cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ၂၀၂၆ ခုနှစ် - ဇန်နဝါရီ ၁၅ ရက် မှ ဇန်နဝါရီ ၂၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ယခုတပတ်အတွင်း ဇန်နဝါရီလ ၁၆/၁၇ ရက်နေ့များတွင် တနင်္သာရီတိုင်းတောင်ပိုင်း ကော့သောင်းမြို့နယ်အတွင်း မိုးဖွဲအနည်းငယ်(Showers) ကျနိုင်သည်မှအပ ကျန်တပြည်လုံးတွင် မိုးရွာနိုင်သည့်အခြေအနေမရှိပါ။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေ 

    ·          ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်ပင်တွင် ဖြစ်ပေါ်နေသော စောင့်ကြည့်ရမည့်လေပွေလှိုင်း (INVEST-91W)သည် အဆိုပါတည်နေရာအတွင်း - ဇန်နဝါရီလ ၂၁ ရက်အထိ ဆက်လက်တည်ရှိနေနိုင်ပြီး ဖိလစ်ပိုင်နိုင်ငံနှင့်တောင်တရုတ်ပင်လယ်တို့ဘက်သို့ ရွေ့လျားခြင်းမရှိနိုင်ကြောင်း ECMWF နှင့် GFS model များစုပေါင်းခန့်မှန်းချက်၊ ICON Model ခန့်မှန်းချက်များမှာ တွေ့ရပါတယ်။ 

    ·          အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်လျှက်ရှိသည့် အမြင့်ပေ ၁၀၀၀၀ နှင့် အထက်မှ လေအေးစီးကြောင်းသည် ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံတခုလုံးကို တိုးဝင်လျှက်ရှိပါသည်။ လေအေးများတိုက်ခတ်တိုးဝင်လျှက်ရှိခြင်းကြောင့် မြန်မာနိုင်ငံပြည်နယ်/တိုင်းဒေသအများစုမှာ အအေးဓါတ်ဆက်လက်လွှမ်းခြုံနေပြီး အေးနေပါဦးမယ်။ 

    ·          ယခုတပတ်အတွင်း ဇန်နဝါရီလ ၁၆/၁၇ ရက်နေ့များတွင် တနင်္သာရီတိုင်းတောင်ပိုင်း ကော့သောင်းမြို့နယ်အတွင်း မိုးဖွဲအနည်းငယ်(Showers) ကျနိုင်သည်မှအပ ကျန်တပြည်လုံးတွင် မိုးရွာနိုင်သည့်အခြေအနေမရှိပါ။ 

    ဧရာဝတီတိုင်းတွင် ယခုတပတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ၊ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး ပုံမှန်ဆောင်းရာသီ၏အအေးဓါတ် ဆက်လက်၍ရရှိနေပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ (Soil Moisture) နှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ယခုရက်သတ္တပတ် ၁ ပတ်အတွင်း အနိမ့်ဆုံးညအပူချိန်များသည် ၁၅°C မှ ၂၁°C ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။ ထူးကဲသော အအေးပိုလာခြင်း၊ အအေးလှိုင်းဖြတ်ခြင်းများ မရှိပါ။ 

    ·          ဧရာဝတီတိုင်းအတွင်းမှ အောက်ပါမြို့နယ်များတွင် ဖြစ်ပေါ်နိုင်သည့် ဆောင်းဥတုအခြေအနေများ- 

    o    မြန်အောင်မြို့နယ်အတွင်း ယခုတပတ်အတွင်းမှာ တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်သည့်ရက်အနည်းငယ်ရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် ၁၉ ရက်နေ့နောက်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၁၈°C အထိ ကျဆင်းနိုင်ပါတယ်။ မြန်အောင်မြို့နယ်အတွင်း ရခိုင်ရိုးမတောင်ကြောနှင့်ကပ်လျှက်ရှိသည့် ဒေသများ(ဥပမာ ဥသျှစ်ကုန်းရွာ)မှာလည်း ၁၄ ရက်နောက်ပိုင်းမှာ အနိမ့်ဆုံးအပူချိန် ၁၅°C အထိ ကျဆင်းနိုင်ပါမယ်။ 

    o    ပုသိမ်မြို့နယ်အတွင်း တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် ၁၇ ရက်နောက်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၂၀°C အထိ ကျဆင်းနိုင်ပါတယ်။ 

    o    ဖျာပုံနှင့်ဘိုကလေးမြို့နယ်များအတွင်း တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၉°C ရှိနိုင်ပါတယ်။ 

    o    ဟင်္သာတ၊ ညောင်တုန်း၊ ငသိုင်းချောင်းမြို့နယ်များတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် ၁၉ ရက်နောက်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၁၇°C အထိကျဆင်းနိုင်ပါတယ်။ 

    o    ဧရာဝတီတိုင်းမှ အထက်ပါမြို့နယ်များနှင့် နီးစပ်သောကျန်ရှိသည့်မြို့နယ်များသည် အထက်ဖေါ်ပြပါမြို့နယ်များနီးပါးတူညီသော တိမ်ဖြစ်ပေါ်မှုအခြေအနေနှင့် အပူချိန်များရှိနိုင်ပါတယ်။ 

    o    ဧရာဝတီတိုင်းအတွင် ၄ ရက် ကြိုတင်ခန့်မှန်းချက် Weather Widget များကြည့်ရှုရန် - https://www.mmweather.org/divisional-cities-weather/ayarwaddy-div 

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၃၀% ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၆၀% အောက်တွင်ရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်) တွင် ၂၅% ခန့် ရှိနိုင်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသတွေမှာ မြေဆီလွှာစိုထိုင်းဆပိုနိုင်ပြီး မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၄၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၆၀% ခန့် ရှိနိုင်ပါတယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် 100 အထက် 205 အထိ မြင့်တက်နေနိုင်သောကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများ (ရင်ကြပ်-ပန်းနာရှိသူများ) အထူးဂရုစိုက်ကြစေချင်ပါတယ်။ ပုံမှန်ကျန်းမာရေးကောင်းသူများအတွက်သက်ရောက်မှုမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်  

                 ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- 

    ကန်ဖော်ပြီး ငါးကန်များအနေဖြင့် နွံထဲရှိ မှို၊ ဘက်တီးရီးယားနဲ့အခြားပိုးများသေစေရန် ပက်ကြားအက်သည်အထိ နေလှန်းထားရန်၊ 

    ကန်အောက်ခြေနွံထုကို ဖယ်ထုတ်ပေးရန်နဲ့ ဖယ်ထုတ်ပြီးပါက ထုံးဖြူးပေးရန်၊ 

    မျိုးငါးကန်များအနေဖြင့် မြေဩဇာကျွေးခြင်းကို ညနေပိုင်းကျွေးခြင်းထက် နံနက်ပိုင်း နေပွင့်ချိန်တွင်သာ ဆောင်ရွက်ရန်၊ 

    မျိုးငါးကန်များတွင် ကန်အောက်ခြေ ရေမနောက်အောင် ဆောင်ရွက်ရန်နဲ့ အစာကို နည်းနည်းနဲ့ အကြိမ်ရေများများကျွေးရန်၊ 

    -------------     

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12     

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို     

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.     

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
20650