cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း စက်တင်ဘာလ ၂၄ ရက် မှ ၃၀ ရက်အထိမိုးလေဝသအခြေအနေ

. Weather News
မကွေးတိုင်း မြောက်ဘက်၊ အနောက်မြောက်ဘက်၊ အနောက်ဘက်နှင့်အနောက်တောင်ဘက် တောင်ကုန်းထူထပ်သည့်မြေမျက်နှာပြင်ရှိသောဒေသများဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပခုက္ကူ မြို့နယ်/ခရိုင်တွေမှာ ယခု ၁ ပါတ်အတွင်း အမြင့်ဆုံး မိုးရေချိန်(၇ ရက်အတွင်း ၄ လက်မ မှ ၅ လက်မခန့်အထိ) ရွာသွန်းရရှိနိုင်ပါတယ်။ (ယခင်တပတ်က ကြိုတင်ခန့်မှန်းချက်နှင့် အလားတူဖြစ်ပါတယ်)
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          ယခုစာရေးချိန် ၂၃ ရက် ည ၁၀ နာရီမှာ တောင်တရုတ်ပင်လယ်မြောက်ပိုင်း၊ ဟောင်ကောင်ရဲ့ အရှေ့တောင်ဘက် ၁၁၁ မိုင်ခန့်ကိုရောက်လာတဲ့ အားအလွန်ကောင်းသောတိုင်ဖွန်းမုန်တိုင်း Very Strong Typhoon – VT Ragasa(24W)၊ အနောက်-အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနေပါတယ်။ 

    ·          မုန်တိုင်းအရွယ်အစားသည် အချင်း ၆၇၈ မိုင်ရှိပြီး၊ လေတိုက်နှုန်း တနာရီ မိုင် ၁၄၀ ကျော်တိုက်ခတ်နေဆဲ့ CAT-3 အဆင့် မုန်တိုင်းအဖြစ်ဆက်ရှိနေပါတယ်။ 

    ·          မုန်တိုင်းလမ်းကြောင်းရွေ့လျားမှုအနေနှင့် ယခင်ခန့်မှန်းချက်ထက် မြောက်ဘက်ကို ၃၅ မိုင်ခန့် မြင့်တက်လာပြီး၊ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်သည့် LANDFALL Point သည်လည်း တရုတ်ပြည်မ GUANGZHOU ပြည်နယ်ကမ်းခြေကို SAUNGCHAUN ကျွန်း၊ မြေပုံညွှန်း 21°37'N, 112°45'E မှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း တွေ့ရပါတယ်။ 

    ·          မုန်တိုင်းလမ်းကြောင်းမြောက်ဘက်ကိုတက်သွားသဖြင့် ကုန်းတွင်းကိုအဝင်စောပြီး(Early Landfall was made)၊ ပင်လယ်ပြင်ကိုပြန်လည်ဆင်းသက်နိုင်ခြင်း မရှိတော့တာအပြင်၊ အနောက်တောင်မုတ်သုံလေအားကောင်းနေတာကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ မုန်တိုင်းအကြွင်းအကျန်များ ရွေ့လျားဝင်ရောက်နိုင်မည့်အခြေအနေသည်လည်း လျော့နည်းသွားနိုင်ပါတယ်။ 

    ·          စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက်၊ ဆက်လက်ရွေ့လျားလာမည့် မုန်တိုင်းအကြွင်းအကျန်များ လျော့နည်းသွားနိုင်သည့်အတွက်၊ လာအိုနိုင်ငံ Louangphabang မြို့နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း Chaingrai မြို့များနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင်လည်း မူလကြိုတင်ခန့်မှန်းချက်ထက် မိုးရေချိန်ရရှိနိုင်မည့်အခြေအနေများစွာလျော့နည်းသွားနိုင်ကြောင်း၊ စက်တင်ဘာ ၂၄ ရက် မှ အောက်တိုဘာ လ ၆ ရက်အတွင်း ပုံမှန်မုတ်သုံမိုးရွာသွန်းစဉ် ရရှိနိုင်မည့် မိုးရေချိန် ၂၄ နာရီအတွင်း ၀.၅ လက် မှ ၁ လက်မ ခန့်သာ ရွာသွန်းရရှိနိုင်ကြောင်း တွေ့ရပါတယ်။ 

