cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကိုယ်တိုင်လုပ် ဘော်ဒို မှိုသတ်ဆေးရည် ( Bordeaux Mixture) ပြုလုပ်နည်း

. အိမ်တွင်းဥယျာဉ်
ကိုယ်တိုင်လုပ် ဘော်ဒို မှိုသတ်ဆေးရည် ( Bordeaux Mixture) ပြုလုပ်နည်း
  • ဘော်ဒိုဆေးရည်ဟာ မှိုရောဂါတွေကို နှိမ်နင်းနိုင်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။ လွယ်လွယ်ကူကူ ဖျော်စပ်နိုင်ပြီး အစွမ်းထက်တဲ့ အာနိသင်ရှိပါတယ်။အချိုး အမျိုးမျိုးထားပြီး မိမိလိုအပ်ချက်အတိုင်း အသုံးပြုနိုင်ပါတယ်။ အသုံးများတဲ့အချိုးကတော့ ၅း၅း၅၀ ဖြစ်ပြီး အောက်ပါအတိုင်း ဖျော်စပ်နိုင်ပါတယ်။

    ထုံး(မဖောက်ထုံး) - ၅ ပေါင်

    ဒုတ္တာ - ၅ ပေါင်

    ရေ - ၅၀ဂါလန်

    ဤအချိုးအတိုင်းဖျော်စပ်ပါက စိုက်ကွင်းကြီးများအတွက် သင့်တော်ပမာဏဖြစ်ပါတယ်။

    စိုက်ခင်း ငယ်များအတွက်

    ထုံး (မဖောက်ထုံး) - ၁/၂ ပေါင်

    ဒုတ္တာ - ၁/၂ ပေါင်

    ရေ - ၅ ဂါလံ နှုန်းအသုံးပြုနိုင်သည်။

    အချိုးအနေအထားအားဖြင့် ၅း၅း၅၀ ဖြစ်ပါတယ်။ မိမိလိုအပ်ချက် နဲ့အညီ အသုံးပြုရန် ၂း၂း၅၀၊ ၄း၄း၅၀ စသည်တို့မှာ ရေ (၅၀) ဂါလံ ကိုပုံသေထားပြီး ထုံးနှင့် ဒုတ္တာကို (၂) ပေါင်၊ (၄) ပေါင် စသည်ဖြင့် အဆင်ပြေသလိုထည့်နိုင်ပါတယ်။

    ဖျော်စပ်ပုံ

    ဘော်ဒိုဆေးရည် ဖျော်စပ်ရန် အတွက် (၅)ဂါလံ ဝင်ပလပ်စတစ်ပုံး (၃) ပုံး ကြိုတင်ရှာထားရမည်။

    သံပုံး၊ ဒန်ပုံးများမသုံးရ။ စဉ့်အိုး၊ ပလပ်စတစ်ပုံးများ သာ အသုံးပြုရမည်။

    ပထမဦးစွာ မဖောက်ထုံး၊ ဒုတ္တာ ၁/၂ ပေါင် ချိန်တွယ်ပြီး အရည်ဖျော်ရာတွင် လွယ်ကူစေရန် အမှုန့် ထောင်းရမည်။

    ပလတ်စတစ်ပုံး နှစ်ပုံး တွင် ရေ ၂ ၁/၂ဂါလံ စီထည့်၍ ထုံးမှုန့် သီးသန့် (၁) ပုံး ၊ ဒုတ္တာ သီးသန့် (၁) ပုံး စီဖျော်ပါ။

    အမှုန့်များ ကျေညက်စေရန် တုတ်ဖြင့် နာနာမွှေပါ။

    ထုံးမှုန့်များ၊ ဒုတ္တာများ အရည်ပျော်သွားပြီဆိုပါက ကျန်ပလတ်စတတ်ပုံး အလွတ်ထဲသို့ ထုံးရည်များ ဒုတ္တာရည်များကို ပြိုင်တူလောင်းထည့်ပါ။

    ထုံးရည်ထဲ ဒုတ္တာလောင်းခြင်း၊ ဒုတ္တာရည်ထဲတွင် ထုံးရည်လောင်းခြင်းမျိုး မပြုလုပ်ရဘဲ ပြိုင်တူလောင်းချပေးရမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အာနိသင်ပိုမို ထက်မြက်သည် ဟုဆိုပါသည်။

    တုတ်ဖြင့်မွှေ၍ သမစေပြီး၊ စတီးဓါးကို နှစ်ကြည့်ပါက ဓါးပြားပေါ်တွင် ငှက်ခါးတောင် အရောင် ဖြစ်နေရပါက ဘော်ဒိုဆေးရည်ရရှိပြီဖြစ်ပါသည်။

