ရှမ်းပြည်နယ် နိုဝင်ဘာ ၁၅ ရက် မှ နိုဝင်ဘာ ၂၁ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ
· ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း၊ အရှေ့မြောက်မုတ်သုံလေ(ခေါ်)ဆောင်းမုတ်သုံလေ အားကောင်းနေပါမယ်။
· "ဆောင်းမုတ်သုံ"သည် နှစ်စဉ် ဒီဇင်ဘာလမှ ဧပြီလအတွင်း အာရှအရှေ့ပိုင်းဒေသများရှိ လေဖိအားများရပ်ဝန်းတို့၏ တွန်းအားကြောင့် အရှေ့မြောက်အရပ်မှအနောက်တောင်အရပ်သို့ ဦးတည်တိုက်ခတ်လာသောတိုက်ခတ်လာပြီး အရှေ့တောင်အာရှဒေသများကိုကျော်ဖြတ်ကာ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့်တောင်ပိုင်းအစွန်အထိ ရောက်အောင်တိုက်ခတ်သည့် အေးမြခြောက်သွေ့သောလေဖြစ်ပါတယ်။
· အယ်လ်နီညို၊ လာနီညာနှင့် အိုင်အိုဒီ ဖြစ်စဉ်များဖြစ်သည့်နှစ်များတွင် ဇန်နဝါရီလမှ ဧပြီလအတွင်း အရှေ့ဘက်မှ ဝင်ရောက်လာသော အားကောင်းသည့်လေအေးစီးကြောင်းနှင့် ပင်လယ်ပြင်မှ ရေခိုးရေငွေ့များပါဝင်သည့်တိမ်တိုက်အနည်းငယ်နှင့်ထိတွေ့ကာ မိုးထစ်ချုန်းရွာခြင်း၊ လေတိုက်နှုန်းများခြင်းစသည့် ရာသီဥတုဖေါက်ပြန်ပြောင်းလဲခြင်းများကို ကြုံရတတ်ပါတယ်။
· ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေပွေလှိုင်းများဆက်လက်ဖြစ်ပေါ်နေနိုင်ပြီး၊ နိုဝင်ဘာလ လကုန်ရက်များတွင် လေဖိအားနည်းရပ်ဝန်းမှ ပိုမိုအားကောင်းလာပြီးမုန်တိုင်းအဆင့်ရောက်လာနိုင်သော်လည်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်ရှိနိုင်ရန်မှာ မသေချာသေးပါ။ ECMWF Model မှ ကြိုတင်ခန့်မှန်းချက်အရ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၇၀% ရှိကြောင်းတွေ့ရပါတယ်။
ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ
· ရှမ်းပြည်နယ်တောင်ပိုင်း - တောင်ကြီး၊ ညောင်ရွှေ မြို့နယ်များတွင် နိုဝင်ဘာလ ၁၈ ရက်နေ့၌ မိုးရေချိန်အနည်းငယ်(၂၄ နာရီ မိုးရေချိန် ၀.၄ လက်မခန့်)သာရွာနိုင်ချေရှိပြီး၊ ကျန်ရက်များတွင်း မိုးရွာသွန်းနိုင်ချေမရှိပါ။
· ရှမ်းပြည်နယ်အရှေ့ပိုင်း - ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းယောင်းစသည့် မြို့နယ်များတွင် နိုဝင်ဘာလ ၁၈-၁၉ ရက်များ၌ မိုးအနည်းငယ်(၂၄ နာရီမိုးရေချိန် ၀.၃၅ လက်မခန့်)ရွာသွန်းနိုင်ပြီး ကျန်ရက်များတွင် မိုးရွာသွန်းနိုင်မည့် အခြေအနေမရှိပါ။
· ရှမ်းပြည်နယ်မြောက်ပိုင်း၊ နန့်ဖတ်ကာ၊ မူဆယ်၊ လောက်ကိုင် မြို့နယ်များတွင် နိုဝင်ဘာ ၁၈ နှင့် ၁၉ ရက်များ၌ မိုးအလွန်ပါးပါး (၂၄ နာရီ မိုးရေချိန် ၀.၂ လက်မခန့်)သာ ရွာနိုင်ချေရှိပြီး ကျန်ရက်များတွင် မိုးရွာနိုင်သည့် အခြေအနေမရှိပါ။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၆°C ခန့် ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၄°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၁°C ခန့် ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၈°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၁°C ခန့် ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၄၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၈၀% ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၅၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၁၀၀% ရှိနေနိုင်ပါမယ်။
· နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၂၈°C ခန့်ရှိနေနိုင်ပါမယ်။
· ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 50 ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 80 ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ 30 ဝန်းကျင်သာရှိနိုင်ပြီး လေထုညစ်ညမ်းမှုအညွှန်းကိန်း အနည်းဆုံးဖြစ်ပါမယ်။
· ရှမ်းပြည်နယ်တခုလုံးမှာ ယခုတပတ်အတွင်း လေထုညစ်ညမ်းမှုအန္တရာယ် မရှိပါ။
Win Naing
Administration Team,
MMWEATHER,
ရာသီဥတုပြောင်းလဲခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူသူများ သတိပြုရန်
၂၀၂၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်ပြီး မြနိမာနိုင်ငံ၏ ရာသီဥတုသည် လာနီညာရာသီ ဥတုဖြစ်ပေါ် နိုင်သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားပါသည်။ လာနီညာ ရာသီဥတု သဘောသဘာဝမှာ အေးပြီးစွတ်စိုတတ်ပါသည်။ တခါတရံ မိုးရွာစွာ ရွာတတ်သည်။ ထို့ကြောင့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ကန်ရေ အပူချိန်ကျဆင်းခြင်း နှင့် ပျော်ဝင်အောက်စီဂျင် လျော့နည်းခြင်းများ ကြုံတွေ့နိုင်ပါသည်။ သတိပြုရပါ။ နှင်းများစွာကျရောက်သော မနက်ပိုင်းတွင်လည်း ငါးများ ကန်ရေမျက်နှာပြင်အထိ တက်ရောက် အသက်ရှူခြင်းများတွေ့ရှိရပါမည်။်။
အဆိုပါအခြေအနေမျိုးတွင် ကြုံတွေ့ပါက ည (၁၂)နာရီကျော်လွန်သော အချိန်တွင် ငါး ပုစွန်မွေးမြူရေး ကန်၏ ရေကိုလှုပ်ရှားပေးရန်လိုအပ်ပါသည်။ ကန်အောက်ခြေရှိရေကို စုပ်ယူပြီး ရေပြန် ပြန်ချခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်မှသာ ကန်အတွင်းပျော်ဝင်အောက်စီဂျင်ရရှိနိုင်ပါမည်။
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price