    ·          မြန်မာနိုင်ငံအတွင်း စက်တင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ မုတ်သုံမိုးအသင့်အတင့် ဆက်လက်ရွာသွန်းနေနိုင်ပါမယ်။ 

    မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက် 

    Windy နှင့် Ventusky ကြိုတင်ခန့်မှန်းရေး model များမှ ရရှိသည့်အချက်အလက်များအရ - 

    ·          မကွေးတိုင်း မြောက်ဘက်၊ အနောက်မြောက်ဘက်၊ အနောက်ဘက်နှင့်အနောက်တောင်ဘက် တောင်ကုန်းထူထပ်သည့်မြေမျက်နှာပြင်ရှိသောဒေသများဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပခုက္ကူ မြို့နယ်/ခရိုင်တွေမှာ ယခု ၁ ပါတ်အတွင်း အမြင့်ဆုံး မိုးရေချိန်(၇ ရက်အတွင်း ၄ လက်မ မှ ၅ လက်မခန့်အထိ) ရွာသွန်းရရှိနိုင်ပါတယ်။ (ယခင်တပတ်က ကြိုတင်ခန့်မှန်းချက်နှင့် အလားတူဖြစ်ပါတယ်) 

    ·          ဒီတပတ်ကြိုတင်ခန့်မှန်းချက်များအရ ချင်းပြည်နယ်နဲ့ထိစပ်တဲ့ နယ်စပ်တောင်ကြောများပေါ်မှ မိုးအားမြင့်စေသည့်အခြေအနေ(Orographic Lift Effect)/မိုးပြိုကျစေသည့်အခြေအနေများကြောင့် ဂန့်ဂေါခရိုင်အတွင်းမှာ နေရာကွက်မိုးသည်းထန်ပြီး ရုတ်တရက်ရေကြီးနိုင်ခြင်းနှင့် မြေပြိုနိုင်ခြင်းများကို သတိထားသင့်ပါတယ်။ 

    ·          မကွေးတိုင်းတောင်ပိုင်းမှ သရက်မြို့မှာ အနောက်ဘက်တောင်ကြောများပေါ်မှရွေ့လျားဝင်ရောက်လာနိုင်မည့် မိုးသည်းထန်ခြင်းများ(Cloud-Burst)ကြောင့် ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မနီးပါးခန့် ရရှိနိုင်ပါတယ်။ 

    ·          ချင်းတွင်းနှင့်ဧရာဝတီမြစ်အထက်ပိုင်းမှာ ရေကျနေကြောင်း မြစ်ရေအခြေအနေသတင်းများအရ မြစ်အောက်ဘက်ကို ဆက်လက်စီးဆင်းလာမည့်မြစ်ရေ ပခုက္ကူ၊ မကွေး၊ မင်းဘူးခရိုင်တွေမှာမြင့်တက်လာနိုင်သည်ကိုသတိထားရပါမယ်။ 

    ·          မကွေးတိုင်းအတွင်းစိုက်ပျိုးထားသည့် သီးနှံများအတွက်ရေရရှိနိုင်သည့်အခွင့်အလမ်းဖြစ်ပြီး မိုးရေချိန်မများသော်လည်း နေရာကွက်၍မိုးသည်းထန်နိုင်ခြင်းကြောင့် သီးနှံစိုက်ခင်းများရေလွှမ်းနိုင်သည်ကို သတိထားကြရပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပြီး၊ စက်တင်ဘာ ၁၈ ရက်နေ့တွင် ခံစားရသည့်အပူချိန်(Feels Like Temperature)၃၈°C ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ လေထုစိုထိုင်းဆ ၇၀% ခန့်ရှိနိုင်ပြီး၊ တောင်ကုန်းထူထက်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အထိ ရှိနိုင်ပါမယ်။ 

    မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI level) 50 ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်သဖြင့် စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် 

    ငါးကန်များ အ‌စာ‌ကျွေးရာမှာ အလေအလွင့်မဖြစ်စေဖို့ အကြံပြုအပ်ပါသည်။ 

    - မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။ 

    - အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။ 

    - ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါသည်။ 

    - ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ 

    - အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်‌သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။ 

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    -------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
likes
2
comments
0
views
3906