ရှမ်းပြည်နယ် စက်တင်ဘာလ ၁၁ ရက် မှ အောက်တိုဘာ ၁၇ ရက်အထိ မိုးလေဝသအခြေအနေ
- ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ - · အောက်တိုဘာလ ၁၀ ရက် မှ ၁၆ ရက်အထိ - ၇ ရက်အတွင်းမှာ အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အထက်အမြင့် ၅.၈ ကီလိုမီတာမှာ လေပွေလှိုင်းတခုဖြစ်ပေါ်လျှက် ရှိကြောင်းတွေ့ရပြီး အနောက်-အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း သင်္ချာပုံစံပြု ကြိုတင်ခန့်မှန်းရေးမော်ဒယ်များမှာတွေ့ရကြောင်း ကြိုတင်ခန့်မှန်းချက် ပြောင်းလဲမှုမရှိပါ။ - · ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းသည် အောက်တိုဘာ ၁၃-၁၄ ရက်တွေအထိ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတွေမှာ ဆက်လက်ရှိနေနိုင်ပြီး အားကောင်းလာနိုင်တဲ့အခြေအနေမရှိပါ။ - o ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း၊ လေပွေလှိုင်းတွေက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာသာ ဖြစ်လာနိုင်ပြီး - o အရှေ့လေစီးကြောင်းအားကောင်းနေတာကြောင့် ဘင်္ဂလားပင်လယ်အော်အထက်ဘက်(မြောက်ဘက်ကို)တက်လာနိုင်မည့် အခြေအနေလျော့နည်းသွားပါမယ်။ - အနောက်တောင်မုတ်သုံလေဆုတ်ခွာနိုင်မည့်အခြေအနေ - · အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့မှ အောက်တိုဘာလ ၁၅ ရက် မှ ၂၀ ရက်အတွင်း၊ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှ အောက်တိုဘာ ၁၇ ရက်နှင့် အောက်တိုဘာ ၂၂ ရက်နေ့အတွင်းတွင် မုတ်သုံဆုတ်ခွာမှု ပြီးစီးနိုင်သည်။ - · ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အောက်တိုဘာ ၁၂ ရက် နှင့် ၁၈ ရက်အတွင်းတွင် မုတ်သုံဆုတ်ခွာမှုပြီးစီးနိုင်သည်။ - · မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများနှင့်အလယ်ပိုင်းဒေသများမှ အောက်တိုဘာ ၂၀ ရက်နှင့် ၂၈ ရက်အတွင်း၊ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း တောင်ထူထပ်သည့် မြေမျက်နှာသွင်ပြင်ရှိသောဒေသများမှ အောက်တိုဘာ ၂၄ ရက် မှ အောက်တိုဘာ ၃၁ ရက်အတွင်း မုတ်သုံဆုတ်ခွာမှု ပြီးစီးနိုင်သည်။ - ယခု ၁ ပါတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ - · ရှမ်းပြည်နယ်အတွင်းက မြို့နယ်/ခရိုင်တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက် ရွာသွန်းရရှိနိုင်ပြီး လွိုင်လင်ခရိုင်နဲ့ တောင်ကြီးခရိုင်တွေမှာ ၇ ရက်အတွင်း ၃ လက်မအထက် ၄ လက်မနီးပါးခန့်အထိ မိုးရေချိန်ရရှိနိုင်ပါတယ်။ - · လားရှိုး၊ လင်းခေး၊ ကျောက်မဲ၊ လောက်ကိုင်၊ ကွန်လုံနဲ့ မူဆယ်မြို့နယ်/ခရိုင်တွေမှာလဲ ၇ ရက်အတွင်း မိုးရေချိန် ၂.