cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါး၊ ပုစွန်မွေးမြူရေးမှာ အရေးပါတဲ့ ကန်ရေအနက်

. Fish Articles
ငါးမွေးကန်တစ်ခု၏ ကန်ရေအနက်သည် အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်တွင် ကန်ရေအနက်သည် (၅ - ၆.၅)ပေအထိ ရှိရပါမည်။ သမပိုင်းဇုန် ကန်ရေအနက်သည်(၁၂-၁၅)ပေ ရှိနိုင်ပါသည်။
  •              ငါးသည် ရေနေသွေးအေးသတ္တဝါဖြစ်သည်ဟု သိပ္ပံရှင်များကသတ်မှတ်ထားပါသည်။ ထို့ကြောင့် ငါး ပုစွန် များသည် အဓိက အရေးပါသော ပတ်ဝန်းကျင်သည် ရေဖြစ်ပါသည်။ ငါးမွေးတောင်သူများသည် ငါး၊ ပုစွန်မွေးမြူ ရေးအတွက် ကန်တူးရာတွင် သမာရိုးကျ (၃)ပေခွဲ(၄)ပေအထိသာ တူးဖော်ကြသည်ကိုတွ့ရှိရပါသည်။ ငါးပုစွန် များသည် မွေးမြူရေးကန်အတွင်း အသက်ရှူခြင်း ၊အစာစားခြင်း ၊ အညစ်အကြေးစွန့်ခြင်း နှင့် မျိုးပွါးခြင်းကို ဆောင်ရွက်ကြရပါသည်။ ထို့ကြောင့် ငါးမွေးမြူရေး လုပ်ငန်းကို စဉ်ဆက်မပြတ် အောင်မြင်စွာဆောင်ရွက်နိုင်ရန် အောက်ဖော်ပြပါအချက်များကို လေ့လာစစ်ဆေးသင့်ပါသည်။

    Ø ရူပဆိုင်ရာအချက်အလက်များ    (Physical Factor)

    Ø ဓါတုဆိုင်ရာ အချက်အလက်များ (Chemical Factor)

    Ø ဇီဝဆိုင်ရာ အချက်အလက်များ  (Biological Factor)

    ငါးမွေးကန်တစ်ခု၏ ရူပဆိုင်ရာအချက်အလက်များကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားသည်-

    ü ငါးကန်များ၏ ရေအနက်(Depth of water)

    ü ရေ၏အပူချိန်(Water temperature)

    ü ရေနောက်ကျိမှု(သို့)ရေကြည်နှုန်း(Turbidity or transparency)

    ü ရေလှိုင်းလှုပ်ရှားမှု(Water movement)

    ü အငန်နှုန်း(Salinity)    

    ဖော်ပြပါ ရူပဆိုင်ရာအချက်အလက်များမှ သတ်မှတ်ထားသော(စံ)များနှင့်ညီညွတ်မှသာလျှင် မွေးမြူရေးလုပ်ငန်း တစ်ခုသည်ဟု ဆိုနိုင်ပါသည်။

    ငါးမွေးကန်တစ်ခု၏ ကန်ရေအနက်သည် အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်တွင် ကန်ရေအနက်သည် (၅ - ၆.၅)ပေအထိ ရှိရပါမည်။ သမပိုင်းဇုန် ကန်ရေအနက်သည်(၁၂-၁၅)ပေ ရှိနိုင်ပါသည်။ ပုစွန်မွေးမြူရေးအတွက် ကန်ရေအနက်သည်(၄-၆)ပေ ရှိရပါမည်။ မွေးမြူရေးကန် ရေတိမ်ပါက အလင်းရောင် (နေရောင်ခြည်)ကောင်းစွာဖြတ်သန်းနိုင်သဖြင့် ရေဩဇာကြွယ်ဝစေပါသည်။

                 ကန်ရေအတိမ်အနက်သည် အလင်းရောင်ထိုးဖောက်နိုင်မှုပေါ် သက်ရောက်သဖြင့် ကန်အတွင်း ရေဩဇာကြွယ်ဝခြင်း၊ ကန်အတွင်း အပူချိန်ရရှိမှု ကွာခြားခြင်း နှင့် အခြားသော ဓာတုဆိုင်ရာပြောင်းလဲခြင်းတို့ကို ဖြစ်ပေါ်ပြောင်းလဲစေပါသည်။ ကန်ရေနက်ပါက အလင်းရောင်ထိုးဖောက်နိုင်စွမ်းလျှော့နည်းစေပါသည်။ ထို့အတူ ကန်ရေတွင် အနယ်အမှုန်များပါကလည်း အလင်းရောင်ဖောင်ထွင်နိုင်စွမ်း နည်းပါးကြောင်းတွေ့ရှိရပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    (ဆက်ရန်---)

    ------     

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12     

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ     

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.     

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
7
comments
1
views
2923