ကြက်သွန်နီ၊ မြေပဲ စျေးးကွက်အခြေအနေ
ကြက်သွန်နီ
ရန်ကုန်ဘုရင့်နောင်စျေးကွက်ကို ကြက်သွန်နီကား အဝင်များနေဆဲဖြစ်လို့ ကြက်သွန်စျေးက အကျမှာပဲ ဆက်ရှိနေပါတယ်။ နယ်ကုန်သည်နဲ့ တောင်သူတွေက လှောင်ကြက်သွန်တွေကို ထုတ်ရောင်းချပြီး ရန်ကုန်တင်ပို့မှုများနေတဲ့အတွက် ကြက်သွန်စျေးကျနေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ကြက်သွန်စျေး ပြန်လည်မြင့်တက်ဖို့ဆိုရင် ရန်ကုန်ကို ကြက်သွန်တင်ပို့မှုအပေါ် ထိန်းပြီး တင်ပို့ဖို့လိုအပ်နေတယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။ ရန်ကုန်စျေးကွက်တွင် ဈေးတက်မှသာ နယ်ကြက်သွန်စျေး မြင့်တက်နိုင်မှာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
လက်ရှိ ရန်ကုန်ကို မုံရွာ ၊ မြင်းခြံ ၊ ဆိပ်ဖြူ နဲ့ ပခုက္ကူကြက်သွန်တွေသာ ဝင်ရောက်မှုရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်မှာ မုံရွာကြက်သွန်က ၄၀၀ ကျပ်မှ ၁၇၀၀ ကျပ်ရှိပြီး မြင်းခြံကြက်သွန်က ၂၅၀ မှ ၁၅၀၀ ကျပ်နဲ့ ဆိပ်ဖြူကြက်သွန်ကတော့ ၃၅၀ ကျပ်မှ ၁၅၅၀ ကျပ်သာ စျေးဖွင့်ထားပါတယ်။
မြေပဲ
မြေပဲကတော့ အမျိုးအစား နဲ့အရည်အသွေးပေါ်လိုက်ပြီး စျေးနှန်း အတက်အကျ ဖြစ်ပေါ်မှုရှိနေပါတယ်။ S1 လုံးဆံက ၁၀၀ လောက်အကျပြပြီး S1 ဆီဆံကတော့ တစ်ပိဿာကို ၁၅၀ လောက်အတက် ပြပါတယ်။ အနီလုံးဆံက တစ်ပိဿာကို ၁၀၀ မှ ၃၀၀ ကျပ်အတွင်း စျေးကျပါတယ်။ Mတွဲလုံးဆံကလည်း ၂၀၀ ကျပ်လောက် စျေးကျပါတယ်။
ကုန်စည်ဒိုင်တွေကို မိုးမြေပဲအသစ်တွေ ဒေသအစုံကနေ ဝင်ရောက်မှုရှိနေပြီး အရည်အသွေးပေါ်လိုက်ကာ စျေးနှုန်း အတက်အကျရှိနေတာ ဖြစ်ပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ S1လုံးဆံတစ်ပိဿာကို ၈၀၀၀ မှ ၈၅၀၀ ကျပ်ရှိပါတယ်။ S1ဆီဆံကို ၇၅၀၀ မှ ၇၉၀၀ ကျပ် စျေးတန်းဖွင့်ထားပြီး အနီလုံးဆံကတော့ ၈၀၀၀ ကျပ်မှ ၈၂၀၀ ကျပ် နဲ့ Mတွဲလုံးဆံက ၈၁၀၀ မှ ၈၃၀၀ ကျပ် တယ်လို့သိရပါတယ်။
AMIA မှ ပေးပို့ပါသည်။ ( ၁၇. ၁၁.၂၀၂၅ မှ ၂၁.၁၁. ၂၀၂၅ ရက်အတွင်း သုံးသပ်ချက်)
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price