cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း စက်တင်ဘာလ ၂၂ ရက် မှ ၂၈ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရန်ကုန်တောင်ပိုင်းမြို့နယ်များနှင့် ဧရာဝတီတိုင်းနှင့်ထိစပ်တဲ့မြို့နယ်များ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ခရမ်း၊ သုံးခွ စသည့်မြို့နယ်တွေမှာ မိုးသည်းထန်နိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၉ လက်မအထက် ရွာသွန်းရရှိနိုင်တာကြောင့် ချောင်းများတွင် ရုတ်တရက်ရေတက်လာနိုင်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးနိုင်ပါတယ်။
  • အရှေ့/အနောက်ပင်လယ်ပြင်များတွင် ယခု ၁ ပတ်အတွင်းဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ 

    ·          တောင်တရုတ်ပင်လယ်အတွင်းသို့ စက်တင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန် နံနက်အစောပိုင်းမှာ ဝင်ရောက်လာမည့် စူပါတိုင်ဖွန်းမုန်တိုင်း(Super Typhoon – ST)RAGASA သည် စက်တင်ဘာ ၂၄ ရက် ညတွင် အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်း(Very Strong Typhoon – VST)အဖြစ် အားလျော့သွားပြီး တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ကျွန်းကို ဦးစွာဖြတ်ကျော်ပါမည်။ 

    ·          ဟိုင်နန်ကျွန်းကို ဖြတ်ကျော်အပြီး ဗီယက်နမ်နိုင်ငံအရှေ့ဘက် တုံကင်ပင်လယ်ကွေ့သို့ရောက်ရှိချိန်မှာ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ထပ်မံအားလျော့ပြီး ဗီယက်နမ်နိုင်ငံကမ်းခြေကို Haiphong မြို့တောင်ဘက် မိုင် ၇၀ ခန့်မှ စက်တင်ဘာ ၂၅ ရက်ညတွင် ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ပါတယ်။ 

    ·          ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးအနောက်ဘက် လာအိုနိုင်ငံအရှေ့ပိုင်းမှာ အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနဲ့ မြန်မာ-ရခိုင်ကမ်းရိုးတန်းအနီးမှာဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းသည် စက်တင်ဘာလ ၂၂ ရက်မှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်လာနိုင်ပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ နောက်ထပ်လေဖိအားနည်းရပ်ဝန်းအသစ်တခု စက်တင်ဘာလ ၂၅ ရက်‌နေ့မှာဖြစ်ပေါ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

    ·          မုန်တိုင်းအကြွင်းအကျန်များ(Typhoon Remnants)နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းများကြောင့် မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ မိုးများနိုင်/မိုးအလွန်များနိုင်ပါမယ်။ မြန်မာနိုင်ငံတခုလုံးမှာ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်၊ မိုးများနိုင်သည်များ ရှိပါမယ်။  

    ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် စက်တင်ဘာ ၂၂ ရက် မှ ၂၈ ရက် အထိ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ရန်ကုန်မြို့တွင်းမြို့နယ်များမှာ စက်တင်ဘာ ၂၂ မှ ၂၄ ရက်အတွင်းရွာသွန်းနိုင်သည့် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၂၄ နာရီအတွင်း ၂ လက်မ ခန့် ရှိနိုင်ပြီး 

    ·          ၇ ရက်အတွင်း ရရှိနိုင်သည့် မိုးရေချိန် ၇ လက်မ မှ ၁၀ လက်မခန့် ရွာသွန်းရရှိနိုင်/မိုးများနိုင်ပါတယ်။ 

    ·          ရန်ကုန်မြောက်ပိုင်းမှ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ အင်းစိန်၊ လှိုင်မြို့နယ်များနှင့် ရန်ကုန်အရှေ့ပိုင်းရပ်ကွက်များဖြစ်တဲ့ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ/မြောက်ဒဂုံရပ်ကွက်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၆ လက်မ မှ ၉ လက်မအထက်ရွာသွန်းရရှိနိုင်ပြီး ရေနှုတ်မြောင်းများ၊ ချောင်းများရေလျှံနိုင်ကာ အချို့ရပ်ကွက်များမှာ ရေကြီးနိုင်ပါတယ်။ 

    ·          ရန်ကုန်တောင်ပိုင်းမြို့နယ်များနှင့် ဧရာဝတီတိုင်းနှင့်ထိစပ်တဲ့မြို့နယ်များ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ခရမ်း၊ သုံးခွ စသည့်မြို့နယ်တွေမှာ မိုးသည်းထန်နိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၉ လက်မအထက် ရွာသွန်းရရှိနိုင်တာကြောင့် ချောင်းများတွင် ရုတ်တရက်ရေတက်လာနိုင်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးနိုင်ပါတယ်။ 

    ·          ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်းတောင်ပိုင်းနှင့် အရှေ့ပိုင်းမြို့နယ်များမှာ မိုးရေချိန်ရရှိမှုများနိုင်တာကြောင့် အနိမ့်ပိုင်းမှစိုက်ပျိုးမြေအချို့ရေလွှမ်းနိုင်သည်ကို သတိပြုကြရပါမယ်။ 

    ·အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ စက်တင်ဘာ ၂၈ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၈°C အထိရှိနိုင်ပါမယ်။ 

    ·          ယခု ၁ ပတ်အတွင်း တောင်/အနောက်တောင်နှင့်အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့်အထိ ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၆ ပေ ခန့်ရှိနိုင်ပါတယ်။ 

    ·         ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၈၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်နှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၁၀၀% ရှိနိုင်ပါတယ်။ 

    ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “30” ရှိနိုင်ပြီး အန္တရာယ်မရှိနိုင်သော အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။ 

    (စက်တင်ဘာလ ၂၂ ရက် မှ စက်တင်ဘာလ ၂၈ ရက်အထိ မိုးလေဝသအခြေအနေ )

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက်  

    အခုတစ်ပတ် မိုးရွာသွန်းမှုများနိုင်သဖြင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန် အကြံပြုအပ်ပါသည်။ ငါးမွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ‌ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားသင့်ပါသည်။ ကန်ဘောင်ပေါ်မှ ‌ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ‌ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကို ကြိုတင်ကာကွယ်နိုင်ပါသည်။  

    ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် (သို့မဟုတ်) အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ 

    ------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
5121