cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်/မွေးအကြံပြုချက်

. Weather News
ပန်းမုံလာခင်းများတွင် အော်တာနေးရီးယားမှိုကျရောက်ပါက အောက်ပိုင်းရှိအရွက်များပေါ်တွင် မီးခိုးဝါရောင်အကွက်များစတင်တွေ့ရပြီး အနာကွက်များတဖြည်းဖြည်းကျယ်ပြန့်လာကာ လက်ဗွေရစ်များပေါ်လာပြီး နောက်ပိုင်း အရွက်တစ်ခုလုံးဝါခြောက်သွားတတ်ပါတယ်။
  • ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပန်းမုံလာစိုက်တောင်သူများထံသို့  

    အော်တာနေးရီးယားရွက်ပြောက်ရောဂါ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက်... 

    • အော်တာနေးရီးယားမှိုကျရောက်ပါက အောက်ပိုင်းရှိအရွက်များပေါ်တွင် မီးခိုးဝါရောင်အကွက်များစတင်တွေ့ရပြီး အနာကွက်များတဖြည်းဖြည်းကျယ်ပြန့်လာကာ လက်ဗွေရစ်များပေါ်လာပြီး နောက်ပိုင်း အရွက်တစ်ခုလုံးဝါခြောက်သွားတတ်ပါတယ်။ 
    • ရောဂါဖြစ်စေသက်ရှိမှိုသည် အေး၍စိုစွတ်သောအခြေအနေတွင် ရောဂါကျရောက်မှုပိုမိုပြင်းထန်တတ်တာကြောင့် ရောဂါကျရောက်သည်ကိုတွေ့ပါက- 
    • စိုက်ခင်းအစိုဓာတ်လျှော့ပါ၊ ပင်ခြေတွင်ရေမဝပ်စေရန် ဂရုပြုပါ။ 
    • နိုက်ထရိုဂျင်သီးသန့်မြေဩဇာများ အလွန်အကျွံမထည့်ပါနဲ့။ 
    • ရောဂါကျအပင်များကို နုတ်ယူဖယ်ရှားရှင်းလင်းပြီးမှ ဆေးဖျန်းခြင်းကိုလုပ်ဆောင်ပါ။ 
    • အသုံးပြုနိုင်သောဓာတုမှိုသတ်ဆေးများ - Mancozeb, Chlorothalonil, Cymoxanil, Azoxystrobin+ Difenoconazole, Trifloxystrobin+ Tebuconazole 

    ပရိုတိန်းများသော ပုစွန်၊ ဂဏန်းစာဖော်စပ်ခြင်း  

     ပုစွန်၊ ဂဏန်း တို့သည် အသားဓာတ်များစွာပါသော အစာကို ကြိုက်နှစ်သက်ကြပါသည်။ အစာကို လက်ညှပ်ဖြင့် ဖဲ့ယူစားသောက်တတ်သဖြင့် ဖြည့်စွက်စာကျွေးရာတွင် အစာသည် မမာလွန်းသော မပျော့လွန်းသော အစာဖြစ်ရပါမည်။ (တနည်းအားဖြင့်) အဆိုပါအစာသည် ရေတွင် အနည်းဆုံးမိနစ်(၃၀) ခန့်မပျော်နိုင်သော အစာဖြစ်ရပါမည်။  

    ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။ ယင်မဲသားလောင်းသည် ပရိုတိန်း၄၀ ရာခိုင်နှုန်းကျော်ပါဝင်သဖြင့် ယင်မဲသားလောင်းဖြင့် စပ်စာကို အသုံးပြုနိုင်ရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။  

     ကုန်ကြမ်းအဖြစ် (၁)ယင်မဲသားလောင်း (၂) ငါးမှုန့်/ငါးအသား (၃) ဖွဲနု (၄)ဆန်ကွဲတို့ကို အသုံးပြုရပါမည်။ အဆိုပါစပ်စာတွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်း ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ ဖော်စပ်စာတွင် ယင်မဲသားလောင်း နှင့် ငါးမှုန်ကို (၃း၁) အားဖြင့်လည်းကောင်း၊ ဖွဲနုနှင့် ဆန်မှုန့်ကို (၄း၁)ဖြင့်လည်းကောင်း အသုံးပြုရပါမည်။ အစာစပ်နည်းအပြည့်အစုံလေ့လာရန် - https://htwettoe.com/post/58358  

    -------- 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။ 


  • article
likes
4
comments
0
views
4110