cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စိုက်ပျိုးရေးသုံး ထုံးအကြောင်း တစေ့တစောင်း

. Soil Management
းထည့်အသုံးပြုခြင်းမှာ သီးနှံပင်အား ကယ်လ်စီယမ်ထောက်ပံ့ရန်ထက် အချဉ်ဓါတ်တိုးလာသော မြေဆီလွှာကို အချဉ်ဓါတ်လျော့ကျ စေရန် အသုံး ပြုခြင်းဖြစ်သည်။
  • ချဉ်ရင်ထုံး ၊ ငန်ရင်ကန့် ဆိုတဲ့ စိုက်ပျိုးရေးဆရာကြီးတစ်ဦး၏ စကားတစ်ခွန်းက တောင်သူများနှင့် အမြဲ ထိတွေ့နေရတဲ့ ကျွန်တော်တို့အတွက် တောင်သူတွေ ကို နည်းပညာ သင်တန်းတွေ ပေးတဲ့အချိန် သဘောပေါက် နားလည်လွယ်စေတဲ့ တန်ဖိုးရှိတဲ့ စကား တခွန်းပါ။ အများအားဖြင့် မိုးများသော ဒေသများရှိ စိုက်ပျိုးမြေများသည် မြေချဉ်နေ တတ်ကြပြီး၊ မိုးနည်းသော ဒေသများတွင်တော့ မြေငန်တတ်ကြသည်ဟု မှတ်သား မိဖူးပါ သည်။ မြေချဉ်ငံကိန်းဆိုသည်မှာ အင်မတန်မှအရေးကြီးလှပါသည်။ မြေချဉ်ငံကိန်း မြင့်လွန်းလျှင် (သို့မဟုတ်) နိမ့်နေလွန်းလျှင် သီးနှံပင်တို့၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါသည်။ အချို့ပဲတီစိုက်ခင်းများတွင် မြေချဉ်လွန်းတာကြောင့် မည်သည့် မှိုရောဂါမှ မကျရောက်ပါပဲနှင့် ပဲပင်များသေသွားတတ်ကြသည်ကို ကြားဖူးပါသည်။၊ ထို့ကြောင့် စိုက်ပျိုးရေးသမားတို့သည် လည်း အပင်မစိုက်ခင် မြေကြီးကို မြေချဉ်ငန်ကိန်း ချိန်ကာ ၊ မြေချဉ်နေပါက ထုံးကိုထည့်၍ ၊မြေငန်နေပါက ကန့်ထည့်သွင်း စိုက်ပျိုးသင့် ပါ သည်။ဒါ့ကြောင့် ဆရာကြီးဦးဖရက်သိန်းဖေရေးသားသော မြေဩဇာအမြင် နှင့် အခြား စာစုများ စာအုပ်မှ ထုံးအကြောင်းကို ကောက်နုတ်ဖော်ပြ တင်ဆက်လိုက်ပါသည်။ တောင်သူ ဦးကြီးများ ဖတ်မှတ်လေ့လာ၍ မိမိတို့စိုက်ခင်းအတွက် အသုံးချ နိုင်ပါရန် စုစည်းတင်ပြလိုက်ရပါတယ်။ ကမ္ဘာ့စိုက်ပျိုးရေး တွင် ထုံးကို မလွဲမသွေအသုံးရန် လိုအပ်သော ပစ္စည်းများအဖြစ် အသိအမှတ်ပြုထားကြသည်။ ဤနေရာတွင် ထုံးကျောက် တောင်များမှ ထုံးကျောက်များကို အမှုန့်ဖြစ်အောင် ကြိတ်ခွဲပြီး အသုံးပြုကြသည်။ တစ်ဧကလျှင် တန်ချိန် တစ်တန် မှ သုံးတန်ကို သုံးနှစ်တစ်ကြိမ်ခန့် ထည့်ပေးကြသည်။ ထုံးထည့်အသုံးပြုခြင်းမှာ သီးနှံပင်အား ကယ်လ်စီယမ်ထောက်ပံ့ရန်ထက် အကြောင်း တစ်မျိုးကြောင့် အချဉ်ဓါတ်တိုး လာသော မြေဆီလွှာကို အချဉ်ဓါတ်လျော့ကျ စေရန် အသုံး ပြုခြင်းဖြစ်သည်။ သီးနှံပင် အများစုသည် မြေချဉ်ငန် ကိန်း ၄ ဒဿမ ၅ မှ ၇ ဒဿမ ၅ အထိ စိုက်ပျိုးကြရာ အကြောင်းတစ်မျိုးကြောင့် မြေချဉ်ငန်ကိန်း နှိမ့်ကျသွားသောမြေဆီလွှာမှ အချဉ်ဓါတ် အာနိသင်ကို လျော့နည်းစေရန် ထိုသို့ ထုံးသုံးခြင်းဖြစ်သည်။ ထိုထုံးသည် မြေဆီလွှာမှ အချဉ်ဓါတ်ကို ပြုပြင်ခြင်းဖြင့် သီးနှံပင်များ မြေဆီလွှာမှအာဟာရများကို ပိုမိုကောင်းမွန်စွာ စုပ်ယူစားသုံးနိုင်သည်။ ထုံးသည် မြေဆီလွှာ စေးလွန်းခြင်း၊ဖွယ်လွန်းခြင်း နှစ်မျိုးလုံးကို သက်သာစေသည်။ ထုံးသည် ရောဂါပိုးမွှားများကို လည်းအထိုက်အလျောက် နှိမ်နင်းပေးသည်။ မည်သို့ပင်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးရေး လုပ်ကိုင်စဉ် အတွင်း ဖြစ်ပေါ်လာသောအခက်အခဲများကို ကုစားရန် ထုံးကို မလွဲမသွေ အသုံးပြုရန် လိုအပ်သည်။သို့သော်မြန်မာ့စိုက်ပျိုးရေးဈေးကွက်တွင် စိုက်ပျိုးရေးသုံးထုံးများကို မတွေ့ရ ပါ။ ဝယ်ယူသုံးစွဲသူများမရှိ၍လည်း ဖြစ်နိုင်ပါသည်။ ထုံးကျောက်များကို မီးဖုတ်ပြီး ရေတောက် ၍ အမှုန့်ပြုလုပ်ထားသော ထုံးများကိုကား ဈေးကွက်တွင် တွေ့နိုင်ပါသည်။ ဤထုံးမျိုးကို မဖောက်ထုံးဟုခေါ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော ထုံး အမျိုးအစားဖြစ်သည်။ ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်ကြောင့် စိုက်ပျိုးရေးသုံး ထုံးဈေးဖြင့် မရောင်းနိုင်ပါ။ သို့သော် အချို့သောစိုက်ပျိုးသူများက မိမိတို့စိုက်ခင်းတွင် ဝယ်ယူ အသုံးပြုနေကြရသည်။ တတိယထုံးအမျိုးအစားမှာ ကွမ်းစားထုံးမျိုးဖြစ်သည်။ မဖောက် ထုံးကို ရေအရှင်ဖြတ်စီးစေပြီး အခိုးသတ်ထားသောထုံးမျိုးဖြစ်သည်။ ဤထုံးမျိုးမှာ စိုက်ပျိုးရေးတွင် အသုံးပြုရန် ပိုခက်ခဲပါလိမ့်မည်။ အထက်ဖော်ပြပါထုံးမျိုးနှင့်မတူသော ထုံးတစ်မျိုးရှိသေးသည်။ အချို့က ကျောက်မှုန့်၊ လချေးမှုန့်ဟုလည်း ခေါ်ပါသည်။ ဓါတုပစ္စည်းအနေဖြင့် ကယ်လ်စီယမ်ဆာလ်ဖိတ် CaSO4 ဖြစ်သည်။ ကမ္ဘာ့စိုက်ပျိုးရေးတွင် အသုံးပြုနေသောပစ္စည်းတစ်မျိုးဖြစ်ပါသည်။ စိမ့်စွဲသောမြေကို ပြုပြင်ရန် အသုံးပြုခြင်း ဖြစ်သည်။ ဤဓါတ်ပေါင်းမှာ မြေဆီလွှာအချဉ်ဓါတ်ကို ပြုပြင် ပြောင်းလဲ နိုင်စွမ်းမရှိပါ။ မလိုအပ်ပဲ အခြေအနေမရွေး အသုံးပြုလျှင်ကား ငွေကုန်ကျရကျိုးနပ်နိုင်မည် မဟုတ်ပါ။ 

    ထုံး အသုံးပြုနည်းများထဲမှ တချို့အား စုစည်းတင်ပြအပ်ပါသည်။ (လင့်များကို နှိပ်၍ ဖတ်ရှုနိုင်) 

    (၁) ဘက်စုံသုံး ထုံးကန့်ဆေးရည် ပြုလုပ်နည်း  

    https://htwettoe.com/post/41876 

    (၂) ကိုယ်တိုင်လုပ် ဘော်ဒိုမှိုသတ်ဆေးရည် ပြုလုပ်နည်း 

     https://htwettoe.com/post/41302 

    -------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  


  • article
likes
13
comments
0
views
2195