cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း စက်တင်ဘာလ ၂၉ ရက် မှ အောက်တိုဘာလ ၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
အရှေ့/အနောက်ပင်လယ်ပြင်များတွင် ယခု ၁ ပါတ်အတွင်းဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ တောင်တရုတ်ပင်လယ်မှ မုန်တိုင်းများ
  •           တိုင်ဖွန်းမုန်တိုင်း BUALOI သည် စက်တင်ဘာ ၂၈ ရက် ည၊ ၂၉ ရက် နံနက်အစောပိုင်းမှာ ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ပြီးစီးမည်ဖြစ်ပြီး မုန်တိုင်းအကြွင်းအကျန်များသည် လာအိုနိုင်ငံမှတဆင့် မြန်မာနိုင်ငံအရှေ့ပိုင်း(ရှမ်းပြည်နယ်အရှေ့ပိုင်း)နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့သို့ စက်တင်ဘာ ၂၉ ရက်နေ့မှာ စတင်ဝင်ရောက်လာနိုင်ပါမယ်။ 

    ·          စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်နေ့များတွင် ရှမ်းပြည်နယ်တခုလုံး နေရာစိပ်စိပ်မိုးထစ်ချုန်းရွာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာကွက်၍ မိုးများနိုင်ပါမယ်။(၂၄ နာရီအတွင်း မိုးရေချိန် ၄ လက်မခန့်ရွာသွန်းရရှိနိုင်) 

    ·          အောက်တိုဘာ ၁ ရက်နေ့မှာ မုန်တိုင်းအကြွင်းအကျန်များ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းကိုရောက်ရှိနိုင်ပြီး၊ 

    ·          အောက်တိုဘာ ၁ ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီးနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင်လည်းကောင်း၊ အောက်တိုဘာ ၂ ရက်နေ့မှာ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာလည်းကောင်း နေရာစိပ်စိပ်မိုးရွာနိုင်/နေရာကွက်၍မိုးများနိုင်ပါမယ်။ 

    ·          အောက်တိုဘာလ ၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်ပြီး တောင်ရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာနိုင်သည့် မုန်တိုင်း ၁ လုံး ထပ်မံဖြစ်ပေါ်လာနိုင်ကာ တောင်တရုတ်ပင်လယ်အတွင်းတွင် အနောက်ဘက်၊ ဗီယက်နမ်နိုင်ငံဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF, GFS စသည့် ကသင်္ချာပုံစံပြု modelများမှ ကြိုတင်ခန့်မှန်းချက်များရှိနေပါတယ်။ 

      

    ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် စက်တင်ဘာ ၂၉ ရက် မှ အောက်တိုဘာလ ၁ ရက် အထိ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန်များ 

    ·          စက်တင်ဘာ ၃၀ ရက်နေ့တွင် ကပ္ပလီပင်လယ်မြောက်ပိုင်းတွင်ဖြစ်ပေါ်လာနိုင်မည့် လေပွေလှိုင်းမှ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ အနည်းဆုံး လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မုတ်သုံပိုမိုအားကောင်းလာနိုင်သဖြင့် ရန်ကုန်တိုင်းအတွင်း ပျမ်းမျှခြင်းအားဖြင့် ၇ ရက် မိုးရေချိန် ၄ လက်မမှ ၇ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·          ရန်ကုန်မြောက်ပိုင်းမှ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးစသည့် မြို့နယ်/ခရိုင်များနှင့် ရန်ကုန်တောင်ပိုင်း ခရမ်း/သုံးခွ/ဒလ/ကွမ်းခြံကုန်း မြို့နယ်များမှာ ၇ ရက်အတွင်း မိုးရေချိန် ၆ လက်မ မှ ၇ လက်မ ဝန်းကျင်ခန့်၊ 

    ·          ရန်ကုန်အနောက်ပိုင်း၊ တွံတေး၊ ကော့မှူးမြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မ မှ ၆ လက်မခန့် 

    ·          ရန်ကုန်အရှေ့ပိုင်းမှ မြို့နယ်/ခရိုင်တွေမှာ ၇ ရက် မိုးရေချိန် ၅ လက်မ မှ ၇ လက်မ ခန့် - အသီးသီး ရွာသွန်းရရှိနိုင်ပါတယ်။ 

    သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေများ 

    ·          ရန်ကုန်တိုင်းမြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ နေ့စဉ်မိုးရွာသွန်းမှု ၁၅၀ မီလီမီတာအထက်(၆ လက်မ ခန့်)ရွာသွန်းနိုင်တာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ 

    ·          မိုးထစ်ချုန်းရွာသွန်းရန်ဟန်ပြင်လာသည့်အခါ ကွင်းပြင်/သစ်ပင်အောက်များတွင်မနေပဲ၊ အနီးဆုံးခိုလှုံရာတခုခုကိုရှာဖွေဝင်‌ရောက်ခြင်းဖြင့် မိုးကြိုးပစ်ခံရနိုင်သည့်အန္တရာယ်နှင့် သစ်ပင်လဲ/သစ်ကိုင်းကျိုးပြီး ပိမိနိုင်/ထိခိုက်နိုင်သည့်အန္တရာယ်မှလွတ်ကင်းအောင် သတိထားကြဘို့လိုပါမယ်။ 

