တစ်ပတ်အတွင်းသီးနှံဈေးကွက်သုံးသပ်ချက်
- (၂၉.၉.၂၀၂၅မှ၃.၁၀.၂၀၂၅) - မတ်ပဲ - မတ်ပဲက ယခုတစ်ပတ်ရဲ့ ပထမနှစ်ရက်မှာ တစ်တန်ကို ၂၉ သိန်းကျော်အထိစျေးပြန်အတက်ပြပြီး ကျန်တဲ့ရက်တွေမှာတော့ ၂၈ သိန်းအောက်ကို ပြန်ပြုတ်ကျသွားပါတယ်။ အိန္ဒိယက ဝယ်လိုအားနည်းပြီး နိုင်ငံခြားငွေစျေး၊ ရွှေစျေးပြန်ကျတာကြောင့်လည်း သက်ဆိုင်တယ်လို့သိရပါတယ်။ - FOB စျေးကတော့ အမေရိကန်ဒေါ်လာ ၇၁၀ မှ ၇၂၀ မှာဆက်ရှိနေပါတယ်။ - ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က ၂၉၀၆၀၀၀ ၊ အင်္ဂါနေ့က ၂၉၁၁၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ တော့ ၂၈၉၄၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၈၅၈၀၀၀၊ သောကြာနေ့ မှာ ၂၈၂၀၀၀၀ ကျပ်သာရှိပါတယ်။ - အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာနေ့ မှ သောကြာနေ့အတွင်း ၂၈၅၈၀၀၀ မှ ၂၉၁၂၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်း တစ်တန်ကို ၃၀၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်အတွင်း စျေးထပ်ကျလာတာဖြစ်ပါတယ်။ - ပဲစင်းငုံ - ဆက်တိုက်စျေးကျခဲ့တဲ့ ပဲစင်းငုံက ဒီတစ်ပတ်မှာ စျေးပြန်တက်လာတာတွေ့ရပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၀၀၀၀၀ လောက် စျေးပြန်တက်လာတာဖြစ်ပါတယ်။ FOB စျေးကတော့အတက်အကျမရှိပဲ အရင်အပတ်ကအတိုင်း အမေရိကန်ဒေါ်လာ ၆၀၀ မှ ၆၁၀ ရှိပေမယ့် ပြည်ပအဝယ်နဲ့ ပဲခွဲစက်တွေအဝယ် ပြန်လိုက်လာတာကြောင့် စျေးပြန်တက်လာတာဖြစ်တယ် လို့သိရပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၅၃၅၀၀၀၊ အင်္ဂါနေ့က ၂၅၁၅၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၂၅၁၀၀၀၀၊ ကြာသပတေးနေ့မှာ ၂၅၅၀၀၀၀၊ သောကြာနေ့မှာတော့ ၂၅၃၅၀၀၀ စျေးရှိပါတယ်။ - အရင်အပတ်ကတော့ တနင်္လာနေ့ကနေ သောကြာနေ့မှာ ပဲစင်းငုံနီတစ်တန်ကို ၂၃၆၀၀၀၀ မှ ၂၄၃၀၀၀၀ ကျပ် ရှိခဲ့ပါတယ်။ - ပဲပုတ် - ပဲပုတ်ကတော့ စျေးတန်း အတက်အကျမရှိဘဲ စျေးငြိမ်နေပါတယ်။ ပဲပုတ် (ရှမ်း )၊ ပဲပုတ်(ဗမာ) နှစ်ခုလုံး စျေးငြိမ်နေတာဖြစ်ပါတယ်။ လက်ရှိစျေးကွက်ထဲကို ပဲပုတ် (ရှမ်း)၊ ပဲပုတ်(ဗမာ) နှစ်ခုလုံး မိုးပဲအသစ်ဝင်ရောက်မှု မရှိသေးပဲ လက်ကျန်ပဲသာ အရောင်းအဝယ်ရှိနေတာဖြစ်ပါတယ်။ - ပဲပုတ်(ဗမာ)က လက်ကျန်ပဲများပြီး လုပ်ငန်းသမားသာ ပုံမှန်ဝယ်ယူမှု ရှိနေပါတယ်။ ပဲပုတ် (ရှမ်း)က တော့ ဆီစက်သမားသာအဝယ်များပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုတ် ဗမာက ၃၇၀၀၀၀ ကျပ်ရှိပြီး ပဲပုတ်(ရှမ်း)က ၂၆၀၀၀၀ကျပ် ရှိပါတယ်။ - ကုလားပဲ - ကုလားပဲက ယခုတစ်ပတ်မှာတော့ စျေးတက်ရိပ်ကပြပါတယ်။ V2 ကုလားပဲနဲ့ ကုလားပဲထိုင်ဝမ်က အတက်ပြပြီး ကုလားပဲ 929 ကအကျပြပါတယ်။ V7ကစျေးငြိမ်နေပါတယ်။ - ကုလားပဲက ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်းစားသုံးမှုများတဲ့ ပဲဖြစ်တဲ့အတွက် စားသုံးမှုနည်းပြီး ပဲခွဲစက်တွေ ဝယ်ယူမှုအေးပါက စျေးကျဆင်းတက်သလို စားသုံးအားများပါကလည်းစျေးတက် တယ် လို့သိ ရပါတယ်။ - မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်ကို ၂၄၃၀၀၀ မှ ၂၄၅၀၀ ကျပ်ရှိပြီး ၄၅၀၀ ကျပ်တက်လာပါတယ်။ ကုလားပဲ (V7) က ၂၂၈၀၀၀ ကျပ်နဲ့စျေးငြိမ်ပါတယ်။ ကုလားပဲ (929) က ၂၃၃၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ထပ်ကျပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကကတော့ ၂၂၇၀၀၀ မှ ၂၃၀၀၀၀ ကျပ်ရှိပြီး၂၀၀၀ကျပ်တက်လာပါတယ်။ - ပြောင်း - ပြောင်းဆံကတော့ ယခုတစ်ပတ်မှာ စျေးကျသွားတာတွေ့ရပါတယ်။ တစ်ပိဿာကို ၅၀ ကျပ် ကျသွားတာဖြစ်ပါတယ်။ ပြောင်းဆံကို လက်ရှိ ပြည်တွင်းကုန်သည်တွေ၊ ပို့ကုန်သမားတွေ၊ အစာစပ်စက်ရုံတွေကဝယ်ယူမှုရှိနေပေမယ်အလည်း ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြောင်းစျေးကွက် ကျလာတာဖြစ်ပါတယ်။ - မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း)နဲ့ ပြောင်း ( CP) က တစ်အိတ်ကို ၇၄၀၀၀ မှ ၇၅၀၀၀ ကျပ်သာရှိပြီး ၁၀၀၀ကျပ်ကျပါတယ်။ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာက ပြောင်းတစ်ပိဿာကို ၁၅၀၀ ကျပ်မှ ၁၅၂၀ ကျပ်စျေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျပါတယ်။ - AMIA - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
