cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း အောက်တိုဘာလ ၈ ရက် မှ အောက်တိုဘာလ ၁၄ ရက်အထိမိုးလေဝသအခြေအနေ

. Weather News
မကွေးတိုင်း မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်ပိုင်း၊ ချင်းပြည်နယ်/ရခိုင်ရိုးမတို့နှင့်နယ်နိမိတ်ချင်းထိစပ်သည့် မြို့နယ်/ခရိုင်များဖြစ်သည့် ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ကျော၊ ဆော၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ စေတုတ္တရာ မြို့နယ်/ခရိုင်များနှင့် မကွေးတိုင်းတောင်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်းနှင့်ထိစပ်သော မြို့နယ်အချို့ဖြစ်သော ကံမ၊ သရက်မြို့၊ မင်းတုန်း တို့တွင်မိုးအနည်းငယ်ပိုနိုင်၊ ၇ ရက် မိုးရေချိန် ၂.၅ လက်မ မှ ၄ လက်မခန့်အထက်အထိ ရရှိနိုင်ပြီး၊
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တွေဘက်မှာ GFS Model ကြိုတင်ခန့်မှန်းချက်မှအပ ကျန် ကြိုတင်ခန့်မှန်းရေး model များက လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းစသည်ဖြင့်ဖြစ်လာနိုင်ကြောင်းခန့်မှန်းထားတာမတွေ့ရပါ။ 

    ·          GFS model ကြိုတင်ခန့်မှန်းချက်အရ အောက်တိုဘာလ ၁၂ ရက်မှာ တောင်တရုတ်ပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တွေမှာ အထက်လေပွေလှိုင်းများဖြစ်ပေါ်နိုင်ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်အားပိုကောင်းလာနိုင်ကြောင်းတွေ့ရပါတယ်။ 

    ·          Model အားလုံးရဲ့တပြေးညီကြိုတင်ခန့်မှန်းချက်မဟုတ်တာကြောင့် ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။ 

    မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက် 

    Windy နှင့် Ventusky Application တို့၏ ကြိုတင်ခန့်မှန်းရေး icon နှင့် gfs model များမှ ရရှိသည့်အချက်အလက်များအရ - 

    ·          မကွေးတိုင်း မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်ပိုင်း၊ ချင်းပြည်နယ်/ရခိုင်ရိုးမတို့နှင့်နယ်နိမိတ်ချင်းထိစပ်သည့် မြို့နယ်/ခရိုင်များဖြစ်သည့် ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ကျော၊ ဆော၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ စေတုတ္တရာ မြို့နယ်/ခရိုင်များနှင့် မကွေးတိုင်းတောင်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်းနှင့်ထိစပ်သော မြို့နယ်အချို့ဖြစ်သော ကံမ၊ သရက်မြို့၊ မင်းတုန်း တို့တွင်မိုးအနည်းငယ်ပိုနိုင်၊ ၇ ရက် မိုးရေချိန် ၂.၅ လက်မ မှ ၄ လက်မခန့်အထက်အထိ ရရှိနိုင်ပြီး၊ 

    ·          မကွေးမြို့အပါအဝင် ကျန်ရှိသောမကွေးတိုင်းအလယ်ပိုင်းဒေသအများစုတွင် ၇ ရက်အတွင်း မိုးရေချိန်ရရှိနိုင်မှု ၂ လက်မနှင့် အထက်ရွာသွန်းရရှိနိုင်ပါတယ်။ 

    ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များ 

    ·          မင်းဘူး၊ ပွင့်ဖြူ၊ တောင်တွင်းဒေသများတွင် နေရာကွက်ပြီး မိုးသည်းထန်မှုအချိန်ကြာမြင့်ပါကရေကြီးနိုင်ပါတယ်။ 

    ·          ဆော၊ ကျော၊ စေတုတ္တရာနှင့် ဂန့်ဂေါဒေသ တောင်ကုန်းထူထပ်သောနေရာအချိန်ု့တွင် တောင်ပြို/မြေပြိုခြင်းများဖြစ်နိုင်ပါတယ်။ 