    ·          စိုက်ပျိုးခင်းများ၊ စပါးခင်းများအတွက်"အောင်ရေ"ရရှိအောင် လယ်ကွင်းများ၌ရေစုဆောင်းထားလျှင် အနိမ့်ပိုင်းလယ်မြေများ ရေမလွှမ်းနိုင်အောင် သတိထားစောင့်ကြည့်ရန်လိုပါမယ်။ 

    ·          ပဲခူးရိုးမနှင့် ဆက်စပ်/နီးစပ်သောမြို့နယ်များမှာ တောင်စောင်းများတွင်မြေပြိုကျနိုင်သည့်အန္တရာယ်ရှိသည်ကို လစ်လျူရှုထား၍မရပါ။ ယခုလိုကာလအတွင်း သတိရှိကြရပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ စက်တင်ဘာ ၂၈ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၈°C အထိရှိနိုင်ပါမယ်။ 

    ·          ယခု ၁ ပတ်အတွင်း တောင်/အနောက်တောင်နှင့်အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၂၅ မိုင်ခန့်အထိ ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၅ ပေ မှ ၆ ပေခန့်ရှိနိုင်ပါတယ်။ 

    ·         ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၈၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်နှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၁၀၀% ရှိနိုင်ပါတယ်။ 

    ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “35” ရှိနိုင်ပြီး အန္တရာယ်မရှိနိုင်သော အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။  

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွမ်းစိုက်တောင်သူများထံသို့ 

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်.... 

    • ကွမ်းဆီစွန်းကျနေတဲ့အရွက်၊အပင်အစိတ်အပိုင်းတွေကိုသေချာမရှင်းဘဲနဲ့ ဆေးဖျန်းပါက ထိရောက်ဖို့ခက်ပါတယ်။ 
    • ရောဂါလက္ခဏာကျနေတဲ့အရွက်တွေကို အရင်းကနေကတ်ကြေးနဲ့ညှပ်၊ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီးလွှတ်ပစ်ပေးပါ။ကွမ်းခြံထဲမှာ ပစ်မထားခဲ့ပါနဲ့။ 
    • ရောဂါကျအပင်ကို အသုံံးပြုသော ကတ်ကြေး၊ ဓားများကို အရက်ပြန်နှင့်သေချာမသန့်ရှင်းဘဲ ကျန်းမာသောအပင်တွင် ညှပ်ခြင်း၊ ဖြတ်ခြင်းမပြုလုပ်သင့်ပါ၊ 
    • ကွမ်းခြံအတွင်းရေဝပ်တာ၊ စိုထိုင်းဆများနေတာမျိုးမရှိအောင်လုပ်ပေးပါ၊ 
    • လေဝင်လေထွက်ကောင်းအောင်လည်းလုပ်ဆောင်ပေးပါ။ 
    • ကွမ်းဆီစွန်းအတွက်ရွေးချယ်နိုင်သော ဘက်တီးရီးယားသတ်ဆေးများ- Streptomycin sulphate, Copper oxychloride, Kasugamycin, Oxolinic acid, Bismerthiazol 

    ငါးကန်များရှိ ရေညှိ၊ ရေမှော်များ ဖယ်ရှားခြင်း 

    ကန်အတွင်း အပင်မျှောလှေး များပြားခြင်းမှ အလင်းရောင် နှင့်အပူချိန် မှန်ကန်စွာမရရှိပါက အပင်မျှောလှေးများသေကြေပြီး ရေညှိဖတ်များအဖြစ် ပြောင်းလဲဖြစ်ပေါ်လာရပါသည်။ ရေညှိ ရေမှော်များ ကန်အတွင်းများပြားပါက ငါးများညအချိန်တွင် အောက်စီဂျင်ကျခြင်းများကို ကြုံတွေ့နေတတ်ပါသည်။ ငါးများသွားလာလှုပ်ရှားမှု့ကိုလည်း အနှောက်အယှက်ဖြစ်ပေါ်စေပါသည်။ အဆိုပါ ရေညှိ ရေမှော်များကို အောက်ပါအတိုင်း ဖြေရှင်းနိုင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ 

    - တစ်ဧက ကန်အတွက် ဂျစ်ပ်ဆမ် (၆၃) ပိဿာ   (သို့မဟုတ်) 

    - ဒုတ္တာ (ကောပါးဆာလ်ဖိတ်) (၆)ပိဿာ မှ (၈)ပိဿာအထိသုံးစွဲနိုင်ပါသည်။ ၄င်းကောင်းတို့ကို အိပ်ငယ်ကလေးများတွင် ထည့်စီးပြီး ရေထဲရှိ ဝါးလုံးတိုင်တွင် ကပ်ချည်ပါ။ အိပ်ငယ်ကလေးများ ကို ရေထဲသို့ (၄)လက်မ (သို့မဟုတ်) (၆)လက်မခန့် နှစ်ထားရပါမည်။ 

    ------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
  • article
likes
8
comments
0
views
4100