၅ လက်မအထက် ရွာသွန်းရရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များအရ တွေ့ရပါတယ်။ - · လွိုင်လင်၊ တောင်ကြီး၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်စတဲ့ ခရိုင်များအတွင်းက တောင်ကျချောင်းများရေပြည့်နေနိုင်ပြီး၊ နိမ့်တဲ့တောင်ပေါ်လမ်းတွေမှာ ရေကျော်ပြီး ယာယီခရီးလမ်းအသွားအလာပြတ်တောက်ခြင်းများ ဖြစ်နိုင်ပါတယ်။ - · ကျိုင်းတုံ၊ တာချီလိတ်ဒေသတွေမှာ ခေတ္တမျှမိုးသည်းထန်နိုင်တာကြောင့် ယာယီရေကြီး/ရေလွှမ်းခြင်းများဖြစ်နိုင်တာကိုလည်း သတိထားကြရပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၂၉°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၈°C ခန့် ရှိနိုင်ပါတယ်။ - · ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့် အရှေ့တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၇ မိုင်ခန့်ရှိနိုင်ပါတယ်။ - · ရှမ်းပြည်နယ်ရဲ့ လေထုစိုထိုင်းဆအခြေအနေများအနေနဲ့ နေ့လည်ပိုင်းအချိန်တွေမှာ ၆၀% ဝန်းကျင် ရှိနိုင်ပြီး ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၈၀% မှ ၁၀၀% အထိ ရှိနိုင်ပါတယ်။ - · လေထုစိုထိုင်းဆမြင့်မားချိန် ၂၉ ရက်အထိ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၂၈°C ခန့်ရှိနေနိုင်ပါမယ်။ - · ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ လေထုညစ်ညမ်းမှုအခြေအနေအနည်းငယ်များသောကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများ သတိထားရမှာဖြစ်ပြီး ကျန်ရှိသောရှမ်းပြည်နယ်ဒေသများမှာ လေထုညစ်ညမ်းမှုကြောင့် စိုးရိမ်စရာမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - ရှမ်းပြည်နယ်အတွင်း ဂန္ဓမာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - ရှမ်းပြည်နယ်အတွင်း ဂန္ဓမာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရာတွင် မိုးများလာသည်နှင့် အမျှ ဘက်တီးရီးယားရွက်ပြောက်ရောဂါ ကြုတင်ကာကွယ်ပေးပါ။ အောက်အရွက်များတွင် အညိုရောင်ရေစိုနာကွက်များမှစတင်ကာ များပြားလာပါက ပုံမမှန်သော အနာကွက်များ တွေ့ရှိရပါသည်။ ပြင်းထန်ပါက အရွက်များညှိုး၍ကြွေကျသွားတတ်ပါသည်။ - ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - - ရေမဝပ်စေရန်အထူးဂရုစိုက်ပါ။ ရေစီးရေလာကောင်းသော မြေတွင်စိုက်ပျိုးပါ။
- မျိုးရင်းမတူသော သီးလှည့်စိုက်ပျိုးပေးပါ။
- ဓာတုဆေးသုံးလိုပါက Bismerthiazol ၊ Kasugamycin၊ Tri-basic Copper sulphate ၊ Copper hydroxide တို့ကိုအသုံးပြုနိုင်ပါသည်။
 - ကကတစ်ငါးမွေးမြူခြင်းဆိုင်ရာ အကြံပြုချက် - ကကတစ်ငါးကို တီလားပီးယားငါးနှင့်ထည့်သွင်းမွေးမြူလိုပါက၊ သားပေါက်နှုန်းကောင်းသည့် တီလားပီးယားငါး အမ (၁၀၀) ကောင်နှင့် အထီး (၁၀၀)ကို (၄)လခန့် ကြိုတင်မွေးမြူထားပါ။ တီလားပီးယားငါးများ သားပေါက်လာပါက သဘာဝမှ ရရှိသော ကကတစ် ငါး (၃)လက်မ (၄)လက်မ အရွယ် ရွယ်တူငါးများကို ကန်အတွင်း လွတ်ပေးပါ။ ကကတစ်ငါးသည် တီလားပီးယား သားပေါက်များအပြင် ကန်အတွင်းရှိ ငါးရိုင်းများ၊ ပုစွန်စိတ်ကလေးများကို စားသောက်ကြီးထားနိုင်ပါသည်။ မွေးမြူးရေးကာလ (၆)လမှ (၈)လအချိန်တွင် ကကတစ်ငါးတကောင်၏ အလေးချိန်သည် (၅၀)ကျပ်သားအထက် ရရှိနိုင်ပါသည်။ ကကတစ်ငါး၏ ဈေးနှုန်းသည် ငါးကြင်းအုပ်စုဝင် ငါးများ၊ ငါးတန်များထက် ဈေးနှစ်ဆပိုရသဖြင့် တွဲဖက်မွေးမြူပါက ငါးမွေးတောင်သူများအတွက် ဝင်ငွေပိုမိုရရှိစေပါမည်။ ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
