cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ၂၀၂၆ ခုနှစ် - ဇန်နဝါရီ ၈ ရက် မှ ဇန်နဝါရီ ၁၄ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ယခုရက်သတ္တပတ် ၁ ပတ်အတွင်း အနိမ့်ဆုံးညအပူချိန်များသည် ၁၆°C မှ ၂၀°C ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။ ထူးကဲသော အအေးပိုလာခြင်း၊ အအေးလှိုင်းဖြတ်ခြင်းများ မရှိပါ။
  • ဧရာဝတီတိုင်းတွင် ယခုတပတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ၊ တိမ်အနည်းငယ်ဖြစ်ထန်းနိုင်ပြီး ပုံမှန်ဆောင်းရာသီ၏အအေးဓါတ် ရရှိနေပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ (Soil Moisture) နှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ယခုရက်သတ္တပတ် ၁ ပတ်အတွင်း အနိမ့်ဆုံးညအပူချိန်များသည် ၁၆°C မှ ၂၀°C ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။ ထူးကဲသော အအေးပိုလာခြင်း၊ အအေးလှိုင်းဖြတ်ခြင်းများ မရှိပါ။ 

    ·          ဧရာဝတီတိုင်းအတွင်းမှ အောက်ပါမြို့နယ်များတွင် ဖြစ်ပေါ်နိုင်သည့် ဆောင်းဥတုအခြေအနေများ- 

    o    မြန်အောင်မြို့နယ်အတွင်း ယခုတပတ်အတွင်းမှာ တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်သည့်ရက်အနည်းငယ်ရှိနိုင်ပြီး၊  အမြင့်ဆုံးနေ့အပူချိန် ၂၉°C နှင့် ၁၃ ရက်နေ့နောက်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၁၄°C အထိ ကျဆင်းနိုင်ပါတယ်။ မြန်အောင်မြို့နယ်အတွင်း ရခိုင်ရိုးမတောင်ကြောနှင့်ကပ်လျှက်ရှိသည့် ဒေသများ(ဥပမာ ဥသျှစ်ကုန်းရွာ)မှာလည်း ၁၄ ရက်နောက်ပိုင်းမှာ အနိမ့်ဆုံးအပူချိန် ၁၄°C အထိ ကျဆင်းနိုင်ပါမယ်။ 

    o    ပုသိမ်မြို့နယ်အတွင်း တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် ၁၄ ရက်နောက်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၁၇°C အထိ ကျဆင်းနိုင်ပါတယ်။ 

    o    ဖျာပုံနှင့်ဘိုကလေးမြို့နယ်များအတွင်း တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ပါတယ်။ 

    o    ဟင်္သာတ၊ ညောင်တုန်း၊ ငသိုင်းချောင်းမြို့နယ်များတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နှင့် ၁၄ ရက်နောက်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၁၄°C အထိကျဆင်းနိုင်ပါတယ်။ 

    o    ဧရာဝတီတိုင်းမှ အထက်ပါမြို့နယ်များနှင့် နီးစပ်သောကျန်ရှိသည့်မြို့နယ်များသည် အထက်ဖေါ်ပြပါမြို့နယ်များနီးပါးတူညီသော တိမ်ဖြစ်ပေါ်မှုအခြေအနေနှင့် အပူချိန်များရှိနိုင်ပါတယ်။ 

    o    ဧရာဝတီတိုင်းအတွင် ၄ ရက် ကြိုတင်ခန့်မှန်းချက် Weather Widget များကြည့်ရှုရန် - https://www.mmweather.org/divisional-cities-weather/ayarwaddy-div 

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၉၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်) တွင် ၂၇% ခန့် ရှိနိုင်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသတွေမှာ မြေဆီလွှာစိုထိုင်းဆပိုနိုင်ပြီး မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၄၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၆၀% ခန့် ရှိနိုင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် 100 အထက် 175 အထိ မြင့်တက်နေနိုင်သောကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများ (ရင်ကြပ်-ပန်းနာရှိသူများ) အထူးဂရုစိုက်ကြစေချင်ပါတယ်။ ပုံမှန်ကျန်းမာရေးကောင်းသူများအတွက်သက်ရောက်မှုမရှိပါ။ 

    ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Depression)အခြေအနေ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသော Depression(အားကောင်းသောလေဖိအားနည်းရပ်ဝန်း)သည် ဇန်နဝါရီ ၈ ရက်နေ့တွင် Deep-Depression (မုန်တိုင်းငယ်)ဖြစ်လာနိုင်ပြီး အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ သီရီလင်္ကာကျွန်းနှင့်ထိတွေ့ပြီးနောက် မြေပြင်အနေအထားအရ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့လာနိုင်ပါတယ်။ 

    ·          အိန္ဒိသမုဒ္ဒရာတောင်ပိုင်းတွင် ဖြစ်ပေါ်နေဆဲ CAT-2 ဆိုင်ကလုန်းမုန်တိုင်း JENNY သည် အနောက်ဘက်သို့ဆက်လက်ရွေ့လျားလျှက်ရှိပြီး အသစ်ဖြစ်ပေါ်လာနိုင်မည့် INVEST-93S သည် FUJIWARAH effect အရ cyclone JENNY နှင့် အင်အားပေါင်းစည်းပြီး ဆိုင်ကလုန်းမုန်တိုင်းအသစ်တခု ဖြစ်လာနိုင်ပါတယ်။ ဆိုင်ကလုန်း JENNY က ၁၀ ရက်နေ့မှာ အားပျော့ပျက်ပြယ်သွားနိုင်ပါတယ်။ 

    ·          မုန်တိုင်းငယ်အဆင့်အထိ အားကောင်းလာနိုင်မည့် INVEST-90B သည် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိအားကောင်းလာရန် MEDIUM အလယ်အလတ် level မှာပဲ ရှိနေကြောင်း JTWC က ထုတ်ပြန်ထားပါတယ်၊ ECMWF Chart မှာတော့ ဇန်နဝါရီ ၉/၁၀ ရက်တွေမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိနေကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။ 

    ·          90B အားကောင်းလာနိုင်မည့်အခြေအနေနဲ့ ဆက်လက်ရွေ့လျားနိုင်မည့်လမ်းကြောင်းခန့်မှန်းချက်များအရ မြန်မာနိုင်ငံကိုသက်ရောက်မှုရှိနိုင်မှာမဟုတ်ပါ။ ကမ်းရိုးတန်းဒေသများမှာ လှိုင်းအမြင့်ဆုံး ၂.၅ ပေ မှ ၃ ပေခန့်ရှိနိုင်ပြီး အရှေ့ဘက်အရပ်မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ မိုင် ၂၀ ခန့်အထိရှိနိုင်ပါတယ်။ ကမ်းနီး/ကမ်းဝေးပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများမှာ မိုးရွာနိုင်မည့်အခြေအနေမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, တဝက်တပျက်ငါးကန်ဖော်ဆောင်နိုင်သော ငါးမွေးမြူရေးစနစ်  

     လက်ရှိမွေးမြူရေးစနစ်တွင် ငါးမွေးတောင်သူများသည် မွေးမြူရေးကာလ အနည်းဆုံး(၁၂) မှ (၁၈)လအထိမွေးမြူပြီးမှ ကန်ဖော်ခြင်းစနစ်ကို ကျင့်သုံးကြပါသည်။ ယခုကာလတွင် ငါးစာကုန်ဈေးကြီးမားခြင်းကြောင့် မွေးမြူရေးကာလတလျှောက် ဝင်ငွေပြန်လည် ရရှိနိုင်စေရန် တဝက်တပျက်ကန်ဖော်နိုင်သော မွေးမြူရေးစနစ်ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း အကြံပြုအပ်ပါသည်။   

    တဝက်တပျက် ကန်ဖော်နိုင်စေရန်အတွက် အချိန်တိုအတွင်း ကြီးထွားနိုင်သော ငါးမျိုးစိတ်များကိုထည့် သွင်းမွေးမြူရပါမည်။ ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း နှင့် ထိုင်းငါးခုံးမကြီး တို့သည် (၅-၆)လအတွင်း ရောင်းချနိုင်သော အရွယ်အစားထက် ပိုမိုကြီးထွားနိုင်ပါသည်။ ထိုငါးများကို တဝက် တပျက် ဖမ်းဆီးရောင်းချခြင်းဖြင့် ဝင်ငွေပြန်လည်ရရှိစေပါသည်။ 

    ---------            

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12            

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို            

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.            

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
1
comments
0
views
2578