cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း အောက်တိုဘာလ ၁၃ ရက်မှ အောက်တိုဘာလ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ

. Cultivation Methods
ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းအတွင်း မွန်းလွဲ/ညနေပိုင်းနှင့် ညပိုင်းအချိန်များမှာ မိုးအနည်းငယ်မှ အသင့်အတင့်(၇ ရက်အတွင်းမိုးရေချိန် ၁.၃ လက်မ မှ ၂.၂၄ လက်မခန့်အထိ)ရွာသွန်းနိုင်ပြီး ခရိုင်/မြို့နယ်များအလိုက် မိုးရေချိန်ရရှိမှု ကွာခြားနိုင်ပါမယ်။ ရန်ကုန်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ မိုးရေချိန်အနည်းငယ်(၀.၁ လက်မခန့်) ပိုနိုင်ပါတယ်။
  • တောင်တရုတ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ 

    ·          ဘင်္ဂလားပင်လယ်အော်အတွင်း အိန္ဒိယနိုင်ငံဘက်မှတိုက်ခတ်လာသည့် အနောက်မြောက်လေစီးကြောင်းနှင့် လာအို၊ ဗီယက်နမ်တို့ဘက်မှ တိုးဝင်တိုက်ခတ်လာသည့် အရှေ့လေစီးကြောင်းတို့ အထက်အမြင့်ပေ ၅၀၀၀ အထက်တွင် တွေ့ဆုံရာမှဖြစ်ပေါ်သော အထက်လေပွေလှိုင်းများ ဖြစ်ပေါ်ခြင်းသာရှိနိုင်ပြီး လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းများအဆင့်အထိ မရောက်နိုင်ကြောင်းတွေ့ရပါတယ်။ 

    ·          အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း၊ အာရေဗျပင်လယ်အတွင်းတွင် လေပွေလှိုင်းမှအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်းတခု အောက်တိုဘာလ ၁၅-၁၆ ရက်နေ့တွေမှာ ဖြစ်ပေါ်လာနိုင်ပါတယ်။ 

    ·          မလေးကျွန်းဆွယ်အရှေ့ဘက် ထိုင်းပင်လယ်ကွေ့တောင်ပိုင်းမှာ လေပွေလှိုင်းတခုဖြစ်ပေါ်ပြီး အနောက်ဘက်ကိုဆက်လက်ရွေ့လျားကာ (ခန့်မှန်း)အောက်တိုဘာ ၁၉ ရက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း Phuket မြို့အနီးမှဖြတ်သန်း၍ ကပ္ပလီပင်လယ်တောင်ပိုင်းကို ဝင်ရောက်လာနိုင်ပါတယ်။ 

      ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ရန်ကုန်မြို့ပေါ်တွင်နေသာချိန်ပိုများလာပြီး အောက်တိုဘာ ၂၄ ရက်နောက်ပိုင်းမှ စတင်၍ မိုးရွာသွန်းနိုင်မည့်အခြေအနေ၊ ရွာသွန်းနိုင်သည့်မိုးရေချိန်စသည်တို့ လျော့နည်းသွားနိုင်ပါတယ်။ 

    ·          ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းအတွင်း မွန်းလွဲ/ညနေပိုင်းနှင့် ညပိုင်းအချိန်များမှာ မိုးအနည်းငယ်မှ အသင့်အတင့်(၇ ရက်အတွင်းမိုးရေချိန် ၁.၃ လက်မ မှ ၂.၂၄ လက်မခန့်အထိ)ရွာသွန်းနိုင်ပြီး ခရိုင်/မြို့နယ်များအလိုက် မိုးရေချိန်ရရှိမှု ကွာခြားနိုင်ပါမယ်။ ရန်ကုန်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ မိုးရေချိန်အနည်းငယ်(၀.၁ လက်မခန့်) ပိုနိုင်ပါတယ်။ 

    ·          မြောက်ပိုင်းက မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတပင် မြို့နယ်တွေမှာတော့ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မနီးပါးမှ ၂ လက်မအထက် ရနိုင်တာမို့ ယခုတပတ်အတွင်းမှာမိုးရေချိန်ရွာသွန်းရရှိမှု အများဆုံးပါဘဲ။ 

      

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၉°C အထိရှိနိုင်ပါမယ်။ 

    ·          ယခု ၁ ပတ်အတွင်း တောင်/အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၁၆ မိုင်ခန့်ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၂ ပေ ခန့်ရှိနိုင်ပါတယ်။ 

    ·         ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၇၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၀% ရှိနိုင်ပါတယ်။ 

    ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “50” ရှိနိုင်ပြီး အန္တရာယ်မရှိနိုင်သော အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးကပ်ပါးရောဂါအတွက် အကြံပြုချက် 

    Ichthyophthiriasis multifiliis ရောဂါပိုးကပ်ပါးများ တွယ်ကပ်မှုများလျှင် အရေပြား(သို့) ပါးဟက်များတွင် လည်းကောင်း၊ ဆူးတောင်များတွင်လည်းကောင်း အဖြူစက်မြောက်များစွာ တွေ့ရှိရမည်ဖြစ်သည်။ 

    - ရောဂါကျရောက်သောငါးများသည် အစာစားနှုန်းလျော့ကျသွားပြီး မျက်စိမှာ အလင်းပိတ်သွား၍ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။  

    - ရောဂါပြင်းထန်သော ငါးများသည် အချွဲများထုတ်ပြီး ကန်နံရံအား ခန္ဓာကိုယ်ဖြင့် ပွတ်တိုက်ကြမည်ဖြစ်သည်။ 

    - ယင်းသို့ပွတ်တိုက်ခြင်းကြောင့် အနာများဖြစ်ပေါ်လာပြီး နောက်ဆက်တွဲရောဂါများအနေဖြင့်ဘက်တီးရီးယားရောဂါ၊ မှိုရောဂါများ ဖြစ်ပေါ်လာနိုင်ပါသည်။ 

    ထို့ကြောင့် ငါးမွေးမြူရေးနဲ့ပတ်သတ်ပြီးဆွေးနွေးတိုင်ပင်လိုပါက ကောစင်တာနံပါတ် 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------     

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12     

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ     

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.     

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
1
comments
0
views
3558