မန္တလေးတိုင်း အောက်တိုဘာလ ၁၀ ရက် မှ အောက်တိုဘာလ ၁၆ ရက်အထိ မိုးလေဝသအခြေအနေ
- ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ - · အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အထက်အမြင့် ၅.၈ ကီလိုမီတာမှာ လေပွေလှိုင်းတခုဖြစ်ပေါ်လျှက် ရှိကြောင်းတွေ့ရပြီး အနောက်-အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း သင်္ချာပုံစံပြု ကြိုတင်ခန့်မှန်းရေးမော်ဒယ်များမှာတွေ့ရပါတယ်။ - · ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းသည် အောက်တိုဘာ ၁၃-၁၄ ရက်တွေအထိ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတွေမှာ ဆက်လက်ရှိနေနိုင်ပြီး အားကောင်းလာနိုင်တဲ့အခြေအနေမရှိပါ။ - · ဒီအခြေအနေကြောင့် နောက်လာမည့် ၁ ပတ်အတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွေမှာနေရာကွက်၍မိုးများနိုင်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် (၇ ရက်အတွင်းမိုးရေချိန် ၂ လက်မ မှ ၃ လက်မဝန်းကျင်ခန့်) ဆက်လက်ရွာသွန်းနေနိုင်ပါတယ်။ - · စပါးစိုက်တောင်သူများအတွက် အောင်ရေကောင်းကောင်းနဲ့ မြေဆီလွှာစိုထိုင်းဆကောင်းကောင်းရနိုင်ပြီး ပဲစိုက်တောင်သူများပဲကြဲတဲ့အခါ နေရာကွက်၍ မိုးသည်းထန်နိုင်တာကို သတိထားကြရပါမယ်။ - ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ - · မန္တလေးတိုင်းအတွင်းမှ မြို့နယ်/ခရိုင်အချို့မှာ ၇ ရက်တပတ်အတွင်း အောက်ပါဇယားအတိုင်းမိုးရေချိန်ရွာသွန်းရရှိနိုင်ပါတယ် - - o ပြင်ဦးလွင် ၂.၈၅ လက်မ - o သပိတ်ကျင်း ၂.၅၃ လက်မ - o မတ္တရာ ၂.၃၈ လက်မ - o မန္တလေးမြို့ပေါ် ၂.၁၇ လက်မ - o ကျောက်ဆည် ၂.၀၃ လက်မ - o စဉ့်ကိုင် ၁.၉၁ လက်မ - o မိတ္ထီလာ ၁.၈၃ လက်မ - o ရမည်းသင်း ၁.၇၉ လက်မ - o မြင်းခြံ ၁.၆၆ လက်မ - o တံတားဦး ၁.၆၁ လက်မ - o ငါန်းဇွန် ၁.၅၂ လက်မ - o မလှိုင် ၁.၄၁ လက်မ - o ညောင်ဦး ၁.၂၆ လက်မ - · ယခုတပတ်အတွင်း မန္တလေးတိုင်းတခုလုံးမှာ မိုးအနည်းငယ်ဆက်လက်ရွာသွန်းနေနိုင်ပြီး နေရာကွက်၍မိုးအသင့်အတင့်ရွာခြင်း၊ မိုးများနိုင်ခြင်းရှိနိုင်ပါမယ် - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ - · မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ တံတားဦး၊ ကျောက်ဆည်၊ မိတ္ထီလာမြို့တွေမှာ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် ပြင်ဦးလွင်၊ မိုးကုတ်မြို့တွေမှာ ၂၇°C ရှိနိုင်ပြီး - · အနိမ့်ဆုံးညအပူချိန် ၁၉°C(ပြင်ဦးလွင်) နှင့် ၂၅°C(ညောင်ဦး)ရှိနိုင်ပါတယ်။ - · မန္တလေးတိုင်းအတွင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၃ မိုင်မှ ၅ မိုင်အထိရှိနိုင်ပြီး၊ - · နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၅၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၇၀% မှ ၉၀% ရှိနေနိုင်ပါမယ်။ - · လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်းမြောက်ပိုင်းဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels like temperature)၃၉°C အထိရှိနိုင်၊ ပူအိုက်နေနိုင်ပါတယ်။ - · မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၅၀ အောက်မှာရှိနေနိုင်ပြီး ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သော level မဟုတ်၍ စိုးရိမ်ရန်မလိုပါ။ - Win Naing - Administration Team, - MMWEATHER, - မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းချဥ်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မန္တလေးတိုင်းဒေသကြီးအတွင်း ခရမ်းချဥ်စိုက်ပျိုးရာတွင် ရွက်ထွင်းပိုး၊ သီးလုံးဖောက်ပိုး၊ ထွာကောင်စိမ်းကဲ့သို့သော လိပ်ပြာဖလံအုပ်စုဝင် ဖျက်ပိုးများကျရောက် နေပါသဖြင့် အောက်ပါနည်းလမ်းများအတိုင်းကာကွယ်နှိမ်နင်းပေးနိုင်ပါတယ်။ - ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။
- အခြားသော သီးနှံများနှင့် သီးလှည့် စိုက်ပျိုးပါ။
- ပြောင်း ၊ ပဲလွန်း ၊ နံနံ စသော မျိုးရင်းမတူသီးနှံများနှင့် သီးညှပ်စိုက်ပျိုးပါ။
- ပိုးစတင်ကျရောက်လာပါက ပရိုဖီနိုဖော့ ၊ ကာဗို ဆာဖန်၊အီမာမတင် ဘန်ဇိုအိတ် ၊ လမ်ဘဒါဆိုင်ဟေလိုသရင် အစရှိတဲ့ အဆိပ်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ၁၅ ရက်ခြား တစ်ခါ ဖျန်းပေးပါ။
 - ရေလုပ်ငန်းအတွက် အကောင်မျှောလှေးအကြောင်း - သတ္တမျှောလှေး(အကောင်မျှောလှေး) Zoo Plankton သည် မျိုးစိတ်ပေါင်းများစွာရှိပြီး အစာကွင်းဆက်၏ ဒုတိယအခြေခံကျသော အစာကွင်းဆက်ဖြစ်ပါသည်။ ငါး၊ ပုစွန်မွေးမြူရေးတွင် သဘာဝရေပြင်နှင့် မွေးမြူရေးကန်အတွင်း အရေးကြီးသောအစာအရင်းအမြစ်ဖြစ်ပါသည်။ အခြေခံအကျဆုံးနှင့် အသုံးဝင်သောမျိုးစိတ်မှာ Rotifer, Daphnia နှင့် Moina ဖြစ်ကြပါသည်။ Moina သည် ရေချိုပုစွန်နှင့် ငါးခူသားပေါက်များကို ကျွေးမွေးရန်အကောင်းဆုံးဖြစ်ပါသည် ။ Rotiferကို ရေချို၊ ရေငန် ငါးပုစွန်များအတွက် ကျွေးမွေးနိုင်ပါသည်။ - Rotifer သည် ရေငန်တွင် မွေးမြူထားသောရေသတ္တဝါများအတွက်လည်း အရေကြီးသောအစာဖြစ်ပါသည်။ ဥပမာအားဖြင့် (ကျားပုစွန်၊ဂဏန်း)တို့သည် ရေထုညစ်ညမ်းမှုနှင့် alkaline, Acid, hard water နှင့် soft water တို့ကို ခံနိုင်ရည်ရှိသည်။ ရေချို၊ ရေငန် နှစ်မျိုးစလုံးတွင် နေထိုင်နိုင်သည်။ - ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
