီး မုတ်သုံအားကောင်းခြင်းကြောင့် နေ့စည် ၀.၅ လက်မ မှ ၁ လက်မဝန်းကျင်ခန့်မိုးရွာနိုင်ပြီး ၇ ရက်မိုးရေချိန်ပေါင်း ၃ လက်မခွဲမှ ၄ လက်မခန့်ရွာသွန်းရရှိနိုင်ပါမယ်။ - · ရှမ်းပြည်နယ်အရှေ့ပိုင်း လာအိုနှင့် ထိုင်းနယ်စပ်အနီးဒေသများ၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်မြို့နယ်တို့တွင် မုန်တိုင်းMITAG အကြွင်းအကျန်နှင့် တိုင်ဖွန်းမုန်တိုင်း RAGASA တို့၏ အရှိန်သက်ရောက်မှုများကြောင့် ယခုတပတ်အတွင်း နေ့စဉ် ၂၄ နာရီမိုးရေချိန် ၄၀ မီလီမီတာအထက်(၁.၆ လက်မခန့်)ရွာသွန်းနိုင်ပြီး စက်တင်ဘာ ၂၂ မှ ၂၄ ရက်အတွင်း မိုးများနိုင်ပါမယ်။ - · ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ တောင်ကြီး၊ ညောင်ရွှေ၊ ကလောနှင့် ပင်လောင်းမြို့နယ်တွေမှာ စက်တင်ဘာ ၂၃ မှ ၂၅ ရက်အတွင်း မိုးသည်းထန်နိုင်ပြီး၊ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏ ၅.၁၂ လက်မခန့် ရှိနိုင်ပါမယ်။ - · ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသအတွင်းက တောင်စောင်း/မြေပြန့်စိုက်ခင်းများမှာ ရုတ်တရက်မိုးသည်းထန်ခြင်းကြောင့် စိုက်ခင်းများယာယီရေလွှမ်းနိုင်(Waterlogging)ဖြစ်နိုင်၊ မြေဆီလွှာတိုက်စားပျက်စီးမှုများ(Soil erosion)ဖြစ်နိုင်ပါတယ်။ - · ရှမ်းပြည်နယ်အတွင်းမှာ မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်သည့်အခါ Orographic effect ကြောင့် မိုးတိမ်များ၊ ရေခိုးရေငွေ့များကိုတောင်ထိပ်လေအေးများနှင့် ထိတွေ့စေပြီးမိုးရွာသွန်းခြင်းကို တွန်းအားပေးနိုင်သဖြင့် တောင်ကြီး၊ ကလော၊ ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်များ၏ တောင်စောင်းများတွင် မိုးရွာသွန်းမှုကို ပိုမိုစေတတ်ပါတယ်။ "Orographic boost" refers to an increase in precipitation on the windward side of a mountain, caused by moist air being forced upward and cooling, leading to cloud formation and rain or snow. This phenomenon also creates a "rain shadow" on the leeward side, where conditions are dry and precipitation is low. The entire process of air being forced over a mountain is called orographic lift, and the resulting increase in precipitation is the orographic effect. - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၂°C ခန့် ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ အမြင့်ဆုံးနေ့အပူချိန် ၂၆°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၉°C အထိရှိနိုင်ပါမယ်။ - · ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း တောင်ဘက်နှင့်အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၈ မိုင်ခန့်ရှိနိုင်ပါတယ်။ - · ရှမ်းပြည်နယ်ရဲ့ လေထုစိုထိုင်းဆအခြေအနေများအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းဒေသတွေမှာ ၈၀% မှ ၁၀၀% ကြားတွင်ရှိနေနိုင်ပြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ ၅၀% မှ ၉၀% ကြားတွင် ရှိနေနိုင်ပါမယ်။ - · လေထုစိုထိုင်းဆမြင့်မားချိန်တွေမှာ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၃°C ခန့်ရှိနေနိုင်ပါမယ်။ - ရှမ်းပြည်နယ်တခုလုံးတွင် လေထုညစ်ညမ်းမှုအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်စရာမရှိပါ။ - ရှမ်းပြည်နယ်အတွင်း ဂေါ်ဖီထုပ်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - ရှမ်းပြည်နယ်အတွင်း ဂေါ်ဖီထုပ်စိုက်ပျိုးတောင်သူများ ဂေါ်ဖီအမဲပုပ်ရောဂါ မှကာကွယ်နိုင်စေရန် - ဂေါ်ဖီအမဲပုပ်ရောဂါမှာ အရွက်၏ အနားရှိ ရေဝင်ပေါက်များမှတစ်ဆင့် အရွက်များပေါ်တွင် ကျရောက်ဖျက်ဆီးပါသည်။ ဘတ်တီးရီးယားဟာ ရွက်ကြောများမှတစ်ဆင့် ပင်စည်သို့ရွေ့လျားပြီး အခြားအရွက်များကို ကူးစက်ပျံ့နှံ့ပါတယ်။ ဘတ်တီးရီးယားဖျက်ဆီးထားသော အရွက်ဟာ ဝါလာပြီးနောက် အညိုရောင်ပြောင်းကာ လုံးဝခြောက်သွေ့သွားပါတယ်။ အရွက်တွင် ဗွီပုံသဏ္ဍန် ရေစိုနာကွက်ကိုတွေ့ရပါတယ်။ - ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - - မျိုးစေ့ဆောင်ရောဂါဖြစ်သည့်အတွက် မစိုက်ပျိုးမီ မျိုးစေ့ကိုရေနွေးစိမ်ပေးပါ။
- ရေအလွန်အကျွံသွင်းခြင်းမှ ရှောင်ကြဥ်ပါ။
- မျိုးရင်းမတူသောသီးနှံဖြင့် သီးလှည့်စိုက်ပါ။
- စိုက်ခင်းထဲမှ ရောဂါကျအပင်များကို ဖယ်ရှားဖျက်ဆီးပေးပါ။
- ဘက်တီးရီးယားကိုသယ်ဆောင်နိုင်သော ပိုးမွှားများကို ကြိုတင်ကာကွယ်ပါ။
- ဓာတုဆေးအသုံးပြုလိုပါက ကာဆူကာမိုင်စင်၊ ကော့ပါးပါဝင်သော မှိုသတ်ဆေးများ ကြိုတင်ပက်ဖျန်းပေးပါ။
 - ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် - မိုးမရွာမှီကာလတွင် ငါးမွေးကန်အတွင်း ရေဩဇာရှိနေပြီး ကန်ရေ၏ ချဉ်ဖန်နှုန်းမှာလည်း (၇) အထက်ရှိနေတတ်ပါသည်။ ကန်ရေ၏ အပူချိန်လည်း ၂၈ ဒီဂရီစင်တီဂရိတ် အထက်ရှိနေကြသောကြောင့် ငါးများပုံမှန် အစာစားခြင်း၊ ပုံမှန်ကြီးထွားခြင်း ရှိနေကြပါသည်။ - မိုးအဆက်မပြတ်ရွာသွန်းပြီး နေရောင်ခြည်လည်း ကောင်းစွာမရသဖြင့် ကန်အတွင်း အက်စစ်ဓာတ်များပြီး ကန်ရေ၏ချဉ်ဖန်နှုန်းသည် (၇)အောက်ရောက် ရှိလာပါမည်။ ၅.၅ အထိကျဆင်းတတ်ပါသည်။ နေရောင်ခြည်မရသောကြောင့် ကန်အတွင်း အလင်မှီ အစာချက်လုပ်နိုင်ခြင်း မရှိတော့ဘဲ ကန်ရေဩဇာဓာတ်လည်း ကျဆင်းပျောက်ဆုံးသွားပါသည်။ ထို့အတူ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် ရရှိမှုလည်း ကျဆင်းလာပါသည်။ ကန်ရေ၏ အပူချိန်လည်း ၂၅ ဒီဂရီစင်တီဂရိတ်မှ အောက်သို့ ကျဆင်းလာသည်ကိုလည်း တွေ့ရှိရပါမည်။ ထိုအချက်များကြောင့် ကန်ရေ အရည်အသွေးများသည် သတ်မှတ်ချက်စံများ မမှီသဖြင့် ငါးများအပေါ် ဖိစီးမှုများ ကျရောက်လာပါသည်။ - ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
