တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
- မတ်ပဲ - မတ်ပဲက ယခုတစ်ပတ်မှာလည်း စျေးထပ်ကျပြန်ပါတယ်။ င်္အဂါနေ့ကနေ ကြာသပတေးနေ့အတွင်း တစ်တန်ကို ၂၉ သိန်းအောက်ပြုတ်ကျခဲ့ပြီး သောကြာနေ့မှာတော့ ၂၉ သိန်းကျော်ပြန်တက်တာတွေ့ရပါတယ်။ FOB စျေးလည်း ဒေါ်လာ ၂၀ လောက် ကျဆင်းသွားပါတယ်။ပြည်ပ ဝယ်လိုအားနည်းတဲ့အတွက်စျေးကျတာနေတာဖြစ် ပါတယ်။ FOB စျေးက အမေရိကန်ဒေါ်လာ ၇၁၀ မှ ၇၂၀ သာရှိပါတော့တယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ နေ့က ၂၉၁၂၀၀၀ ၊ င်္အဂါ နေ့က ၂၈၅၈၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ တော့ ၂၈၇၀၀၀၀ ၊ ကြာသပတေးနေ့ မှာ ၂၈၇၇၀၀၀ ၊သောကြာနေ့ မှာ ၂၉၁၀၀၀၀ ရှိပါတယ်။ - အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကိုတနင်္လာ မှ သောကြာနေ့အတွင်း ၂၉၁၈၀၀၀ မှ ၂၉၅၉၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ တစ်တန်ကို ၆၀၀၀၀ ကျပ်လောက်စျေးထပ်ကျလာတာဖြစ် ပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံက အခုတစ်ပတ်မှာလည်း စျေးကျနေဆဲဖြစ် ပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀ မှ ၁သိန်းကျော် လောက် စျေးကျခဲ့တာဖြစ်ပါတယ်။ FOB စျေးလည်း ဒေါ်လာ ၂၀ ကျသွားပါတယ်။ FOB စျေးက အမေရိကန်ဒေါ်လာ ၆၀၀ မှ ၆၁၀ တွင်းသာရှိပါတော့တယ်။ ပြည်ပအဝယ်နည်းတဲ့အခြေအနေ၊ ပဲခွဲစက်အဝယ်နည်းတာကြောင့် စျေးကွက်ကျနေတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၄၃၀၀၀၀၊ င်္အဂါနေ့ မှာ ၂၃၈၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၃၆၀၀၀၀ ၊ ကြာသပတေးနေ့ မှာ ၂၃၇၀၀၀၀ ၊ သောကြာနေ့ မှာ ၂၃၉၇၀၀၀ စျေးသာရှိပါတယ်။ - အရင်တစ်ပတ်တုန်းက တင်္နလာနေ့ကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၄၄၀၀၀၀ မှ ၂၄၉၈၀၀၀ ကျပ်ရှိခဲ့ ပါတယ်။ - ကြက်သွန်ဖြူ - စားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်ဖြူကတော့ အခုတစ်ပတ်မှာ စျေးထပ်ကျလာပါတယ်။ စျေးကွက်အတွင်းကို တရုတ်မှ ကြူကုတ်ကြက်သွန်ဖြူဝင်ရောက်မှု ရှိလာခြင်း ၊ ရှမ်းကြက်သွန်က ရောင်းလိုအားများပြီး ဝယ်လိုအားနည်းခြင်း စတဲ့အခြေအနေတွေကြောင့် စျေးပြန်ကျလာတာဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းကြက်သွန်တွေက ရောင်းလိုအားများနေတဲ့အတွက် စျေး အတက်ဘက်ကိုပြန်ရောက်ဖို့ ခဲ့တယ်လို့သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကြူကုတ်တစ်ပိဿာကို ၁၁၅၀၀ ကျပ်သာရှိပြီး ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ အောင်ပန်းထူး ၂ တစ်ပိဿာကို ၂၅၀၀ မှ ၂၈၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၃၅၀၀ မှ ၃၈၀၀ ကျပ်၊ အောင်ပန်းထူး ၄က ၅၀၀၀ မှ ၅၂၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၆၀၀၀ ကျပ်သာရှိ ပါတယ်။ - ကုလားပဲ - ကုလားပဲက အခုတစ်ပတ်မှာလည်းစျေးထပ်ကျပါတယ်။ ပဲအမျိုးအစားအလိုက် ၃၀၀၀ ကနေ ၁၂၀၀၀ ကျပ်အထိ ကျပါတယ်။ ကုလားပဲက ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်းစားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် စားသုံးမှုနည်းပြီး ပဲခွဲစက်တွေအဝယ်အေးပါက စျေးကျဆင်းတတ်တယ်လို့သိရပါတယ်။ - မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်းဝင် တစ်အိတ်ကို ၂၄၀၀၀၀ ကျပ်ရှိ ပြီး ၁၂၀၀၀ ကျပ်ကျကာ ၊ ကုလားပဲ (V7) က ၂၂၇၀၀၀ မှ ၂၂၈၀၀၀ ကျပ်ရှိပြီး ၉၀၀၀ ကျပ်စျေးထပ် ကျပါတယ်။ ကုလားပဲ (929) ကလည်း ၂၃၄၀၀၀ ကျပ်ရှိပြီး ၉၀၀၀ ကျပ်ကျပါတယ်ကုလားပဲထိုင်ဝမ်က ၂၂၇၀၀၀ မှ ၂၂၈၀၀၀ ကျပ်ရှိလို့ ၃၀၀၀ မှ ၅၀၀၀ ကျပ်အတွင်းစျေးထပ်ကျ ပါတယ်။ - စားတော်ပဲ - ယခုတစ်ပတ်မှာ စားတော်ပဲ (ကျွန်း) က စျေးတက်လာပြီး စားတော်ပဲ ( ကနေဒါ) က စျေးထပ်ကျဆင်းသွား - ပါတယ်။ ပြည်တွင်းပဲစျေးကွက်မှာစားတော်ပဲ(ကျွန်း)က လက်ကျန်နည်းပြီး စျေးကွက်ထဲကို ကုန်ပစ္စည်းအဝင်နည်းတာကြောင့် စျေးကွက်ကအတက်မှာပဲရှိနေတာဖြစ်ပါတယ်။ - စျေးကွက်ထဲမှာ စားတော်ပဲ (ကျွန်း) နဲ့ စားတော်ပဲ (ကနေဒါ) သာ ဝင်ရောက်မှုရှိနေပါတယ်။ ကနေဒါစားတော်ပဲက စားသုံးမှုနည်းတယ်လို့သိရပါတယ်။ စားတော်ပဲက ပြည်တွင်းစားသုံးတဲ့ ပဲဖြစ်တာကြောင့် စားသုံးမှုများပြီးဝယ်လိုအားကောင်းပါက စျေးတန်းမြင့်တတ်ပြီး ဝယ်လိုအားကျပါက စျေးကွက်လည်းကျဆင်းတတ်ပါတယ်။ - မန္တလေးကုန်စည်စျေးကွက်မှာ စားတော်ပဲ ကနေဒါ က ၅၉.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်ကို ၃၇၀၀၀၀ ကျပ်သာရှိပြီး အရင်တစ်ပတ်ကထက် ၂၀၀၀၀ ကျပ်ကျလာကာ စားတော်ပဲ ( ကျွန်း) ကတော့ တစ်အိတ်ကို ၇၄၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀၀ ကျပ် - တက်လာပါတယ်။ - AMIA - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