    ·          ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အခြေအနေမရှိနိုင်သော်လည်း မြစ်ရေမြင့်တက်လာနိုင်သည်ကို သတိထားစောင့်ကြည့်ရပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် ခံစားရသည့်အပူချိန် (Feels Like Temperature)၃၉°C ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ လေထုစိုထိုင်းဆ ၅၀% မှ ၆၀% ခန့်ရှိနိုင်ပြီး၊ တောင်ကုန်းထူထက်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% အထိ ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI level) 20 ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်သဖြင့် စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မကွေးတိုင်းဒေသကြီးအတွင်း မတ်ပဲစိုက်ပျိုးတောင်သူများအတွက်အကြံပြုချက် 

    မကွေးတိုင်းဒေသကြီးအတွင်း မတ်ပဲစိုက်ပျိုးရာတွင် ပွင့်ထွေးပိုးအန္တရာယ် သတိပြုကာကွယ်ပေးပါ။ ပွင့်ထွေးပိုးမှာ ပဲပင်၏ အရွက်၊ အဖူး၊ အပွင့်တို့ကို လောက်ကောင်ရဲ့ပါးစပ်အစိတ်အပိုင်းက ထုတ်တဲ့ချည်မျှင်ဖြင့်လုံးထွေးစားသောက် တတ်ကြပါသည်။ သီးတောင့်ကိုခွဲကြည့်ရင် လောက်ကောင်နဲ့ အညစ်အကြေးတွေကိုတွေ့ရတတ်သည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - 

    • ပိုးများခိုအောင်းနေတတ်သော ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို သေချာရှင်းပေးပါ။ 
    • ဓာတုဆေး သုံးလိုပါက အဖူးစတင်ဝင်ချိန် ဥကနေအကောင်ပေါက်တာကိုဟန့်တားနိုင်စေရန် Thiodicarb, Flubendiamide, Indoxacarb တို့ကို ကြိုတင်ပက်ဖျန်းနိုင်ပါသည်။ 
    • ပွင့်ထွေးလောက်ကောင်အဆင့်တွေ့ရှိရပါက Emamectin benzoate, Chlorantraniliprole, Indoxacarb, Spinosad တို့ကို သတ်မှတ်နှုန်းထားအတိုင်း ပက်ဖျန်းပေးနိုင်ပါသည်။  

    ကကတစ်ငါးမွေးမြူခြင်းဆိုင်ရာ အကြံပြုချက် 

    ကကတစ်ငါးကို တီလားပီးယားငါးနှင့်ထည့်သွင်းမွေးမြူလိုပါက၊ သားပေါက်နှုန်းကောင်းသည့် တီလားပီးယားငါး အမ (၁၀၀) ကောင်နှင့် အထီး (၁၀၀)ကို (၄)လခန့် ကြိုတင်မွေးမြူထားပါ။ တီလားပီးယားငါးများ သားပေါက်လာပါက သဘာဝမှ ရရှိသော ကကတစ် ငါး (၃)လက်မ (၄)လက်မ အရွယ် ရွယ်တူငါးများကို ကန်အတွင်း လွတ်ပေးပါ။ ကကတစ်ငါးသည် တီလားပီးယား သားပေါက်များအပြင် ကန်အတွင်းရှိ ငါးရိုင်းများ၊ ပုစွန်စိတ်ကလေးများကို စားသောက်ကြီးထားနိုင်ပါသည်။ မွေးမြူးရေးကာလ (၆)လမှ (၈)လအချိန်တွင် ကကတစ်ငါးတကောင်၏ အလေးချိန်သည် (၅၀)ကျပ်သားအထက် ရရှိနိုင်ပါသည်။ ကကတစ်ငါး၏ ဈေးနှုန်းသည် ငါးကြင်းအုပ်စုဝင် ငါးများ၊ ငါးတန်များထက် ဈေးနှစ်ဆပိုရသဖြင့် တွဲဖက်မွေးမြူပါက ငါးမွေးတောင်သူများအတွက် ဝင်ငွေပိုမိုရရှိစေပါမည်။ ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    -------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
3582