cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။ ဒီဇင်ဘာ ၁၃-၁၄ ရက်များအထိ ညအပူချိန်များအနည်းငယ်ပြန်တက်လာနိုင် အအေးပေါ့လာနိုင်ပြီး ဒီဇင်ဘာလ လလယ်ရက်များ၏ နောက်ပိုင်းရက်များတွင် ပြန်အေးလာနိုင်ပါတယ်။
  • ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ 

    ·          ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေပွေလှိုင်း 93W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ၂၄ နာရီအတွင်း တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ အားပိုကောင်းလာနိုင်မည့်အခြေအနေသည် MEDIUM အဆင့်သို့ရောက်လာကြောင်း JTWC မှ ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းအဆင့်အထိ ရောက်လာနိုင်သည့်အခြေအနေမရှိကြောင်း ကြိုတင်ခန့်မှန်းရေး model များမှာတွေ့ရပါတယ်။ 

    ·          Model ကြိုတင်ခန့်မှန်းချက်များအရ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို လေဖိအားနည်းရပ်ဝန်းအားဖြင့်ဦးတည်တိုက်ခတ်နိုင်ကြောင်း တွေ့ရပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းသို့ ဒီဇင်ဘာ ၉ ရက်နေ့မှာရောက်ရှိလာနိုင်ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းရပါတယ်။ 

    ·          ကြိုတင်ခန့်မှန်းချက်များအရ အရှေ့ဘက်တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်း(93W)နှင့် ဆက်လက်အားကောင်းလျှက်ရှိသည့် အရှေ့မြောက်မုတ်သုံလေအားကြောင့် တနင်္သာရီတိုင်းတောင်ပိုင်း၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များမှအပ ကျန်တပြည်လုံးတွင် မိုးရွာနိုင်သည့်အခြေအနေ မရှိပါ။ 

    ·          ဒီဇင်ဘာလ ၄ ရက် မှ ၁၀ ရက်အတွင်း တနိုင်ငံလုံးတွင် အနိမ့်ဆုံးညအပူချိန်များအနည်းငယ်မြင့်တက်လာပြီး အအေးပေါ့လာနိုင်ကာ ဒီဇင်ဘာလ တတိယ ၁၀ ရက်ပတ်အတွင်းမှာမှပြန်လည်ပြီး အအေးပိုလာနိုင်ပါမယ်။ 

    ဧရာဝတီတိုင်းတွင် ယခုတပတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။ ဒီဇင်ဘာ ၁၃-၁၄ ရက်များအထိ ညအပူချိန်များအနည်းငယ်ပြန်တက်လာနိုင် အအေးပေါ့လာနိုင်ပြီး ဒီဇင်ဘာလ လလယ်ရက်များ၏ နောက်ပိုင်းရက်များတွင် ပြန်အေးလာနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ(Soil Moisture) နှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ဧရာဝတီတိုင်းအတွင်း ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ အထိ အမြင့်ဆုံးပျမ်းမျှနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၅°C ရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းမြောက်ပိုင်းမှ မြန်အောင်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၃°C ရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းအလယ်ပိုင်းမှ ကျောင်းကုန်း၊ ပန်းတနော်၊ ဓနုဖြူ၊ အသုတ်၊ ညောင်တုန်း စတဲ့ မြို့တွေမှာ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၃°C ရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းတောင်ဘက်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးမှ မြို့/ရွာတွေမှာလဲ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၁°C ရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၅၀% ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၈၀% မှ ၉၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၇% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၄၇% ခန့် ရှိနိုင်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသတွေမှာ မြေဆီလွှာစိုထိုင်းဆပိုနိုင်ပြီး မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၅၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၇၃% ခန့် ရှိနိုင်ပါတယ်။ မိုးမရွာနိုင်တော့တဲ့အတွက် မြေဆီလွှာစိုထိုင်းဆများအနည်းငယ်ထပ်မံလျော့ကျနိုင်ပါတယ် 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ၇၅ ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ 

    ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့်မြောက်ဘက်အရပ်များမှ နေ့စဉ်ပျမ်းမျှလေတိုက်နှုန်း အများဆုံး တနာရီ ၇ မိုင်မှ ၁၅ မိုင်ခန့်ရှိနိုင်ပြီး အနည်းဆုံးပျမ်းမျှလေတိုက်နှုန်း တနာရီ ၃ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးမွေးမြူရေးအတွက် အကြံပြုချက်

    ငါးမွေးကန်အများစု ရာသီအပြောင်းအလဲကာလတွင် ကန်များအတွင်း ရောဂါကျရောက်ခြင်းများ ကြုံတွေ့ကြရပါသည်။ အများစုသိသော အနီးစက်ကျရောဂါသည် ရာသီအပြောင်းအလဲတွင် ဖြစ်တတ်သည်။ အချို့သော ငါးကန်များတွင် တနေ့လျှင် ငါးအကောင်ရေ ၂၀ မှ ၅၀ ထိ သေဆုံးကြသည်ကို တွေ့ရှိရပါသည်။ အနီစက်ရောဂါကျရောက်ပါက ငါးမွေးတောင်သူများသည် ပိုးသတ်ဆေးသုံးခြင်းကို ဆောင်ရွက်ကြသည်ကို တွေ့ရှိရပါသည်။ ပိုးသတ်ဆေးသုံးသော ငါးကန်များသည် ထိရောက်မှုအားနည်းကြောင်း တွေ့ရှိရသည့်အပြင် ငွေကုန်မှုလည်း များိလာပါသည်။ 

    ထို့ကြောင့် မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။ 

    -------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
1827