    ဘော်ဒိုဆေးရည် ကိုစိုက်ခင်း၊ စိုက်ဘောင်၊အပင်များတွင်ပက်ဖျန်းမည်ဆိုပါက အခြားသောဆေးများကဲ့သို့ ရေရောရန်မလိုပဲ ဖျော်စပ်ပြီး ဆေးရည် အတိုင်းပက်ဖျန်းရန်သာဖြစ်ပါသည်။

    ဆေးရည်များအပင်ကို ဖျန်းမည်ဆိုပါက ဆေးရည်စွဲကပ်မှု ကောင်းစေရန် ဆပ်ပြာရည်ထည့် ပေးနိုင်ပါသည်။

    ရေ (၅) ဂါလံ ရွှေဝါဆပ်ပြာ (၁၀) ကျပ်သားကို ပျော်ဝင်အောင် ဖျော်ထည့် ပေးပါ။

    ရွှေဝါဆပ်ပြာကိုပါးပါးလှီး၍ ရေအနည်းငယ် ထည့်ကာ အပူပေး၍ ကျိုလိုက်ပါက မြန်မြန်အရည်ပျော်ပါသည်။

    အရွက်၊ ပင်စည်များတွင် ဘော်ဒိုဆေးရည် တွယ်ကပ် အားကောင်း မည်ဖြစ်သည်။

    သတိပြုလိုက်နာရန်အချက်များ

    -မဖောက်ထုံး ကိုဖောက်ပြီးချက်ချင်း သုံးစွဲရမည်။လေမသလပ်စေရပါ။

    - အလွယ်တကူ အနည်ထိုင်စေသဖြင့် မကြာခဏ မွှေပေးပါ။

    - ဖျော်စပ်ပြီး ၂၄ နာရီအတွင်း အတွင်းသုံးစွဲရမည်။

    -သံသွပ်ကြေးစသည်တို့ကိုစားတတ်သဖြင့်မြေ၊စဉ့်၊ကြွေ၊ပလပ်စတစ်ပုံးများဖြင့်ဖျော်ရမည်။

    -ဆေးဖျန်းပြီး ပုံးကိုသုံးပြီးသေချာပြောင်စင်အောင် ဆေးရမည်

    -မိုးရွာချိန်၊အလွန်ပူပြင်းခြောက်သွေ့လွန်းချိန်၊အပင်ရေငတ်၍အားနည်းညှိုးနွမ်းချိန်မပက်ဖျန်းသင့်ပါ။

    ကာကွယ်နိုင်သောရောဂါများ

    ၁။ စပါးကုတ်ကျိုးရောဂါ

    ၂။ စပါးရွက်ညိုပြောက်ရောဂါ

    ၃။ မြေပဲရွက်ပြောက်ရောဂါ

    ၄။ ဝါ ခါးရိနှင့်ပင်ညှိုးရောဂါ

    ၅။ ဂုံလျှော် ပင်စည်ပုပ်ရောဂါ

    ၆။ ပဲမျိုးစုံ မှဲ့ပြောက်စွန်းရောဂါ

    ၇။ ခါးရိရောဂါ

    ၈။ ကော်ဖီသံချေးရောဂါ

    ၉။ အာလူးနှင့် ခရမ်းချဉ်လောင်မီးရောဂါ

    ၁၀။ ကော်ဖီကိုင်းဖျားခြောက်မှဲ့ပြောက်စွန်းရောဂါ

    ၁၁။ ကွမ်းပင်ခြေပုပ်ရောဂါ

    ၁၂။ လက်ဖက်လောင်ဖူးထွက်ပင်နာကျရောဂါ

    ၁၃။ နှင်းဆီအနက်ပြောက်ရောဂါ

    ၁၄။ ကွမ်းသီးပုပ်ရောဂါ

    ၁၅။ နှင်းဆီရွက်နက်ပြောက်ရောဂါ

    ၁၆။ ရှောက်သံပုရာချေးဖတ်ရောဂါ၊အစေးထွက်ရောဂါ

    ၁၇။နှင်းဆီသံချေးရောဂါ

    ၁၈။ စပျစ်ဒေါင်းနီးမှိုရောဂါ

    ၁၉။ဒေလီယာ၊ သံပုရာရွက်ပြောက်ရောဂါ

    ကိုးကား - ကွမ်းရွက်စိုက်ပျိုးရေးနည်းစနစ် နှင့် ကွမ်းရွက်ကြောင်းသိကောင်းစရာများ၊ဆရာကြီး ဦးသိန်းဆု (မှိုသတ်ဆေး ဖျော်စပ်သုံးစွဲနည်းများ)



  • article
likes18comments0
views1836